Saturday, December 13, 2014

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

 မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၄ တစ်နှစ်လုံးတွင် ရဲမှူးအဆင့်မှ အောက်ခြေ၀န်ထမ်းအထိ ရဲဝန်ထမ်း ၂၀ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘တာဝန်ပေါ့လျော့တာ၊ ကွပ်ကဲမှု အားနည်းတာ၊ စာရိတ္တ ကြောင့် အရေးယူတဲ့ အပိုင်းတွေ ရှိတယ်’’ ဟု နေပြည်တော် တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကို အောင်က ပြောသည်။
အရေးယူခံရသော ရဲဝန်ထမ်း ၂၀ ဦးမှာ ရဲမှူးအဆင့် သုံးဦး၊ ဒုရဲမှူးသုံးဦး၊ ရဲအုပ်ခြောက်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့်များ ပါဝင်သည်။
ယင်းရဲဝန်ထမ်းများကို ရဲ တပ်ဖွဲ့မှ ထုတ်ပယ်ခြင်းမျိုးမရှိဘဲ ရာထူးလျှော့ချခြင်း၊ နယ်များသို့ ပြောင်းရွှေ့ခြင်းစသည့် အရေးယူ မှုများသာ ပြုလုပ်ခဲ့ကြောင်း ရဲမှူး ကြီး ကိုကိုအောင်က ဆိုသည်။
‘‘ဒီလို ရဲဝန်ထမ်းတွေကို အ ရေးယူတယ်ဆိုတာ စံပြအနေနဲ့ ကောင်းပါတယ်။ အမှန်တကယ် အပြစ်ရှိတဲ့သူတွေဖြစ်ဖို့ လိုတယ်။ ဖော်ထုတ်ပြီး အများပြည်သူရှေ့ မှာ ပွင့်ပွင့်လင်းလင်းဖြစ်ဖို့ လို သေးတယ်’’ ဟု အသက် (၆၂) နှစ်အရွယ် အငြိမ်းစား အစိုးရ၀န်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
အချုပ်ခန်းမီးလောင်ခြင်း၊ အချုပ်သား ထွက်ပြေးလွတ်မြောက် ခြင်း၊ ဖုန်းကတ်၊ စာရွက်စာတမ်း ဖိုးများအတွက် ငွေတောင်းခံခြင်း စသည်တို့အတွက် အရေးယူမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကျင့်ပျက်တပ်ဖွဲ့ဝင်များ ကို အရေးယူနေသည်ဆိုသော် လည်း ပြီးခဲ့သည့် နိုဝင်ဘာလအ တွင်း ဖားကန့်မြို့အခြေစိုက် မူး ယစ်ဆေးရောင်းသူ တစ်ဦးကိုဖမ်းဆီးသည့်အမှုတွင် ဖမ်းဆီးခံရ သူနှင့် ပူးပေါင်းကျူးလွန်သည်ဆို သည့် ဒုရဲအုပ်အဆင့်ရှိ မူးယစ်ရဲ တပ်ဖွဲ့ဝင်တစ်ဦးအား အထက်အ ရာရှိများက အရေးယူခဲ့ခြင်းမရှိ ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
7days
http://7daydaily.com/story/26972#.VI0YB3vyTIU

0 comments:

Post a Comment