Saturday, September 27, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် (၄၅)တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်သောင်းကျန်းသူများအကြား တိုက်ပွဲဖြစ်



စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်
 (၈း၃၀)အချိန်ခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်
နယ်စပ် မိုင်တိုင်အမှတ် (၄၅)တွင် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်


လက်နက်ကိုင်သောင်းကျန်းသူများအကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်တိုင်အမှတ် (၄၅)အနီး နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေး လှည့်ကင်းလှည့်နေစဉ် မသင်္ကာသည့် လှုပ်ရှားမှုများကို တွေ့သည့်အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ များမှ ပြန်လည်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်ရဲမှ အရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။

တိုက်ပွဲမှာ နာရီခွဲနီးပါးဖြစ်ပွားခဲ့ပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များဖက်မှ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများဖက်မှလည်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေကို မသိရှိခဲ့ကြောင်း၊ သို့သော်လည်း လက်နက်ကိုင် သောင်းကျန်းသူများမှ ပစ်ခတ်သည့် သေနတ်ကျည်ဆံများမှာ AK-47 ကျည်ဆံများဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။


Western Gate Guard
  ရွှေမြန်မာမီဒီယာ

0 comments:

Post a Comment