Tuesday, September 9, 2014

ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဆုဖလားနဲ့ မြန်မာဘောလုံးအသင်း ပြန်လာပြီ

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖလားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် 
မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့သည်။ 


ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ
လေဆိပ်မှ တဆင့် ပြည်လမ်းတစ်လျှောက်ပြည်သူများကို နှုတ်ဆက်ခဲ့ကြပြီး သုဝဏ္ဏကွင်းတွင် အောင်ပွဲခံ အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည်။ (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
မြန်မာအမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင် ဖိလစ်ပိုင်ဘောလုံးအသင်းကို အိမ်ရှင်ပရိတ်သတ်ရှေ့မှောက်တွင် ပထမပွဲကစားချိန်အတွင်း (၂-၂)စီဖြင့် သရေ ရလဒ်ထွက်ပေါ်နေသဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရာ လူစားဝင်ကစားသမား စိုးမင်းဦး၏ အချိန်ပို သွင်းဂိုးရပြီး ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လုပွဲ အောင်နိုင်ပြီး ဆုဖလားရရှိ ပြန်လာသော  မြန်မာအသင်းအား ရန်ကုန်မြို့တွင် ကြိုဆိုနေကြပုံတို့ကို ဖော်ပြလိုက်ပါသည်။ 
 





















0 comments:

Post a Comment