This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 4, 2017

ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်းကို ၁၅ မိနစ်နဲ့ ပျောက်အောင်ကုသနိုင်



လယ်ကန်စွန်းလို့ တစ်ချို့ခေါ်ဝေါ်ကြတဲ့ ကန်စွန်းရိုးနီ၏ အစွမ်းများဖြင့်
ဆီးအိမ်တွင်မှ ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါများကို ၁၅ မိနစ်အတွင်း ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

စိတ်ကျန်းမာရေးနှင့်မှတ်ဥာဏ်ပါပိုမိုကောင်းစေသည့် ကြက်ဥ




အလွယ်တစ်ကူဝယ်ယူစားသုံးသင့်သည့် ကျန်းမာရေးဆိုင်ရာ အစားအသောက်တွင် ကြက်ဥပါဝင်ပါသည် ။ ကြက်ဥကို လူမမာများ ၊ အားအင်ကုန်ခန်းနေသည့် လူများ နှင့် ကလေးသူငယ်များပါ မကျန် ကြက်ဥကို ပုံမှန်စားသုံးသင့်ပါသည် ။ကြက်ဥကို စားသုံးခြင်းကြောင့် မေ့လျော့ပျောက်ဆုံးနေသောမှတ်ဥာဏ်များကိုပင် ပြန်လည်မှတ်မိလာနိုင်ပါသည် ။ စားသုံးခြင်းကြောင့် လူ့ ၏မှတ်ဥာဏ်စနစ်ကို ပိုမိုအားကောင်းစေပါသည် ။

Saturday, June 20, 2015

တရုတ်ပြည်မှာ မွတ်စလင်များ ဥပုသ်မစောင့်ရဟု တားမြစ်ထား



တရုတ်ပြည်အနောက်ဘက်စွန်း ရှင်ကျာန်းပြည်နယ်တွင် မွတ်စလင်ပါတီဝင်များ၊ မွတ်စလင် အစိုးရ၀န်ထမ်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် မွတ်စလင်ဥပုသ်လကို ပိတ်ပင်တားဆီးခဲ့သည်။ ယင်းကဲ့သို့ ဥပုသ်လတွင် ၀ီဂါ (Uighurs) လူမျိုးစု မွတ်စလင်များ နေထိုင်ရာဒေသများ၌ ဥပုသ်မစောင့်ရန် ပြောထားသည်ဟု ဆိုသည်။

ဝီဂါခေါင်းဆောင် ဒီလ်ဇက်ရာကစ်ကမူ ယင်းကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှုကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ပင်တားဆီးမှုကြောင့် ၀ီဂါ ပြည်သူများအနေနှင့် တရုတ်အစိုးရအုပ်ချုပ်ရေးကို ပို၍ဆန့်ကျင်လာကြမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

မကြာသေးသော နှစ်များကမူ အရပ်သားများနှင့် အစိုးရအဖွဲ့အစည်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များသည် ၀ီဂါခွဲထွက်ရေးသမားများကြောင့်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။ သို့သော် ခွဲထွက်ရေးအုပ်စုများမှ ၎င်းအချက်ကို ငြင်းဆိုခဲ့သည်။ တရုတ်ပြည်ရှင်ကျာန်းဒေသတွင် ၀ီဂါမွတ်စလင်များနှင့် တရုတ်အာဏာပိုင်တို့ အငြင်းပွားမှုပြဿနာများပို၍ တင်းမာလာခဲ့သည်။

ကာဇက်နယ်စပ်နှင့် ထိစပ်လျက်ရှိသောဒေသတွင် ဖွင့်လှစ်ထားသည့် မွတ်စလင်သီးသန့်စားသောက်ဆိုင်များကို ဥပုသ်လကာလအတွင်း နေ့ပိုင်းတွင်လည်း ဖွင့်လှစ်ထားရန် အစားအသောက် လုံခြုံရေးအဖွဲ့က တိုက်တွန်းထားကြောင်း အစိုးရ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မွတ်စလင်ပိုင်ဆိုင်များ၌လည်း ၎င်းဥပုသ်လကာလတွင် စီးကရက်နှင့် ယမကာများကို ဆက်လက်ရောင်းချရန် အမိန့်ထုတ်ထားပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်းမည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များက ဘာသာရေးဖိနှိပ်မှုဟု ခေါ်ဆိုထားစေကာမူ တရုတ်အစိုးရသည် ဘာသာရေးအစွန်းရောက်ဝါဒကို နှိမ်နင်းလျက်ရှိသည်။ ဘာသာရေးနှင့်ပညာရေးကို သီးသန့်ခွဲခြားထားရမည် ဖြစ်ကြောင်း၊ ကျောင်းသားများအနေနှင့် ဘာသာရေးသြဇာသက်ရောက်မှု မရှိစေရကြောင်း အာဏာရကွန်မြူနစ်ပါတီက ပြောသည်။

