JYP
K-Pop သီချင်းတွေ စွဲစွဲမြဲမြဲနားထောင်တဲ့သူတိုင်း သတိထားမိမှာပါ။ JYP Enertainment ကထွက်တဲ့အဖွဲ့တိုင်း သူတို့ရဲ့သီချင်းတိုင်းမှာ ဒီ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ Park Jin Young နာမည်အတိုကောက် (JYP)ကို ထည့်သွင်းသီဆိုကြလေ့ရှိပါတယ်။ 2PM၊ Rain၊ Wonder Girls၊ Miss A စတဲ့အဖွဲ့တွေဟာ ကုမ္ပဏီနာမည်ကို အမြဲထည့်ဆိုတဲ့အပြင် JYP ကိုယ်တိုင်ကလည်း သူ့နာမည်သူထည့်ဆိုလေ့ရှိပါတယ်။
VIXX's Ravi
VIXX အဖွဲ့ရဲ့ ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Ravi ဆိုရင်လည်း သူဆိုရမယ့် ရက်ပ်အပိုဒ်တွေမှာ သူ့နာမည်ကို အမြဲထည့်သွင်းသီဆိုလေ့ရှိပါတယ်။ သူတို့အဖွဲ့ရဲ့ နောက်ဆုံးထွက်ထားတဲ့သီချင်း Eternity သီချင်းမှာပဲကြည့်။ သူ့နာမည်ကို ကြားကိုကြားရမှာပါ။
EXO

ခုလတ်တလော လူငယ်တွေနှစ်ခြိုက်အားပေးနေကြတဲ့ EXO အဖွဲ့ဟာဆို၇င်လည်း သူတို့ကိုယ်သူတို့ ပရိုမိုးရှင်းလုပ်တဲ့သဘောအနေနဲ့ EXO ကို သူတို့သီချင်းတိုင်းမှာ ထည့်ဆိုလေ့ရှိတာ တွေ့ရမှာပါ။ အစပိုင်းက XOXOလို့ အဖွဲ့နာမည်ရော၊ သီချင်းနာမည်ကိုပါ ပေးခဲ့ပေမယ့် EXO လို့နောက်ပိုင်းမှာ ပြောင်းလဲသုံးခဲ့ကြပြီး နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Growl နဲ့ Overdose သီချင်းတွေမှာ သူတို့အဖွဲ့နာမည်ကို သေသေချာချာကို ကြားရမှာပါ။
2NE1
K-Popအဖွဲ့တွေမှာ နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1ကတော့ ဟိုးအရင်တုန်းကသီချင်း Fire မှာကတည်းက သူတို့အဖွဲ့နာမည်ကို ထည့်သွင်းသီဆိုခဲ့တာပါ။ ဒါပေမယ့် သူတို့တွေက ကုမ္ပဏီနာမည်တွေကို ထည့်ဆိုလေ့မရှိပဲ သီးခြားအနေနဲ့ Try To Copy Me ဆိုတဲ့စာသားကိုတော့ တော်တော်လေးသုံးတယ်လို့ ဆိုထားပါတယ်။ မကြာသေးခင်က အားလုံးသိပြီးသား Crush သီချင်းမှာတော့ အဖွဲ့ဝင် Minzy က သူ့နာမည်သူ ထည့်သွင်းသီဆိုသွားခဲ့ပါတယ်။
SHINee
Dream Girl ဆိုတဲ့သီချင်းမှာ SHINee is back ဆိုပြီး သီဆိုခဲ့တာ SHINee ပရိသတ်တွေမှတ်မိမှာပါ။ နောက် Sherlock သီချင်းမှာလည်း ဒီလိုပဲ ထည့်ဆိုတာ ကြားဖူးမှာပေါ့။ သူတို့က သီချင်းတိုင်းတော့ သူတို့အဖွဲ့နာမည်ကို ထည့်မဆိုပေမယ့် တစ်ခါထည့်ဆိုလိုက်ရင်လည်း မှတ်မှတ်ရရ ရှိနေကြပါတယ်။
Ref:kpopstarz.com












0 comments:
Post a Comment