Tuesday, September 9, 2014

အာရှ အားကစားပြိုင်ပွဲအခမ်းအနားများမှာ ဖျော်ဖြေမယ့် PSY နဲ့ Big Bang အဖွဲ့


တောင်ကိုရီးယားထိပ်တန်းအဆိုတော်များဖြစ်သော PSY နှင့် Big Bang အဖွဲ့တို့ သည် ၂၀၁၄ အာရှအားကစားပွဲ ၌ ပါဝင်ဖျော်ဖြေကြမည်ဟု ၎င်းတို့၏ အေဂျင်စီ YG Entertain-ment က အတည်ပြုပြောကြား သည်။ ၂၀၁၄ အာရှ အားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
PSY သည် စက်တင်ဘာ ၁၉ ရက် အားကစားပွဲ ဖွင့်ပွဲအခမ်းအနား နောက်ဆုံး၌ ဖျော်ဖြေမည်ဖြစ်ပြီး Big Bang အဖွဲ့သည် အောက်တိုဘာ ၄ရက် ပိတ်ပွဲအ ခမ်းအနား နောက်ဆုံးအစီအစဉ်တွင် ဖျော်ဖြေတင် ဆက်မည်ဟုဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှအားကစားပွဲကို တတိယအ ကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၆တွင် ဆိုးလ်မြို့နှင့် ၂၀၀၂ ခုနှစ်တွင် ဘူဆန်မြို့၌ ကျင်းပခဲ့သည်။    Ref: The Korea Herald

0 comments:

Post a Comment