Ref;AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အန်န်အဲဒီ ရွေးကောက်ပွဲဝင်မ၀င် မကြာခင် ကြေညာမယ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားရာမှာ ရွေးကောက်ပွဲဝင် မ၀င် ဆိုတာနဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင် ရုံတင်ပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်း၌ ပျံ့နှံ့လာမှုအတွက် ထုတ်လုပ်ရေးကုမ္ပဏီစုံစမ်းနေ


 ‘‘ကျွန်မက နှင်းဆီပါ မောင်’’ရုပ်ရှင် အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့ခြင်းသည် ယင်းရုပ်ရှင်ဇာတ် ကားတစ်ကားတည်းအတွက်သာ မဟုတ်ဘဲ ရုပ်ရှင်လောကတစ်ခု လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း ထားဝယ်ထုတ်လုပ် ရေးမှ ဦးစိုးသန်းက ပြောသည်။
‘‘ဒီလိုသာဖြစ်မယ်ဆိုရင် ဘယ်သူမှ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ရဲမှာမဟုတ်တော့ဘူး။ အ ကုန်လုံးက အွန်လိုင်းကပဲ ကြည့် ကြလိမ့်မယ်။ ဒီကိစ္စက ရုပ်ရှင် လောကတစ်ခုလုံးပျက်သွားနိုင် တဲ့ကိစ္စတစ်ခုပါ’’ဟု ဦးစိုးသန်းက ပြောသည်။
ဇွန်လ ၁၂ ရက်မှစတင်၍ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ ကြီးများတွင် ‘ကျွန်မက နှင်းဆီပါ မောင်’ရုပ်ရှင်ရုံတင်ပြသခဲ့ခြင်း ဖြစ်ကာ ဇာတ်ကားရုံတင်ပြသပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်းပေါ်၌ ယင်းဇာတ်ကားကြည့်ရှုနိုင်ရန် လင့်ခ်များတက်လာခြင်း ဖြစ်သည်။အဆိုပါ လင့်ခ်စတင်သူကို စုံစမ်းနေပြီး ယင်းကိစ္စနှင့် ပတ် သက်၍ အသေးစိတ်ကို မပြောပြ နိုင်သေးကြောင်း ထုတ်လုပ်သူ ဦးစိုးသန်း (ထားဝယ်)က ပြော သည်။
ဇွန်လ ၁၈ ရက်က ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ဇာတ် ကားကို အပိုင်းလေးပိုင်းခွဲ၍ ကြည့်ရှု နိုင်မည့် လင့်ခ်များဖေ့စ်ဘွတ်ခ် ပေါ်တွင်  ပျံ့နှံ့ခဲ့ပြီး  မျှဝေသူများပြားခဲ့သည်။ ထို့ပြင် ဇာတ်ကား၏အရုပ်၊အသံ အရည်အသွေးမှာ ရုပ်ရှင်ရုံအတွင်း ခိုးရိုက်ထားသည်နှင့် မတူဘဲ အတွင်းလူများက ဖြန့်ဝေ ခြင်းဖြစ်နိုင်သည်ဟု ဇာတ်ကား ကြည့်ရှုသူအများစုက မှတ်ချက်ပြု ထားကြသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ကိစ္စကို ကျွန်တော်တို့ကိုယ်တိုင် တရား ၀င်ခွင့်ပြုပြီး ဖြန့်ဝေတာလို့ ပြော တဲ့သူတွေလည်း ရှိပါတယ်။ အဲဒါ လည်း မဟုတ်ပါဘူး။ ရုံတင်ပြီး တစ်ပတ်အကြာမှာ အခုလိုလုပ်တာကတော့ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါ’’ဟု ဦးစိုးသန်း (ထားဝယ်)က ပြောသည်။
ယင်းဇာတ်ကားကို ရိုက်ကူး သူ ဒါရိုက်တာ ၀ိုင်းက ‘‘ဒီကားကို ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ထားဝယ်ထုတ်လုပ်ရေးပေါ့။ ဒီ ကားကို ထိုင်းမှာသုံးခါငွေကုန် ကြေးကျများစွာခံပြီး သွားလုပ်ခဲ့ တယ်။ အသံ 5.1 Surroundind ဆိုလည်း  သိန်းခုနစ်ဆယ်ကျော်အ ကုန်ခံပြီး သွားလုပ်ခဲ့တယ်။ တ ကယ်ဆို အခုလိုလုပ်ရပ်မျိုးဟာ တိုးတက်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် အလဲထိုးခံလိုက်ရတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကို တိုးတက်စေချင်ရင်၊ ဆက်လက်ရှင်သန်ချင်သေးတယ်ဆိုရင် ရုပ်ရှင်ရုံတွင် အားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၉ ရက်က ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ကို ကူးယူထားခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ် တွင်တင်ထားခြင်းရှိပါက ပယ် ဖျက်ပေးရန် မေတ္တာရပ်ခံထားပြီး ကွန်ပျူတာ၊ အင်တာနက် ၊  ဖုန်းစသည့် ခေတ်မီနည်းပညာများ အသုံးပြု၍    အီလက်ထရွန်နစ် ဆက်သွယ်ရေးကို တရားမ၀င် ဆောင်ရွက်ပါက အီလက်ထရွန် နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအပါအ၀င် တည်ဆဲဥပဒေ များနှင့် ထိရောက်စွာ အရေးယူ မည်ဟု ကြေညာထားသည်။
ထို့အတူ ယင်းဇာတ်ကား၏ အဓိကသရုပ်ဆောင် နေတိုးက လည်း ‘‘နှင်းဆီပါမောင်ရုပ်ရှင် ဇာတ်ကား အခုလိုတရားမ၀င် အွန်လိုင်းပေါ်ရောက်နေခြင်းဟာ မြန် မာ့ရုပ်ရှင်ပြန်လည်ရှင်သန်နိုင်ဖို့ ငွေကြေးမြောက်မြားစွာ အသုံးပြု ခဲ့တဲ့ ထုတ်လုပ်သူနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အနု ပညာဆိုင်ရာ ဖန်တီးသူများအား လုံးရဲ့ မြန်မာ့ရုပ်ရှင်ကို အဆင့်မီ စွာ ကြိုးစားရိုက်ကူးခွင့်ရတော့မှာ ပါလားဆိုတဲ့ စိတ်ကူးများစွာနဲ့ အတူ ပွင့်လန်းလာမယ့် နှင်းဆီ တစ်ပွင့်ကို အမြစ်ကနေ ဆွဲလှန် လိုက်သလိုပါပဲ။ ရှေ့ဆက်ရမယ့် ရုပ်ရှင်လောကအတွက် စိတ်မ ကောင်းဖြစ်မိပါတယ်။ စစ်မှန် သော အနုပညာနဲ့အတူ စစ်မှန် သော အရည်အသွေးနဲ့ ဖန်တီး ထားသော ကျွန်တော်တို့ရင်ထဲက စစ်မှန်သော စေတနာများအတွက်အစစ်အမှန်ကိုသာ အားပေးစေလိုပါတယ် ပရိသတ်ကြီးရေ’’ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

