Saturday, June 20, 2015

‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင် ရုံတင်ပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်း၌ ပျံ့နှံ့လာမှုအတွက် ထုတ်လုပ်ရေးကုမ္ပဏီစုံစမ်းနေ


 ‘‘ကျွန်မက နှင်းဆီပါ မောင်’’ရုပ်ရှင် အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့ခြင်းသည် ယင်းရုပ်ရှင်ဇာတ် ကားတစ်ကားတည်းအတွက်သာ မဟုတ်ဘဲ ရုပ်ရှင်လောကတစ်ခု လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း ထားဝယ်ထုတ်လုပ် ရေးမှ ဦးစိုးသန်းက ပြောသည်။
‘‘ဒီလိုသာဖြစ်မယ်ဆိုရင် ဘယ်သူမှ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ရဲမှာမဟုတ်တော့ဘူး။ အ ကုန်လုံးက အွန်လိုင်းကပဲ ကြည့် ကြလိမ့်မယ်။ ဒီကိစ္စက ရုပ်ရှင် လောကတစ်ခုလုံးပျက်သွားနိုင် တဲ့ကိစ္စတစ်ခုပါ’’ဟု ဦးစိုးသန်းက ပြောသည်။
ဇွန်လ ၁၂ ရက်မှစတင်၍ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ ကြီးများတွင် ‘ကျွန်မက နှင်းဆီပါ မောင်’ရုပ်ရှင်ရုံတင်ပြသခဲ့ခြင်း ဖြစ်ကာ ဇာတ်ကားရုံတင်ပြသပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်းပေါ်၌ ယင်းဇာတ်ကားကြည့်ရှုနိုင်ရန် လင့်ခ်များတက်လာခြင်း ဖြစ်သည်။အဆိုပါ လင့်ခ်စတင်သူကို စုံစမ်းနေပြီး ယင်းကိစ္စနှင့် ပတ် သက်၍ အသေးစိတ်ကို မပြောပြ နိုင်သေးကြောင်း ထုတ်လုပ်သူ ဦးစိုးသန်း (ထားဝယ်)က ပြော သည်။
ဇွန်လ ၁၈ ရက်က ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ဇာတ် ကားကို အပိုင်းလေးပိုင်းခွဲ၍ ကြည့်ရှု နိုင်မည့် လင့်ခ်များဖေ့စ်ဘွတ်ခ် ပေါ်တွင်  ပျံ့နှံ့ခဲ့ပြီး  မျှဝေသူများပြားခဲ့သည်။ ထို့ပြင် ဇာတ်ကား၏အရုပ်၊အသံ အရည်အသွေးမှာ ရုပ်ရှင်ရုံအတွင်း ခိုးရိုက်ထားသည်နှင့် မတူဘဲ အတွင်းလူများက ဖြန့်ဝေ ခြင်းဖြစ်နိုင်သည်ဟု ဇာတ်ကား ကြည့်ရှုသူအများစုက မှတ်ချက်ပြု ထားကြသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ကိစ္စကို ကျွန်တော်တို့ကိုယ်တိုင် တရား ၀င်ခွင့်ပြုပြီး ဖြန့်ဝေတာလို့ ပြော တဲ့သူတွေလည်း ရှိပါတယ်။ အဲဒါ လည်း မဟုတ်ပါဘူး။ ရုံတင်ပြီး တစ်ပတ်အကြာမှာ အခုလိုလုပ်တာကတော့ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါ’’ဟု ဦးစိုးသန်း (ထားဝယ်)က ပြောသည်။
ယင်းဇာတ်ကားကို ရိုက်ကူး သူ ဒါရိုက်တာ ၀ိုင်းက ‘‘ဒီကားကို ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ထားဝယ်ထုတ်လုပ်ရေးပေါ့။ ဒီ ကားကို ထိုင်းမှာသုံးခါငွေကုန် ကြေးကျများစွာခံပြီး သွားလုပ်ခဲ့ တယ်။ အသံ 5.1 Surroundind ဆိုလည်း  သိန်းခုနစ်ဆယ်ကျော်အ ကုန်ခံပြီး သွားလုပ်ခဲ့တယ်။ တ ကယ်ဆို အခုလိုလုပ်ရပ်မျိုးဟာ တိုးတက်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် အလဲထိုးခံလိုက်ရတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကို တိုးတက်စေချင်ရင်၊ ဆက်လက်ရှင်သန်ချင်သေးတယ်ဆိုရင် ရုပ်ရှင်ရုံတွင် အားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၉ ရက်က ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ကို ကူးယူထားခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ် တွင်တင်ထားခြင်းရှိပါက ပယ် ဖျက်ပေးရန် မေတ္တာရပ်ခံထားပြီး ကွန်ပျူတာ၊ အင်တာနက် ၊  ဖုန်းစသည့် ခေတ်မီနည်းပညာများ အသုံးပြု၍    အီလက်ထရွန်နစ် ဆက်သွယ်ရေးကို တရားမ၀င် ဆောင်ရွက်ပါက အီလက်ထရွန် နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအပါအ၀င် တည်ဆဲဥပဒေ များနှင့် ထိရောက်စွာ အရေးယူ မည်ဟု ကြေညာထားသည်။
ထို့အတူ ယင်းဇာတ်ကား၏ အဓိကသရုပ်ဆောင် နေတိုးက လည်း ‘‘နှင်းဆီပါမောင်ရုပ်ရှင် ဇာတ်ကား အခုလိုတရားမ၀င် အွန်လိုင်းပေါ်ရောက်နေခြင်းဟာ မြန် မာ့ရုပ်ရှင်ပြန်လည်ရှင်သန်နိုင်ဖို့ ငွေကြေးမြောက်မြားစွာ အသုံးပြု ခဲ့တဲ့ ထုတ်လုပ်သူနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အနု ပညာဆိုင်ရာ ဖန်တီးသူများအား လုံးရဲ့ မြန်မာ့ရုပ်ရှင်ကို အဆင့်မီ စွာ ကြိုးစားရိုက်ကူးခွင့်ရတော့မှာ ပါလားဆိုတဲ့ စိတ်ကူးများစွာနဲ့ အတူ ပွင့်လန်းလာမယ့် နှင်းဆီ တစ်ပွင့်ကို အမြစ်ကနေ ဆွဲလှန် လိုက်သလိုပါပဲ။ ရှေ့ဆက်ရမယ့် ရုပ်ရှင်လောကအတွက် စိတ်မ ကောင်းဖြစ်မိပါတယ်။ စစ်မှန် သော အနုပညာနဲ့အတူ စစ်မှန် သော အရည်အသွေးနဲ့ ဖန်တီး ထားသော ကျွန်တော်တို့ရင်ထဲက စစ်မှန်သော စေတနာများအတွက်အစစ်အမှန်ကိုသာ အားပေးစေလိုပါတယ် ပရိသတ်ကြီးရေ’’ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

7daysdaily


0 comments:

Post a Comment