Saturday, June 20, 2015

အန်န်အဲဒီ ရွေးကောက်ပွဲဝင်မ၀င် မကြာခင် ကြေညာမယ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားရာမှာ ရွေးကောက်ပွဲဝင် မ၀င် ဆိုတာနဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

အမတ်လောင်းတွေက ကိုယ်ပိုင်ဆိုင်မှုစာရင်း၊ ဇနီးသားသမီးတွေရဲ့ ပိုင်ဆိုင်မှု၊ ဘဏ်စာရင်းတွေကို ပါတီကိုချပြရမယ်လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်မှုရှိ မရှိ ဆိုတာကိုလည်း ပါတီကို ကြေညာရမယ်လို့ ဆိုပါတယ်။

၂ ရက်ကြာ အစည်းအဝေးမှာ အမတ်လောင်းအရည်အချင်း သတ်မှတ်ချက်တွေနဲ့ အောင်နိုင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

0 comments:

Post a Comment