7daysdaily


သမ္မတဖြစ်ခွင့်နှင့် လူထုခေါင်းဆောင်၏ ဇရာ

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့် မွေးနေ့ဖြစ် သည်။
မြန်မာ့ဒီမိုကရေစီပြယုဂ်၊အတိုက်အခံပါတီခေါင်းဆောင်၊ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် စသည့်ဂုဏ်ထူးဝိသေသများစွာပြည့်လျှမ်းနေသည့် လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၄၀)ကျော်အရွယ်ကတည်းက မြန်မာ့နိုင်ငံရေးလောကသို့ ခြေချခဲ့သည်။

သို့သော် ၁၆ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်ဖြတ် သန်းခဲ့ရခြင်း၊ ၁၉၉၀ ရွေးကောက် ပွဲရလဒ်အရ အစိုးရအဖွဲ့တစ်ရပ် ကို သူမ၏ပါတီက ဦးဆောင်နိုင် မည့် အခွင့်အရေးရခဲ့သော်လည်း အာဏာလွှဲပေးရန် ငြင်းဆိုခံခဲ့ရ ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏ နိုင်ငံရေးဖြတ်သန်းမှုမှာ နှစ်ပေါင်း ၃၀ ခန့် ပိတ်ပင်တားဆီး ခံထားရသည်။
ဦးသိန်းစိန်အစိုးရလက် ထက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဖြင့်လွှတ် တော်နိုင်ငံရေးသို့ ၀င်ရောက်ခဲ့ သော်လည်း လက်ရှိတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ခွင့် တားဆီးကန့်သတ် ခံနေရဆဲဖြစ်သည်။
မြန်မာ့နိုင်ငံရေးအတွက်သာ ယာပျော်ရွှင်ဖွယ်မိသားစုဘ၀ကို ကျောခိုင်းခဲ့လျက် ခက်ခဲကြမ်း တမ်းသည့်နိုင်ငံရေးခယောင်း လမ်းကို ဖြတ်သန်းခဲ့သည့် ဒေါ် အောင်ဆန်းစုကြည်ကို ယခုအ ချိန်တွင် ပြည်သူလူထုက လူထု ခေါင်းဆောင်သမ္မတအဖြစ် မြင် လိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်လိုသောပြည်သူ တို့တွင် ခိုင်လုံသောအကြောင်း ရင်းခံတို့ ရှိနေပါသည်။
မြန်မာပြည် လွတ်လပ်ရေးရ အောင် စွမ်းဆောင်ပေးခဲ့သည့် အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊ မြန်မာနိုင်ငံတွင်လူထုခေါင်းဆောင် စစ်စစ် ရှားပါးခြင်း၊ နိုင်ငံအပေါ် သစ္စာရှိမှုနှင့် စွန့်လွှတ်အနစ်နာခံ မှု၊ စစ်အစိုးရနှင့် ၎င်းတို့၏အရိပ် အငွေ့မကင်းသော အစိုးရတစ် ရပ်လက်အောက်မှ လုံးဝလွတ် မြောက်စေလိုခြင်းတို့ကြောင့် အ ရပ်သားစစ်စစ်ဖြစ်သည့် ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုကြောင်း အသက် (၂၅) နှစ်အရွယ် IR ကျောင်းသူ မချယ် ရီကပြောသည်။
‘‘အန်တီ့(ဒေါ်အောင်ဆန်းစု ကြည်)ကို တိုင်းပြည်နဲ့ ပြည်သူအ ပေါ်မှာ စိတ်ထားကောင်းတဲ့ လူ တော်လူကောင်းအနေနဲ့မြင်မိလို့ တကယ်ဖြစ်စေချင်ပါတယ်။ အန် တီသာသမ္မတဖြစ်လာမယ်ဆိုရင် ချက်ချင်းကြီးပြောင်းလဲသွားမယ် လို့ မဆိုလိုပေမယ့် တိုင်းပြည်ရဲ့ တိုးတက်မှုအတိုင်းအတာတစ်ခု အထိတက်လာလိမ့်မယ်ဆိုတာ ကိုတော့ အပြည့်အ၀ယုံကြည်ပါ တယ်။ ဒါပေမဲ့ အခြေခံဥပဒေမ ပြင်နိုင်ရင်တော့ မျှော်လင့်ချက်က နည်းပါတယ်’’ဟု မချယ်ရီကစိတ် အားလျော့စွာပြောသည်။
