Tuesday, August 19, 2014

တစ်ဖက်သတ်သရဖူ အသိမ်းခံခဲ့ရကြောင်း ဖွင့်ဟတဲ့ ထားထက်ထက်နဲ့ ခင်ဝင့်ဝါ


တစ်ဖက်သတ်သရဖူ အသိမ်းခံခဲ့ရကြောင်း ဖွင့်ဟတဲ့ ထားထက်ထက်နဲ့ ခင်ဝင့်ဝါမကြာသေးမီက သရဖူ လွှဲပြောင်းခွင့်ပိတ်ပင်ခြင်း ခံခဲ့ရ သော အလှမယ် ထားထက်ထက်နှင့် ခင်ဝင့်ဝါတို့က ၎င်းတို့ကို အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ပိတ်သိမ်း ခံခဲ့ရခြင်းဖြစ် ကြောင်း ပြောကြား လိုက်သည်။
နှစ်ဖက် စာချုပ်သက်တမ်းသည် ဩဂုတ် ၁၅ ရက်တွင် ကုန်ဆုံး သည့်အတွက် သရဖူသိမ်းခံရခြင်း ကိစ္စကို ယခုပြန်လည်ဖြေရှင်း သည့်အနေဖြင့် မီဒီယာ အချို့နှင့် တွေ့ဆုံရှင်းလင်း ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့ ကပြောသည်။ စာချုပ်စည်းကမ်း ဖောက်ဖျက်လျှင် သိန်း ၉၀၀ ပေးလျော် ရမည်ဖြစ်၍ စာချုပ် သက်တမ်းကု န်ဆုံးမှသာ ဖွင့်ဟခြင်းဖြစ် သည်ဟု ၎င်းတို့ ကပြောသည်။
‘‘ဘာပြစ်ချက်ရှိတယ် ဆိုတာလည်း မပြောဘဲနဲ့ သရဖူလွှဲခွင့် မပေးဘူး’’ဟု ထားထက်ထက်က ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ် ၂၄ ရက်က ထားထက်ထက်၊ ခင်ဝင့်ဝါနှင့် ၎င်းတို့၏ အဖွဲ့အစည်းတို့ ကြားချုပ်ဆို ထားသော စာချုပ်တစ်နှစ် ပြည့်သွားခဲ့ပြီး စာချုပ်ကာလ အတွင်းတွင် ၎င်းတို့နှစ်ဦး၏ အနုပညာကြေး ထဲမှ ၃၀ ရာခိုင်နှုန်းကိုလည်း မပျက်မကွက် ပေးသွင်း ခဲ့ကြောင်း ၎င်းတို့နှစ်ဦးကပြောသည်။
တာဝန် ထမ်းဆောင်ရသည့် တစ်နှစ် အတွင်းတွင် အဖွဲ့အစည်း မှစီစဉ်သော ပရဟိတ ခရီးစဉ်တစ်ခုသာ ရှိခဲ့ပြီး မိမိတို့လုပ်ဆောင်ခဲ့ သော ပရဟိတများကို ကိုယ်တိုင် အသိစိတ်ဖြင့်သာ လုပ်ဆောင်ခဲ့ပြီး အလှမယ် တစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ထား ထက်ထက်ကပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့၏ အဖွဲ့အစည်းဖြစ်သော Miss Golden Land Myanmar မှ ကိုဝေယံအောင်က ‘ပြစ်ချက် မပြနိုင်တာမဟုတ်ဘူးဗျ။ သူတို့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မပြတာဘဲ ရှိတာပါ။ ပြစ်ချက်တွေ အများကြီး၊ ပြောစရာတွေ အများ ကြီးရှိတယ်’’ဟု ပြန်လည်တုံ့ပြန် ခဲ့သည်။

7Day News

0 comments:

Post a Comment