Friday, November 7, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နုတ်ထွက်ရန် မိသားစုဝင်များက ပြောကြားခဲ့ ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၅

နို   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို သိရှိခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီးအကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ်က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ ဒီပြောတာတွေကိုသာ လိုက်နားထောင်နေလို့ စိတ်ပျက်နေလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ကြားကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်းတယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံးရလဒ် ကျမှသာလျှင် ဒီစနစ်မျိုးမှာ ဘယ်အစိုးရပဲ တက်တက် ဒီလိုပဲလာ မှာပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရ လက်ထက်က ပြောဆိုရေးသားသော မီဒီယာများကို ကန့်သတ်မှုများသည် ဒီမိုကရေစီ စနစ်မဟုတ်၍သာ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်းက သူကရှင်းရှင်းလေးပဲ စစ်အစိုးရပဲ။ စစ်အစိုးရဆိုတော့ စစ်အစိုးရလိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့အတွက် မလုပ်သင့်တဲ့ကိစ္စ သူမလုပ်ဘူး။ လုပ်သင့်တဲ့ကိစ္စ သူလုပ်မယ်။ စည်းလွတ်ဝါးလွတ်တော့ မလုပ်နဲ့ပေါ့။ အယ်ဒီတာဆိုတာ ရှိတာပဲ။ လူသစ်တွေကို အယ်ဒီတာမှာ ပြုပြင်ပေးဖို့၊ သင်တန်းပေးဖို့ တာဝန် ရှိတယ်။ အယ်ဒီတာဆိုတာ ဒီအတွက် ခန့်ထားတာပဲလေ””ဟု အဆိုပါ ပြည်ထောင်စုအဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့်သို့ အကြံပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက်က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။

MH-0011

ပုံညွှန်းစာ - ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်၌ သမ္မတဦးသိန်းစိန် ၏ ဆွေမျိုးများပါဝင်သော ရှင်ပြုအလှူပွဲတစ်ခုသို့ တက်ရောက်နေသည်ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

0 comments:

Post a Comment