ပေးဆပ်သည်ဆိုသည့် စ ကားရပ်ကို သုံးစွဲရန် အမြဲငြင်း ဆန်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်သည် ခင်ပွန်းသည်၏ နောက်ဆုံးခရီးကို လက်လွှတ်ခဲ့ သည်။
တိုင်းပြည်၏အရေးကြီးဆုံး အချိန်ကာလတစ်လျှောက် နိုင်ငံ အတွင်းနေထိုင်လှုပ်ရှားနိုင်ခွင့်မဆုံးရှုံးစေရန် ဖခင်မဲ့ခဲ့ပြီဖြစ်သော သားငယ်နှစ်ဦးအား စောင့်ရှောက် ပျိုးထောင်ခွင့်ကို လက်လွှတ်ခဲ့ သည့် မိခင်တစ်ဦးဖြစ်သည်။
‘‘သူ့ကိုတခြားဟာတွေမ ကြည့်နဲ့။ သားနှစ်ယောက်ကိုတစ် မြေခြားမှာထားပြီး ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးကိုဖြတ်ခဲ့တာ။ သား နှစ်ယောက်နဲ့ပြိုင်ပြီး ဆုံးဖြတ်ရ တာ သူ့အတွက် ဘယ်လောက် ခက်ခဲပင်ပန်းခဲ့မလဲ’’ဟု ရန်ကုန် မြို့နေ ဒေါ်အောင်ဆန်းစုကြည်ကို အမာခံထောက်ခံအားပေးသူက ပြောသည်။
လက်ရှိတွင်ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် ဒီချုပ်ပါ တီသည် ပါတီဝင်အင်အားတစ် သန်းငါးသိန်းကျော်ရှိနေပြီဖြစ် သည်။   လာမည့်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတပါက ဒီ ချုပ်က မဲအရေအတွက်အများစု ရနိုင်မည်ဖြစ်ကြောင်း ဒီချုပ်အမတ် ဦးဝင်းထိန်က ပြောကြားထား သည်။
လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်၊မဖြစ်ကို အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းရှိ၊ မရှိနှင့် ချိတ်ဆက်စဉ်းစားရမည် ဖြစ်ကြောင်း (၇၀) ပြည့်မွေးနေ့မ တိုင်မီရက်ပိုင်းအလို ၀ါရှင်တန်ပို့စ်သတင်းစာနှင့်တွေ့ဆုံမေးမြန်း ခန်း၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အသက်(၇၀)အရွယ်ရောက် လာသဖြင့် မည်သို့ခံစားရသနည်း ဆိုသည့်မေးခွန်းကိုမူ ၎င်းကပေါ့ ပေါ့ပါးပါးပင်အဖြေပေးသည်။
‘‘သိပ်တော့လည်းထူးထူး ခြားခြားမခံစားရပါဘူး။ ဒါပေမဲ့ ကျွန်မဒီနေ့အထိ ဖြတ်သန်းခဲ့တာ တွေက စိတ်ဝင်စားဖို့ကောင်းပါ တယ်’’
နိုင်ငံတကာမီဒီယာများက လျင်မြန်သွက်လက်ဆဲ‘‘The Lady’’ ဟုသုံးစွဲမြဲ၊ မြန်မာလူငယ်များက ‘‘အမေ’’၊ ‘‘အန်တီ’’ဟု ချစ်စနိုး ခေါ်ဝေါ်နေကြဆဲ၊ ထိုအမျိုးသမီး ကြီးမှာ မြန်မာ့လူ့အဖွဲ့အစည်းအ တွင်းက အရွယ်တူများထက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တောင့်တင်းသန်မာဆဲဖြစ်သည့်တိုင် အမေအိုစာရင်းတော့ဝင်လာပြီ ဖြစ်သည်။

