Tuesday, September 9, 2014

မြန်မာ့စီးပွားရေးဖိုရမ်တည်ဆောက်ရန် စီစဉ်

 ပုဂ္ဂလိကကဏ္ဍနှင့် အစိုး ရအဖွဲ့    တွေ့ဆုံဆွေးနွေးနိုင် မည့် မြန်မာ့စီးပွားရေးဖိုရမ်တည် ထောင်ရန်အတွက် နေပြည်တော် အစိုးရအနေဖြင့်ပြင်ဆင်နေပြီဖြစ် ပြီး အပြည်ပြည်ဆိုင်ရာဘဏ္ဍာ ရေးကော်ပိုရေးရှင်း(IFC)က လည်း ကူညီပံ့ပိုးပေးနေကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဖိုရမ်တွင်  အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ပြုလုပ်ရာမှတစ်ဆင့် ကုမ္ပဏီများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ နှင့် ရင်းနှီးကျွမ်းဝင်သည့်ဥပဒေ၊ နည်းဥပဒေများကိုရေးဆွဲသည့် ဖြစ်စဉ်များတွင် ပါဝင်ခွင့်ရလာ မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲဖို ရမ်ပြုလုပ်ရန် သမ္မတဦးသိန်းစိန် က ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး     ယခုစတင်အ ကောင်အထည်ဖော်လာခြင်းဖြစ် သည်။
အလားတူ မြန်မာအစိုးရ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့် တင်ရေးအထူးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဦးဝင်းမြင့်ဦးဆောင်ပြီး သြဂုတ်လဆန်းကစတင်ဖွဲ့စည်း လိုက်ပြီဖြစ်သည်။ ယင်းအဖွဲ့အ နေဖြင့် မြန်မာ့စီးပွားရေးဖိုရမ်အ တွက် အစိုးရကဏ္ဍ  ပေါင်းစပ် ညှိနှိုင်းမှုလုပ်ငန်းများကို  တာဝန် ယူခြင်း၊ မြန်မာ့စီးပွားရေးဖိုရမ်ကို ဦးဆောင်ကျင်းပရန်    အတွင်း ရေးမှူးအဖွဲ့အဖြစ်   တာဝန် ထမ်းဆောင်ခြင်းနှင့်အစိုးရ၏ပြု ပြင်ပြောင်းလဲရေးကြိုးပမ်းအား ထုတ်မှုများကို ဦးဆောင်မည်ဟု ဆိုသည်။
ယင်းအထူးလုပ်ငန်းအဖွဲ့အ နေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင် ရွက်သည့်ကမ္ဘာ့အကြီးဆုံးအဖွဲ့ အစည်းကြီးဖြစ်သည့် IFCနှင့် လည်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကို ပြီးခဲ့သည့်ကြာသပတေးနေ့က ပြုလုပ်ခဲ့သည်။ မြန်မာ့စီးပွားရေးဖို ရမ် တည်ထောင်နိုင်ရေးအတွက် အသိပညာနှင့်ကျွမ်းကျင်မှုများကို ဖလှယ်ခဲ့ကြသည်ဟုဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိကနှီးနှော ဖလှယ်ခြင်းဖြင့် စီးပွားရေးလုပ် ငန်းများအတွက်လိုအပ်နေသည့် ဥပဒေလုပ်ထုံးလုပ်နည်းများတိုး တက်ပြောင်းလဲမှုကိုဖြစ်ပေါ်စေ မည်ဟု အထူးလုပ်ငန်းအဖွဲ့အ တွင်းရေးမှူးဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ ပွင့်စန်းကပြောသည်။
မြန်မာ့စီးပွားရေးဖိုရမ်မှတစ် ဆင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆက်ဆံနိုင်မည့်လမ်းကြောင်း တစ်ခုပေါ်လာရန်၊ ပုဂ္ဂလိကက ဏ္ဍနှင့်အတူလက်တွဲရန်စိတ်ပိုင်း ဖြတ်ထားသည်ဟု၎င်းကဆိုသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI)ကလည်း ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအဖွဲ့ဆွေးနွေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည့် အ တွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် ပုဂ္ဂ လိကကဏ္ဍမှ ကဏ္ဍအလိုက်လုပ် ငန်းအဖွဲ့  ခုနစ်ဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက    ဖွဲ့စည်းလိုက် သည့်    အထူးလုပ်ငန်းအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်  ဆွေးနွေးကြမည့်   အစိုးရကဏ္ဍဆွေးနွေး ဖက်များနှင့်ဆွေးနွေးမည့်ဦးစား ပေးအကြောင်းအရာများရွေးချယ် နိုင်ရန်အတွက် ပုံမှန်အစည်းအ ဝေးများပြုလုပ်ကြမည်ဟုဆို သည်။ မြန်မာ့စီးပွားရေးဖိုရမ်ပေါ် ပေါက်ရန်ပံ့ပိုးမည့် IFCအနေဖြင့် ဗီယက်နမ်အပါအ၀င်အရှေ့ တောင်အာရှနိုင်ငံများတွင်လည်း အစိုးရ-ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဆွေးနွေးပွဲအတွေ့အကြုံများရရှိ ထားသူဖြစ်သည်။၂၀၁၄ဘဏ္ဍာ နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူ နေမှုအဆင့်အတန်းမြှင့်တင်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာနိုင် စေရန်၊ အရေးပေါ်စိန်ခေါ်မှုများကို ကိုင်တွယ်လုပ်ဆောင်နိုင်စေရန် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ထောက်ပံ့ရင်းနှီးမှုပြုလုပ်ထားသည်ဟုဆိုသည်။
7Days

0 comments:

Post a Comment