Melody
World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့
အဆိုတော်နေနေ ဟာ ဆူးစူးသူ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီးနောက်
ဒုတိယအခွေဖြစ်တဲ့ နည်းနည်းလေးမှမဝေးချင်ဘူး ကို အောက်တိုဘာမှာထွက်ရှိဖို့
ပြင်ဆင်နေပြီလို့ သိရတာကြောင့် ဒီအခွေလေးနဲ့ ပတ်သက်ပြီး
မေးဖြစ်ခဲ့တာတွေကတော့
လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
လတ်တလောမှာတော့ နေနေ ခရီးသွားဖြစ်နေပါတယ်။ နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ပြီးတော့ နေနေရဲ့ ဒုတိယစီးရီးအတွက် လုပ်နေပါတယ်။
ဒုတိယတေးစီးရီးအခွေ ပရိသတ်ကို ဘယ်တော့လောက်ချပြမလဲ။
အောက်တိုဘာမှာ ထွက်ရှိပါတော့မယ်။
ဒီအခွေလေးထဲမှာရော ဘယ်လိုဂီတအမျိုးအစားတွေ ပါဝင်ဦးမလဲ။
Countryပုံစံပါမယ်။ Popပုံစံပါမယ်။ မြူးမြူးလေးတွေ လည်းပါပါတယ်။ အစုံပေါ့နော်။
ပထမအခွေနဲ့ဒုတိယအခွေရဲ့ ကွာခြားချက်ကဘယ်လိုရှိမလဲ။
ပထမအခွေမှာက
ကော်ပီသီချင်း ဆယ်ပုဒ်ထည့်ထားတယ်။ Owntune နှစ်ပုဒ်ပဲပါတယ်။ အခွေကို
ပြောင်းပြန်လုပ်ပစ်လိုက်တာပေါ့။ ဒုတိယအခွေမှာ Owntune ကဆယ်ပုဒ်၊
ကော်ပီကနှစ်ပုဒ်ထဲပါမယ်။ Owntune တောင်မှ အကောင်းဆုံးလေးတွေ ရွေးထားတာပါ။
အခွေထွက်လာရင် ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။
Owntune
သီချင်းတွေဆိုရင် ပရိသတ်တော်တော်များများ အားပေးကြိုက်နှစ်သက်ကြတယ်။
အဲဒီ့တော့ နေနေရဲ့ ဒီအခွေလေးကိုရော ဘယ်လောက်မျှော်လင့်ထားပါသလဲ။
နေနေ
ကိုယ်တိုင် ဒီအခွေလေး ထဲမှာ အရမ်းကြိုးစားထားပါတယ်။ Owntune တောင်
ရိုးရိုးမဟုတ်ဘူး။ တကယ့်ကို Band နဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့အတွက် နေနေ
ကိုယ်တိုင်အရမ်းသဘောကျတယ်။ စိတ်တိုင်းကျတယ်ပေါ့နော်။ နေနေ
စိတ်တိုင်းကျသလို၊ သဘောကျသလိုမျိုး ပရိသတ်တွေလည်း စိတ်တိုင်းကျမယ်၊
သဘောကျမယ်လို့ထင်ပါတယ်။
ညီမဖြစ်သူ ချမ်းချမ်းနဲ့တွဲပြီးအခွေလုပ်မယ်လို့ ကြားပါတယ်။ ဘယ်တော့လောက်လုပ်ဖြစ်မလဲ။
အဲဒါကကြာဦးမှာပါ။ ထွက်တော့ထွက်ချင်တယ်။ လောလောဆယ်မှာတော့ သူမအား၊ ကိုယ်မအားဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားFMမှာပါတဲ့
သီချင်းတွေက တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ
ဖြစ်တယ်ဆိုတော့ နေနေ သီဆိုတဲ့အခါမှာရော ကိုယ့်အတွက်
စိတ်ပူပန်ခဲ့ရတာမျိုးရှိခဲ့သေးလား။
အင်း။ ရှိတာပေါ့။
အဲဒီ့အခွေမှာပါတဲ့ သီချင်းတွေ အကုန်လုံးကလည်း အရမ်းကောင်းပါတယ်။ ဆိုထားတဲ့
Senior အဆိုရှင်တွေကလည်း သိပ်ကို တော်ပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။
ပြန်ဆိုခွင့်ရတာကို အရမ်းလည်း ဝမ်းသာပါတယ်။ ကိုယ့်အရှေ့မှာ ဆိုထားတဲ့
မူရင်းအဆိုရှင်က ရှိနေတဲ့အခါကျတော့ ဆိုချင်တိုင်း ဆိုလို့မရတော့ဘူး။
သူ့ရဲ့မူရင်း ဆိုထားတာလေးကိုမှီအောင်၊ ကိုယ်ဆိုလိုက်မှပဲ ပျက်သွားတယ်ဆိုတာ
မရှိရအောင် အရမ်းကို တော်တော်လေး ဂရုစိုက်ပြီး ထိန်းသိမ်းရပါတယ်။ ဒါပေမယ့်
အခွေထွက်လာတော့လည်း ပရိသတ်တွေက နားထောင်ပြီး ကြိုက်တယ်လို့ ပြောကြတော့
ကျေနပ်ပါတယ်။
နေနေကရော ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စီစဉ်နေပြီလဲ။
နေနေအိမ်ထောင်ပြုဖို့
အစီအစဉ်ရှိပါတယ်။ နှစ်ယောက်စလုံးကလည်း မြန်မြန်နီးစပ်ချင်နေပြီပေါ့နော်။
သူလည်းသူ့အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်နေသလို နေနေလည်း
ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ကြိုးစားပြီး လုပ်နေကျပါတယ်။ ၂၀၁၅လောက်
မဟုတ်ရင်တောင် ၂၀၁၆တော့ အိမ်ထောင်ပြု မှာပါ။
0 comments:
Post a Comment