၁၁။ Matt Dallas
ဒီနှစ်ရဲ့အစောပိုင်း Matt ဟာသူ့ချစ်သူကောင်လေးနဲ့စေ့စပ်ခဲ့တယ်လို့ကြေငြာလိုက်ပြီး ပရိတ်သတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။
၁၂။ Suze Orman
ငွေကြေးဆိုင်ရာအကြံပေး ဆရာမကြီးကလည်းပွင့်လင်းပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်း သူမရဲ့ show ရက်သတ္တပတ်တစ်တစ်ခုလုံးမှာ လိင်တူလက်ထပ်ခြင်းနဲ့ပါတ်သတ်တဲ့ အဓိကပြသနာတွေကို ရည်ရွယ်ပြောဆိုခဲ့ပါတယ်။
၁၃။ Nathan Lane
Nathan Lane ကတစ်ခါတုန်းက ‘ကျွန်တော်က single တစ်ယောက်ဖြစ်ပြီး ဂီတဇာတ်ရုံမှာအလုပ်အရမ်းလုပ်ပါတယ်။ ခင်ဗျားတွက်ချက်ကြည့်ပေါ့’ လို့ပြောပါတယ်။ Ellen ရဲ့၂၀၀၇ ခုနှစ် အတွဲတစ်ခုထဲမှာလည်း gay ဖြစ်တာကိုထုတ်ဖေါ်ခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။
၁၄။ Zachary Quinto
နောက်ထပ် ပွင့်လင်းပြီးကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်သူတစ်ဦးဖြစ်တဲ့ Zachary Quinto တစ်ယောက် gay ဖြစ်ကြောင်းထုတ်ဖေါ်ခဲ့ပြီးတဲ့နောက်မှာ Heroes နဲ့ Star Trek ပရိတ်သတ်တွေတအံ့တသြဖြစ်ခဲ့ရပါတယ်။
၁၅။ David Hyde Pierce
Frasier စီးရီးရဲ့ငွေကြယ်ပွင့် David Hyde Pierce က gay ဖြစ်နေတယ်ဆိုတာကိုတော့ လူတွေသိပ်သတိမထားမိခဲ့ကြပါဘူး။ သူက သူ့ပုဂ္ဂိုလ်ရေးဘ၀နဲ့ပါတ်သတ်ပြီး အရမ်း သိုသိုသိပ်သိပ် နေတတ်တယ်။ သူ့ပရိတ်သတ်တော်တော်များများက သူ gay ဖြစ်နေတာကိုမသိသေးပါဘူး။
၁၆။ Ricky Martin
Ricky ကိုယ်တိုင်ထုတ်ဖေါ်တာကို အချို့ပရိတ်သတ်တွေ မသိသေးပါဘူး။
၁၇။ Cynthia Nixon
Sex and the City သရုပ်ဆောင် Cynthia မှာ ဇနီးတစ်ယောက်ရှိပါတယ်။
ဒါပေမယ့်သူမရဲ့ လိင်စိတ်တိမ်းညွှတ်မှုအကြောင်းကို လူတိုင်းသိပုံမရပါဘူး။ လိင်နှစ်ခွဖြစ်တယ်ဆိုတာကို ထုတ်ဖေါ်ခဲ့တာကြောင့်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၁၈။ Victor Garber
Gay ဖြစ်ကြောင်းထုတ်ဖေါ်ခဲ့တဲ့ ၂၀၁၂ မှာ Victor Garber ကသူ gay ဖြစ်ခဲ့တယ်ဆိုတာကိုမသိခဲ့ဘူးလို့ နောက်ပြောင်ခဲ့ပါတယ်။ အခြားသူတွေအတွက်တော့ သူ့ရဲ့ကြေငြာမှုက အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့ပါတယ်။
၁၉။ Jason Collins
သူ့ရဲ့ထုတ်ဖေါ်မှုက မီဒီယာတွေကိုလွှမ်းမိုးသွားပြီးတဲ့နောက် အခုတော့သူ gay ဖြစ်တယ်ဆိုတာ အားလုံးသိကုန်ပါပြီ။
၂၀။ Jonathan Knight
New Kids on the Block အဖွဲ့ရဲ့အဆိုတော်ကလည်း gay ပါပဲ။
Ref:hollyscoop.com
Trend












0 comments:
Post a Comment