Saturday, December 13, 2014

လီဗာပူးနှင့်ပွဲ ဒီမာရီယာလွဲချော်မည်ဖြစ်သော်လည်း မန်ယူဒဏ်ရာရသူအချို့ ကောင်းမွန်လာ


လန်ဒန်− ယနေ့တွေ့ဆုံမည့် လီဗာပူး နှင့်ပွဲကို မန်ယူက စံချိန်တင်ကြေးဖြင့် ခေါ်ယူထားသည့် တိုက်စစ်ကစားသ မား ဒီမာရီယာ လွဲချော်မည်ဖြစ်သော် လည်း ဒဏ်ရာရကစားသမားများ လျော့နည်းလာပြီဟု မန်ယူနည်းပြ ဗန်
ဂါးလ်က ပြောသည်။
ရီးရဲလ်မက်ဒရစ်မှ ဗြိတိန်စံချိန် တင်ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့်ခေါ်ယူထားသည့် အာဂျင်တီးနားလက် ရွေးစင် ဒီမာရီယာသည် တံကောက် ကြောဒဏ်ရာ မသက်သာသေးသဖြင့် သုံးပွဲဆက်တိုက် ပါဝင်ကစားနိုင်ဦး မည် မဟုတ်ပေ။
ပရီးမီးယားလိဂ်ဖလား အကြိမ် (၂၀) ရဖူးသည့် မန်ယူအသင်းတွင် နောက်ခံကစားသမားများဖြစ်သည့် လုခ်ရှောနှင့် စမောလင်းတို့အပြင် ကွင်းလယ်လူဘလိုင်းလည်း ပါဝင်နိုင် မည်မဟုတ်ပေ။
သို့သော် ကစားသမား ၁၂ ဦးအ ထိ ပါဝင်မကစားနိုင်သည့်အချိန်ကို ဖြတ်သန်းခဲ့ရပြီးနောက် ဒဏ်ရာရ ကစားသမား များပြားမှုပြဿနာ အ ဆုံးသတ်နိုင်တော့မည်ဟု မန်ယူနည်း ပြ ဗန်ဂါးလ်က မျှော်လင့်နေသည်။
ယခုအခါ မန်ယူအသင်းတွင် ဒဏ်ရာရကစာသးမား လေးဦးသာ ကျန်ရှိတော့ကြောင်း ဗန်ဂါးလ်ကပြောသည်။
မန်ယူသည် ပရီးမီးယားလိဂ်တွင် (၁၅)ပွဲကစားပြီး ၂၈ မှတ်ဖြင့် အမှတ် ပေးဇယား တတိယနေရာတွင်ရပ် တည်နေကာ ဇယားထိပ်မှ ချယ်လ်ဆီး နှင့် ရှစ်မှတ် ကွာဟနေသေးသည်။
—Ref: Reuters

0 comments:

Post a Comment