၂၀၁၂    ကြားဖြတ်ရွေး ကောက်ပွဲအကြိုကာလအတွင်း က သူ့ကျန်းမာရေးအတွက်စိတ် ပူစရာအချို့ရှိခဲ့သည်။စည်းရုံးရေး ခရီးစဉ်များ ဆက်တိုက်ထွက်ခဲ့ပြီး ရာသီပြင်းလွန်း၍ ခရီးစဉ်အချို့ ရပ်နားကာ အနားယူစေခဲ့ရသည် အထိဖြစ်သည်။
ထို့ကြောင့်လည်း အသက် (၇၀)အရွယ် ရောက်လာပြီဖြစ် သည့် လူထုခေါင်းဆောင်၏ နောက်ထပ်ငါးနှစ် စိတ်ပိုင်းနှင့်ရုပ် ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအနေ အထားက ထည့်သွင်းတွက်ချက်စ ရာဖြစ်လာသည်။
ရွေးကောက်ပွဲမတိုင်မီ ခြေဥ ပြင်ဆင်နိုင်ပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နောက်ထပ် သက်တမ်းတစ်ဆက် လွှတ်တော် တွက်း ဆက်ရှိနေမည်ဆိုပါလျှင် ၂၀၂၀ ၌ အသက် (၇၅)နှစ်ရှိနေပြီ ဖြစ်သည်။ သက်ကြီးပိုင်းအရွယ် ရောက်သွားမည်ဖြစ်ပြီး အစိုးရအ ဖွဲ့တစ်ရပ်ကို ဦးဆောင်နိုင်ရန် အ ခွင့်အရေးနည်းပါးသွားကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူ ဦးကျော် လင်းဦးက ယခုကဲ့သို့သုံးသပ်ပြ သည်။
‘‘ကျွန်တော်ကတော့ ဒေါ် အောင်ဆန်းစုကြည်ကို ဒီမိုကရေ စီအတိုက်အခံဘ၀နဲ့ပဲ နိုင်ငံရေး သမားဘ၀ကို အဆုံးသတ်ပါလိ့မ်  မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ မှာ လူထုခေါင်းဆောင်လို့ပြော နိုင်မယ့်သူ ရှားပါးပါတယ်။ ဒေါ် အောင်ဆန်းစုကြည်မဟုတ်ရင် ဘယ်သူလဲဆိုတဲ့ပြဿနာ၊ ခေါင်း ဆောင်သစ်မမွေးဖွားနိုင်တဲ့ကိစ္စ က အကျပ်အတည်းဖြစ်နေတယ်’’ ဟု ၎င်းကပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲများမှာ သမ္မတကိုပြည် သူက ရွေးကောက်တင်မြှောက် ခြင်းမဟုတ်ဘဲသမ္မတနှင့်ဒုသမ္မတ တို့ကို ရွေးချယ်တင်မြှောက်နိုင် သည့် လွှတ်တော်ကိုယ်စားလှယ် များ (Winning Polls)ကိုသာ ပြည်သူများက မဲပေးရွေးချယ်ရ ခြင်းဖြစ်သည်။ ထို့ကြောင့် ရွေး ကောက်ပွဲတွင် ဒီချုပ်မဲနိုင်ရန် အ ရေးကြီးဆုံးဖြစ်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ဦးအေးမောင် ကျော်ကပြောသည်။
‘‘ဒီကိစ္စဟာ ဒီတိုင်းပြည်ရဲ့ ကံကြမ္မာပဲလေ။ အာဏာရှင်စနစ် အငွေ့အသက်တွေရှိနေသရွေ့ ဒီ လိုပဲဖြစ်နေမှာပါပဲ။ ကျွန်တော်တို့ အသက် (၂၀) ကျော်က စစ်အုပ်စု ကို ဆန့်ကျင်ခဲ့ကြတယ်။ အခု အ သက် (၆၀) ကျော်လာပြီ။ ဒါပေမဲ့ ပြည်သူတွေအလှည့်ရောက်လာရ မှာပါ။ မဲနိုင်ဖို့အရေးကြီးဆုံးပါ’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးအေး မောင်ကျော်ကပြောသည်။
မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် အဆင်းရဲဆုံး၊ အမွဲတေဆုံးဖြစ်ပြီး တိုင်းပြည်၏ လက်ရှိအခြေအနေအရ ပြည်သူ ရော နိုင်ငံတကာကပါ လေးစား တန်ဖိုးထားအသိအမှတ်ပြုသည့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်း ဆောင်တင်ရန် လက်ရှိအာဏာရ ပါတီ၊ တပ်မတော်နှင့် တိုင်းရင်း သားခေါင်းဆောင်များက ညှိနှိုင်း သင့်သည်။
အခြေခံဥပဒေက မည်သို့ ပင်ဆိုစေကာမူ ခြွင်းချက်ထား၍ သမ္မတအဖြစ် ရွေးကောက်တင် မြှောက်နိုင်ပါက ဆင်းရဲတွင်းနွံ တွင်းနစ်နေသည့် မြန်မာနိုင်ငံမှာ အတန်အတင့် သက်သာရာရမည် ဟု ဒေါက်တာရန်မျိုးသိမ်းက ယုံ ကြည်သည်။
‘‘လက်ရှိခြေဥမှာတပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းက စစ်တပ်ယူနီဖောင်းဝတ် ပြီး တပ်ကမထွက်ဘဲ လွှတ်တော် ထဲ ၀င်ထိုင်နေလို့ရတာ အဲဒီခြွင်း ချက်ကြောင့်ပဲ။ ခြေဥတောင် ခြွင်း ချက်ထားပြီး တပ်ကိုလွှတ်တော် ထဲဝင်ခိုင်းသေးတာပဲ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစု ကြည်ကို ခြွင်းချက်အဖြစ်စဉ်းစား ပြီး ပြည်သူ့လိုလားချက်ကို ဘာ ကြောင့်ရှေးရှုမစဉ်းစားတာလဲ မေးချင်တယ်’’ဟု ဒေါက်တာရန် မျိုးသိမ်းကပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေးအပြောင်းအလဲတွင် ဒေါ် အောင်ဆန်းစုကြည်သည် အရေး အပါဆုံးလူထုခေါင်းဆောင်အ ဖြစ်၊ ပထမဆုံးအရပ်သားအစိုးရ ခေါင်းဆောင်အဖြစ် နှစ်ပေါင်း များစွာ မျှော်လင့်ခဲ့သော်လည်း ပြည်သူများ၏ ဆန္ဒမပြည့်ဝသေး ပါ။ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ခွင့်ကို ယခုအ ထိပိတ်ပင်ထားဆဲဖြစ်ပြီးအလျှော့ ပေးစေ့စပ်မည့် အရိပ်အယောင် မမြင်ရသေးကြောင်း ယနေ့ခေတ် မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးသက် ဇင်ကပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်အရ အခုချိန်မှာမှ နိုင်ငံခေါင်းဆောင်အဖြစ် ဆောင် ရွက်ခွင့်မရခဲ့ရင်၊ သူ့ကိုကန့်သတ် ထားတဲ့ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မ ပေးနိုင်ခဲ့ရင် သူ့နောက်မှာ ဒုတိယ ခေါင်းဆောင်အဖြစ် အရပ်သား စစ်စစ်ကို မွေးမြူမထားနိုင်ခဲ့တာ အခြေအနေမပေးခဲ့တာတွေ ကြောင့် မြန်မာနိုင်ငံမှာအရပ်သား စစ်စစ်ခေါင်းဆောင်ရှားပါးတဲ့ အ ကျပ်အတည်းကို ရင်ဆိုင်ရမှာပါ။ အခုကိုပဲ ဒီမိုကရက်တစ်အင်အား စုတွေမှာ ခေါင်းဆောင်မှုအကျပ် အတည်းကိုရင်ဆိုင်နေရတာ တွေ့နေရပါတယ်’’ဟု၎င်းကပြော ကြားသည်။
ထိုအကျပ်အတည်းကို ဒေါ် အောင်ဆန်းစုကြည်မည်သို့ဖြေ ရှင်းပေးသွားမလဲဆိုတာ မြန်မာ့ နိုင်ငံရေးအနာဂတ်အတွက် အ လွန်အရေးပါကြောင်း ဦးသက်ဇင် ကဆက်လက်ပြောကြားသည်။
