Thursday, August 28, 2014

မြန်မာကိုယ်စားလှယ် ၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်


  မြန်မာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံအကြား ​ဆက်ဆံရေး ​တိုးတက် ​ကောင်းမွန် ​ရေးအတွက် ​မြန်မာနိုင်ငံက ​ကိုယ်စားလှယ် ​ငါးယောက် ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကို ​သွားရောက်နေပါတယ်။

ရိုဟင်ဂျာနဲ့ ​ပတ်သက်တဲ့ ​အကြောင်းအရာတွေ၊ ​တရားမဝင် ​စိတ်ကြွဆေးပြား ​ကုန်ကူးမှု ​အကြောင်းတွေ၊ ​နှစ်နိုင်ငံနယ်စပ် ​အကြားမှာ ​ဖြစ်နေတဲ့ ​အငြင်းပွား ​မှုတွေကို ​ဖြေရှင်းဖို့ ​ဆက်ဆံရေး ​ရုံးထားရှိမယ့် ​ကိစ္စတွေအပြင် ​လုံခြုံရေး ​ဆွေးနွေးပွဲတွေ ​ပုံမှန် ​လုပ်ဆောင်နိုင်ဖို့ ​ဆွေးနွေး ​ကြမှာဖြစ်ကြောင်း ​The ​Daily ​Star ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဒါ့အပြင် ​လူကုန်ကူးမှု ​ကိစ္စနဲ့ ​ကူးသန်းရောင်း ​ဝယ်ရေး၊ ​ရင်းနှီးမြုပ်နှံရေး၊ ​ပညာရေး၊ ​စိုက်ပျိုးရေး၊ ​ကမ္ဘာလှည့် ​ခရီးသွား ​လုပ်ငန်းနဲ့ ​စွမ်းအင် ​လုပ်ငန်းတွေ ​အကြောင်းလည်း ​ဆွေးနွေးဖို့ရှိ ​တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန် ​ကိုလည်း ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံက ​နောက်တစ်ကြိမ် ​ဖိတ်ခေါ်ဖို့ ​ရှိတယ်လို့ ​လည်း ​သိရပါတယ်။

သမ္မတ ​ဦးသိန်းစိန်ဟာ ​၂၀၁၂ ​ခုနှစ် ​ဇွန်လတုန်းက ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံကို ​သွားရောက် ​လည်ပတ်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​ရခိုင်ပြည်နယ်မှာ ​ဘာသာရေး၊ ​လူမျိုးရေး ​ပြဿနာ ​ဖြစ်ခဲ့တဲ့ ​အတွက် ​ခရီးစဉ်ကို ​ဖျက်သိမ်းခဲ့ ​ရပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံမှာ ​ရိုဟင်ဂျာ ​ဒုက္ခသည် ​အယောက်ပေါင်း ​၃၀၀၀၀ ​လောက် ​ဒုက္ခသည် ​စခန်းတွေမှာ ​နေထိုင်နေပြီး ​ဒုက္ခသည် ​အဖြစ် ​တရားဝင် ​အသိအမှတ်ပြု ​မခံရသူ ​အများအပြား ​လည်း ​စခန်းအပြင် ​ဘက်မှာ ​နေထိုင်လျက်ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-28/1361886

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ကျော်သွားနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP) 

0 comments:

Post a Comment