Gay ဖြစ်နေတဲ့ ငွေကြယ်ပွင့်များ (အပိုင်း-၁)
၁။ Amber Heard
Johnny Depp နဲ့တွဲတဲ့အတွက် သတင်းထိပ်ပိုင်းတွေမှာ ဖော်ပြခြင်းခံရပေမယ့် Johnny နဲ့မတိုင်ခင် သူမရဲ့နောက်ဆုံးအချစ်ဇာတ်လမ်းကတော့ အမျိုးသမီးတစ်ဦးနဲ့ဆိုတာ လူတော်တော်များများမသိကြပါဘူး။
၂။ Matt Bomer
ကာလကြာရှည်ကြင်ဖေါ်ဖြစ်တဲ့ Simon Halls ဆို သူနဲ့ကလေးနှစ်ယောက်ရှိပေမယ့် ဒီသရုပ်ဆောင်ရဲ့ပရိတ်သတ်တွေက သူ gay ဖြစ်ကြောင်းသိတဲ့အခါ အံ့သြနေကြဟန်ရှိနေပါသေးတယ်။
၃။ Raven Symone
Raven Symone က ANTM ရဲ့ပြိုင်ပွဲဝင်မော်ဒယ်လ် AzMarie Livingston နဲ့တွဲနေတယ်ဆိုတာတော့ လူသိရှင်ကြားအရာ တစ်ခုဖြစ်ပုံရပါတယ်။
၎။ Gillan Anderson
The X Files ထဲက Scully က gay ဖြစ်တယ်ဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ Out မဂ္ဂဇင်းထဲမှာ သူမထုတ်ဖေါ်ထားပါတယ်။
၅။ Jonathn Bennett
Mean Girls ထဲမှာ Lindsay Lohan ရဲ့ချစ်သူ အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် သူ့ကို အားလုံးက မျက်စိကျခဲ့တာပါ။ ဒါပေမယ့် အမျိုးသမီးထုအတွက် ကံမကောင်းတာက သူက gay ဖြစ်နေပြီး သရုပ်ဆောင် Matt Dallas နဲ့လည်း တွဲနေတာဖြစ်ပါတယ်။
၆။ Ian McKellan
လူတွေကသူ gay ဖြစ်ကြောင်းပြောရင် လူတွေကအမြဲတမ်း အံ့အားသင့်ကြမယ့်ပုံပါပဲ။ ဒါပေမယ့် Anderson TV စီးရီးရဲ့အပိုင်းတစ်ခုမှာသူ ထုတ်ဖေါ်ခဲ့ပါတယ်။
၇။ Sarah Paulson
“American Horror Story” ရဲ့သရုပ်ဆောင်မင်းသမီးဟာ ပွင့်ပွင့်လင်းလင်းဖေါ်ထုတ်ပြသ(ကိုယ်ဘယ်လိုလူလဲဆိုတာ) တတ်ပြီးဂုဏ်ယူတတ်တဲ့သူတစ်ဦးပါ။ အဲဒီ့ TV show မှာလည်း မိန်းမချင်းချစ်ကြိုက်သူအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။
၈။ Portia de Rosso
Portia de Rosso တစ်ယောက်ကတော့ Ellen DeGeneres နဲ့တွဲနေတာဖြစ်ပါတယ်။ သူတို့နှစ်ဦးစတွဲတုန်းက လူတိုင်းက ‘အိုး… ကောင်းပြီလေ။ သူမ gay ဆိုတာကိုမသိခဲ့ဘူး။ ဒါပေမယ့် ok ပါ’ လို့ဖြစ်ကုန်ကြတယ်။
၉။ Annie Leibovitz
နာမည်ကြီး Annie Leibovitz တစ်ယောက်လည်း ပွင့်လင်းပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်သူတစ်ဦးပါ။
၁၀။ Lady Sovereign
U.K ရပ်ပါမလေးရဲ့ပရိသတ်တွေက သူမရဲ့ လိင်အမျိုးအစားကို နှစ်ပေါင်းများစွာ သိချင်လာခဲ့တာပါ။ ဒါပေမယ့် Diva မဂ္ဂဇင်းရဲ့ ၂၀၁၀ အတွဲမှာ သူမ gay ဖြစ်ကြောင်းထုတ်ဖေါ်ခဲ့ပါတယ်။
Ref:hollyscoop.com
Trend












0 comments:
Post a Comment