‘‘ကျွန်တော်ကတော့ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် နိုင်တော့မယ်မထင်ပါဘူး။ သူတို့ (၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင် ရ၍ လွှတ်တော်တွင်းရောက်ရှိလာ မည့် သူများကိုဆိုလိုသည်)တွေ ဟာ စီးပွားရေးသမားတစ်ယောက်၊ ဒါမှမဟုတ် နည်းပညာရှင်တစ် ယောက်ကို သမ္မတအဖြစ်ရွေး ချယ်လိမ့်မယ်။ ပြီးရင် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို  ဒုသမ္မတအဖြစ် ရွေးချယ်ကြလိမ့်မယ်’’ဟု မြန်မာ့ အရေးကျွမ်းကျင်သူ ဆွီဒင်သ တင်းစာရေးဆရာ ဘာတေးလ် လင့်တနာက သမ္မတလောင်းခန့် မှန်းချက်ပေးသည်။
ထို့အပြင် ၂၀၁၅ အလွန်အ ခြေအနေမှာ အတိုက်အခံနှင့်အာ ဏာရပါတီအကြား အာဏာခွဲဝေ ရေးပုံစံနှင့်ဆက်သွားပြီး လွှတ် တော်နှင့်အစိုးရအဖွဲ့ကို ပူးတွဲ ထိန်းချုပ်ရန် စီစဉ်နေကြောင်း သ တင်းများထွက်ပေါ်နေသည်။ ထို အခြေအနေကို တပ်မတော်က ဘယ်လောက်အတိုင်းအတာအ ထိ ခွင့်ပြုနိုင်မလဲဆိုခြင်းကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း ဦးသက် ဇင်ကပြောသည်။
‘‘အခုကိုပဲ အသက် ၇၀။ မြန်မာပြည်ရဲ့အသက်အရွယ်ပိုင်း  အခြားအရဆို အမယ်အိုပေါ့။ နောက်ငါးနှစ်ဆို အမယ်ကြီးအို ဖြစ်တော့မယ်။ ကျွန်တော်အံ့အား သင့်တာတစ်ခုရှိတယ်။ သားသမီး တွေအားလုံးက ဒီအမယ်အိုကို မှီ ပြီးလုပ်နေတော့မှာလား။ ကိုယ့် အမေကိုယ် နည်းနည်းပါးပါးသ နားရင် သားသမီးတွေက အမေ့ တာဝန်ကိုလွှဲယူသင့်တယ်လို့ကျွန် တော်အမြဲပြောတယ်။ စိတ်လည်း မကောင်းဘူး။ ဒီခြေဥပြင်ဆင်တဲ့ မူကြမ်းဆို လွှတ်တော်မှာ လက် မှတ်တွေထိုးပြီးမှ ပိပိရိရိလိမ်တာ ကိုခံလိုက်ကြရပြီလေ’’ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်း ဇာဂနာ ကပြောသည်။
လက်ရှိနိုင်ငံရေးပကတိအ ခြေအနေအရ ဒေါ်အောင်ဆန်းစု ကြည်မှာ သမ္မတဖြစ်ရန်အခွင့်အ ရေးနည်းပါးနေပြီဖြစ်သည်။ သို့ သော် ရွေးကောက်ပွဲမတိုင်မီပုဒ်မ ၅၉(စ)ကို အချိန်မီမပြင်နိုင်ပါက စိတ်မပူပါ။ ဒီချုပ်က ရွေးကောက် ပွဲဝင်ရန်လိုပြီး ရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရရေးသာ အရေးကြီး ကြောင်း အသက် (၄၀) အရွယ် စင်ကာပူတွင်နေထိုင်သည့် ဒေါ် သီတာအောင်က ယခုကဲ့သို့ပြော သည်။
‘‘NLD နိုင်ဖို့ပဲအရေးကြီးပါ တယ်။ လက်ရှိအာဏာရှင်အစိုးရ အမှန်တကယ်ပြုတ်ကျပြီး NLD သာမဲနိုင်ရင်၊ အာဏာလည်းလွှဲ အပ်ရင် ကျွန်မတို့ပြည်သူအားလုံး ယုံကြည်ကိုးစားရတဲ့အမေစုဟာ နောက်ထပ် ရွေးကောက်ပွဲမတိုင် ခင်လေးနှစ်အတွင်း  (၂၀၁၅ မှ ၂၀၂၀ အတွင်းကိုဆိုလိုသည်) လည်း သမ္မတဖြစ်ဖို့ အခွင့်အလမ်း တွေရှိပါတယ်’’
မြန်မာ့နိုင်ငံရေးကျွမ်းကျင် သူ မစ္စတာဘာတေးလ်လင့်တနာ ကတော့ ‘‘လက်ရှိအင်အားစုတွေကတော့ သူမကို သမ္မတဖြစ်ခွင့်ပေးမှာမဟုတ်ဘူး’’ဟုဆိုသည်။






