Saturday, August 9, 2014

ရတနာပုံတယ်လီပို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်မည်

ရတနာပုံ တယ်လီပို့ ကုမ္ပဏီသည် အကျိုးတူပူးပေါင်း လုပ်ကိုင်မည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှင့် ယခုလအတွင်း သဘောတူစာချုပ်ချုပ်ဆိုနိုင်မည် ဟု ခန့်မှန်းထားပြီး နောက်ဆုံး အဆင့်ဆွေးနွေးမှုပြီးစီးတော့မည် ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာဦးရန်ဝင်းကပြောသည်။
ဒေသတွင်းရှိ ဆက်သွယ် ရေးကုမ္ပဏီတစ်ခုနှင့်နောက်ဆုံး ဆွေးနွေးမှုများလည်း ပြီးစီးတော့မည်ဟု ဆိုသည်။
‘‘သူတို့နိုင်ငံဘက်ကိုပြန်တင် ပြပြီး ဒီတစ်ပတ်ထဲမှာ အကြောင်း ပြန်မယ်ပြောပါတယ်။ တကယ် လို့ သေချာရင် ဒီတစ်ပတ်နှစ်ပတ် အတွင်းမှာပဲ စာချုပ်ချုပ်ဆိုသွား မှာပါ’’ဟု ဦးရန်ဝင်းကပြောသည်။
ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ် ကိုင်ရန် အဆင့်ဆင့် ဆွေးနွေးမှု များကို ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနသို့ တင်ပြပြီး အကြံပြု ချက်များ အားလုံးကိုလည်း ပြင် ဆင်ညှိနှိုင်းပြီးဖြစ်ရာ ရတနာပုံ တယ်လီပို့ကုမ္ပဏီဘက်မှ စာချုပ် ချုပ်ဆိုရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီအများအပြားနှင့်  အဆင့်ဆင့်ဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရသည့် အာရှဒေသတွင်းရှိ ကုမ္ပဏီတစ်ခု နှင့် နောက်ဆုံးအဆင့်ဆွေးနွေးမှု များပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ရတနာပုံတယ် လီပို့ကုမ္ပဏီသည် အော်ပရေတာ အတွက်ပြောင်းလဲဆောင်ရွက်နိုင် ရန် ပြည်တွင်းရှိဝန်ထမ်းအင်အား နှင့် ယခင်ကဆောင်ရွက်ခဲ့သည့် ဆက်သွယ်ရေး လုပ်ငန်းများမှ အခြေခံ အဆောက်အအုံအချို့ရှိနေပြီး  ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးပါက ထပ်မံတိုးချဲ့ဆောက်လုပ်မည်ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ သတင်းရရှိသည်။
အော်ပရေတာလုပ်ငန်းယှဉ် ပြိုင်လုပ်ကိုင်ရမည့် ပြည်ပကုမ္ပဏီနှစ်ခုတွင် အူရီးဒူးကုမ္ပဏီ အနေ ဖြင့် မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချနေပြီး တယ်လီ နောကုမ္ပဏီမှာ လာမည့်စက်တင် ဘာတွင် ဆင်းမ်ကတ်များရောင်း ချမည်ဖြစ်၍ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကလည်း ယင်းနှင့်ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်နိုင်ငံရှိ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကိုရွေးချယ်ပြီးဖြစ်သည်။
7days

0 comments:

Post a Comment