Credit - 7 DaysDaily

Saturday, December 13, 2014

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော


သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။
အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။
‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။
အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။
လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။
7days
http://7daydaily.com/story/26952#.VI0YJHvyTIU

ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော


အိမ်ခြံမြေဈေးကောင်းသော ရန်ကုန်မြို့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကွန်ဒိုမီနီယံ ဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုတိုက် ခန်းဝယ်ယူခွင့်ပြုပါက အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမည့် ကွန်ဒိုမီနီယံ ဥပဒေ၌ နိုင်ငံခြားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်ခွင့် ရှိလာပြီး ယင်းအချက်သည် ပြည်သူလူထု အများထက် လူနည်းစုကိုသာ အကျိုးအမြတ်ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘အခုမြန်မာက ကွန်ဒိုတိုက် ခန်းတွေက စင်ကာပူထက် ဈေး က ဆယ်ဆလောက် ဈေးနည်း သေးတယ်။ နိုင်ငံခြားသားတွေ ၀ယ်ခွင့်ပြုလိုက်ရင် ဈေးတွေတဟုန် ထိုးတက်လာနိုင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင်များသည် တိုက် များ အမြန်ရောင်းထွက်ရန် နိုင်ငံခြားများကို ရောင်းချနိုင်ရန် ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းခြင်းဖြစ်ပြီး တိုက်ခန်းများအမြန်ရောင်းထွက်လျှင် ပြည်သူလူထုအတွက် အကျိုးရှိသည့် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျ ရောင်းချသည့် စနစ်ကိုသာ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘နိုင်ငံခြားသားတွေက ကွန် ဒိုတွေကို ဈေးကြီးပေးမယ်။ ရောင်းတဲ့သူက ပြန်ရောင်းပြီးရင် နောက်ထပ်ဈေးတစ်ခုနဲ့ ၀ယ်မယ်။ ဒီလိုအဆင့်ဆင့်နဲ့ ရောင်းဝယ်မယ်ဆိုရင် နောက်ဆုံး မြို့ပေါ်ကလူတွေ မြို့ပြင်ရောက်မယ်။ အိမ်ခြံမြေနှုန်းကမြင့်သထက် မြင့်လာမယ်။ နောက်ဆုံးခံရမှာ ပြည်သူတွေပဲ’’ ဟု ၎င်းကပြောသည်။
၂၀၁၄ ဒီဇင်ဘာအ တွင်း နိုင်ငံခြားသားကို အမြဲတမ်း နေထိုင်ခွင့် စတင် လျှောက်ထားခွင့်ပြုရာ၌ယင်းနိုင်ငံခြားများအတွက် ကွန်ဒိုတိုက်ခန်းများ၌ ၀ယ်ယူနေနိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း ဖြစ်သည်။
‘‘လက်ရှိ နိုင်ငံခြားသားတွေ က အများကြီး ၀ယ်နိုင်ဦးမှာမဟုတ်လို့ ဈေးတက်လာဖို့ မရှိ သေးဘူး။ ဒါပေမဲ့ အများအ၀ယ် လိုက်လာရင် ဈေးကွက်သဘော အရ အိမ်ခြံမြေဈေးက တက်လာ မှာပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောသည်။
ဈေးကွက်စီးပွားစနစ်အရ နိုင်ငံခြားသားများကို တိုက်ခန်း ပိုင်ဆိုင်ခွင့်ပေးသင့်ပြီး လက်ရှိဥပဒေတွင် ခြောက်ထပ်အမြင့်ထိသာ ခွင့်ပြုပေးထားကြောင်း ထို့ကြောင့် လက်ရှိ အိမ်ခြံမြေဈေးနှုန်းကို ထိခိုက်နိုင်ရန် မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
‘‘ကွန်ဒိုတိုက်ခန်းကို နိုင်ငံ ခြားသားတွေ ၀ယ်တဲ့ ပမာဏက နောက်ငါးနှစ်အတွင်းများများ စားစား မရှိလာနိုင်ဘူး။ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြို ဆိုသင့်တယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အမြဲတမ်း နေထိုင်ခွင့်အတွက် နိုင်ငံခြားသားများ ကွန်ဒို တိုက် ခန်းဝယ်ယူရာတွင် လိုအပ်ပါက ကန့်သတ်ချက်ထားသင့်ကြောင်း နှင့် မည်သည့် နိုင်ငံခြားသားမဆို ၀ယ်ယူခွင့်ပြုခြင်းသည် အိမ်ခြံမြေ ဈေးနှုန်းအတွက် စိုးရိမ်စရာဖြစ် ကြောင်း ဒေါက်တာကျော်လတ် က ပြောသည်။
7days
http://7daydaily.com/story/26969#.VI0YGnvyTIU