This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 22, 2014

ဂျနီဖာလောရင့်စ်နှင့် ကျော်ကြားသူအချို့ အဖော်အချွတ်ဓာတ်ပုံများ ထပ်မံဖော်ပြခံရ


 ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်၏ အဖော်အချွတ် ဓာတ်ပုံသစ်များသည် စက်တင် ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ ထပ်မံဖော်ပြခြင်းခံခဲ့ရသည်။
စက်တင်ဘာ ၂၀ ရက်တွင် အွန်လိုင်း၌ အဖော်အချွတ်ရုပ်ပုံ များဖြင့် ထပ်မံဖွင့်ချခံရသော ကျော်ကြားသူများထဲတွင် ကင် ကာဒက်ရှီယန်၊ ကိတ်အပ်တန်၊ ဗစ်တိုးရီးယားဂျက်စတစ်၊ ဟွတ် ဆိုလို၊ လီလီဆိုဘိုင်းစကီး၊ ဟေ ဒင်ပန်နက်တီးယားတို့လည်း ပါဝင်သည်။
လွန်ခဲ့သည့် သီတင်းသုံးပတ် ခန့်ကလည်း ကျော်ကြားသူအချို့ ၏ အဖော်အချွတ်ဓာတ်ပုံများ

Toyota Land Cruiser ရဲ့ တကျော့ပြန်လည် ဆန်းသစ်မှု

~



  ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ မော်တာ ကော်ပိုရေးရှင်းက  Land Cruiser 70 အမျိုးအစား ကားများ ပြန်လည်ရောင်းချပြီဖြစ်သည်။

Thursday, September 18, 2014

အိပ်စရာနေရာ ရရန် မိန်းကလေးများနှင့် ညတိုင်းတွဲသည့် အိမ်ယာမဲ့


နယူးယော့ခ် မြို့ တော် မန်ဟတ်တန်ရှိ အိမ်ခြေ
ယာမဲ့တစ်ဦးသည် ညတိုင်းလိုပင် မိန်းကလေး
များနှင့် အတူလိုက်အိပ်ကာ အိပ်စရာ အခက်အ
ခဲကို ဖြေရှင်းလျှက် ရှိသည်ဟု Mirror သတင်း
ဌာနက ဖော်ပြသည်။


အသက် ၂၁ နှစ်ရှိ ရုပ်ဖြောင့်သော ဂျိုးဆိုသည် အိမ်ခြေယာမဲ့က ခြေသလုံးအိမ်တိုင် ဘဝပင် ဖြစ်သော်လည်း ယောက်ျား အများစု အားကျယူရ လောက်အောင် မိန်းများကို ဆွဲဆောင်နိုင်သည်ဟု mirror သတင်းကရေးသားသည်။

ဂျိုးက နေ့ ခင်းချိန်များတွင် အလှဆီများ ခေါင်းလိမ်းဆီများကို နမူနာ အခမဲ့သုံးနိုင်သော ဆိုင်များသို့  သွားရောက်ယူကာ သူ့ ရုပ်ရည်ရူပကာ အတွက် ပြင်ဆင်သည်။ တောင်းရမ်း ရသော ငွေကြေး အချို့  ကိုလည်း အသုံးသည်။

"နယူးယော့ခ် မြို့ တော်ကြီးက အံ့သြစရာ အပြည့်ပါ။ ၈၉ သန်း ရှိတဲ့ လူဦးရေမှာ မိန်းကလေး တွေကို စိတ်တိုင်းကျ တွဲနိုင်တယ်" ဟု ဂျိုးကပြောသည်။

"မိန်းကလေးတွေကို အရောဝင်တယ်။ နောက် အတူသောက်စား ကြပြီး အတူအိပ်ခွင့် ရတော့တာ ပါပဲ"ဟုလည်း ဂျိုးက ဆက်၍ ပြောသည်။

ဂျိုးသည် နေ့ စဉ် အလွန်အကျွံ့  သောက်စားသူ တစ်ဦး ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားသည်။ ၎င်းအိမ်ခြေယာမဲ့ ဘဝသို့ ရောက်ရှိခဲ့ သည်မှာလည်း မူးယစ် ဆေးဝါးများ ဖွက်ထားသည်ကို မိခင် ဖြစ်သူက တွေ့ ရှိသွား၍ အိမ်မှ နှင်ချ ခံခဲ့ရခြင်း ဖြစ်သည်။

Mizzima News Daily

နည်းနည်းလေးမှ မဝေးချင်ဘူး အခွေ အောက်တိုဘာလမှာ ထွက်ရှိတော့မယ့်အကြောင်း ဖွင့်ဟလာတဲ့ အဆိုတော် နေနေ

Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ အဆိုတော်နေနေ ဟာ ဆူးစူးသူ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီးနောက် ဒုတိယအခွေဖြစ်တဲ့ နည်းနည်းလေးမှမဝေးချင်ဘူး ကို အောက်တိုဘာမှာထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရတာကြောင့် ဒီအခွေလေးနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့
လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
လတ်တလောမှာတော့ နေနေ ခရီးသွားဖြစ်နေပါတယ်။ နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ပြီးတော့ နေနေရဲ့ ဒုတိယစီးရီးအတွက် လုပ်နေပါတယ်။
ဒုတိယတေးစီးရီးအခွေ ပရိသတ်ကို ဘယ်တော့လောက်ချပြမလဲ။
အောက်တိုဘာမှာ ထွက်ရှိပါတော့မယ်။
ဒီအခွေလေးထဲမှာရော ဘယ်လိုဂီတအမျိုးအစားတွေ ပါဝင်ဦးမလဲ။
Countryပုံစံပါမယ်။ Popပုံစံပါမယ်။ မြူးမြူးလေးတွေ လည်းပါပါတယ်။ အစုံပေါ့နော်။
ပထမအခွေနဲ့ဒုတိယအခွေရဲ့ ကွာခြားချက်ကဘယ်လိုရှိမလဲ။
ပထမအခွေမှာက ကော်ပီသီချင်း ဆယ်ပုဒ်ထည့်ထားတယ်။ Owntune နှစ်ပုဒ်ပဲပါတယ်။ အခွေကို ပြောင်းပြန်လုပ်ပစ်လိုက်တာပေါ့။ ဒုတိယအခွေမှာ  Owntune ကဆယ်ပုဒ်၊ ကော်ပီကနှစ်ပုဒ်ထဲပါမယ်။ Owntune တောင်မှ အကောင်းဆုံးလေးတွေ ရွေးထားတာပါ။ အခွေထွက်လာရင် ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။
Owntune သီချင်းတွေဆိုရင် ပရိသတ်တော်တော်များများ အားပေးကြိုက်နှစ်သက်ကြတယ်။ အဲဒီ့တော့ နေနေရဲ့ ဒီအခွေလေးကိုရော ဘယ်လောက်မျှော်လင့်ထားပါသလဲ။
နေနေ ကိုယ်တိုင် ဒီအခွေလေး ထဲမှာ အရမ်းကြိုးစားထားပါတယ်။ Owntune တောင် ရိုးရိုးမဟုတ်ဘူး။ တကယ့်ကို Band နဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့အတွက် နေနေ ကိုယ်တိုင်အရမ်းသဘောကျတယ်။ စိတ်တိုင်းကျတယ်ပေါ့နော်။ နေနေ စိတ်တိုင်းကျသလို၊ သဘောကျသလိုမျိုး ပရိသတ်တွေလည်း စိတ်တိုင်းကျမယ်၊ သဘောကျမယ်လို့ထင်ပါတယ်။
ညီမဖြစ်သူ ချမ်းချမ်းနဲ့တွဲပြီးအခွေလုပ်မယ်လို့ ကြားပါတယ်။ ဘယ်တော့လောက်လုပ်ဖြစ်မလဲ။
အဲဒါကကြာဦးမှာပါ။ ထွက်တော့ထွက်ချင်တယ်။ လောလောဆယ်မှာတော့ သူမအား၊ ကိုယ်မအားဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားFMမှာပါတဲ့ သီချင်းတွေက တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်ဆိုတော့ နေနေ သီဆိုတဲ့အခါမှာရော ကိုယ့်အတွက် စိတ်ပူပန်ခဲ့ရတာမျိုးရှိခဲ့သေးလား။
အင်း။ ရှိတာပေါ့။ အဲဒီ့အခွေမှာပါတဲ့ သီချင်းတွေ အကုန်လုံးကလည်း အရမ်းကောင်းပါတယ်။ ဆိုထားတဲ့ Senior အဆိုရှင်တွေကလည်း သိပ်ကို တော်ပါတယ်။ လေးစားဖို့လည်း ကောင်းပါတယ်။ ပြန်ဆိုခွင့်ရတာကို အရမ်းလည်း ဝမ်းသာပါတယ်။ ကိုယ့်အရှေ့မှာ ဆိုထားတဲ့ မူရင်းအဆိုရှင်က ရှိနေတဲ့အခါကျတော့ ဆိုချင်တိုင်း ဆိုလို့မရတော့ဘူး။ သူ့ရဲ့မူရင်း ဆိုထားတာလေးကိုမှီအောင်၊ ကိုယ်ဆိုလိုက်မှပဲ ပျက်သွားတယ်ဆိုတာ မရှိရအောင် အရမ်းကို တော်တော်လေး ဂရုစိုက်ပြီး ထိန်းသိမ်းရပါတယ်။ ဒါပေမယ့် အခွေထွက်လာတော့လည်း ပရိသတ်တွေက နားထောင်ပြီး ကြိုက်တယ်လို့ ပြောကြတော့ ကျေနပ်ပါတယ်။
နေနေကရော ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စီစဉ်နေပြီလဲ။
နေနေအိမ်ထောင်ပြုဖို့ အစီအစဉ်ရှိပါတယ်။ နှစ်ယောက်စလုံးကလည်း မြန်မြန်နီးစပ်ချင်နေပြီပေါ့နော်။ သူလည်းသူ့အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်နေသလို နေနေလည်း ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ကြိုးစားပြီး လုပ်နေကျပါတယ်။ ၂၀၁၅လောက် မဟုတ်ရင်တောင် ၂၀၁၆တော့ အိမ်ထောင်ပြု မှာပါ။

Wednesday, September 17, 2014

Leonardo Dicaprio ကို Climate Change ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် UN က တိုးမြှင့်သတ်မှတ်


ဟောလီးဝုဒ် မင်းသား Leonardo Dicaprio ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့(UN) ရဲ့ ငြိမ်းချမ်းရေးသံတမန် အဖြစ် အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။ အခုအခါမှာတော့ အသက် ၃၉ နှစ်အရွယ်မင်းသား  Leonardo ဟာ ရာသီဥတုပြောင်းလဲမှု(Climate Change)ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းကို ခံခဲ့ရတယ်လို့ AP သတင်းများအရ သိရပါတယ်။
Leonardo Dicaprio ဟာ ၁၉၉၈ ခုနှစ်က လူသားတွေနဲ့ သဘာဝကမ္ဘာမြေကြားမှာ လိုက်လျောညီထွေဖြစ်မယ့် ဆက်ဆံရေးမျိုးကို ရရှိဖို့နဲ့ ကမ္ဘာကြီးရဲ့နောက်ဆုံးကျန်ရှိနေတဲ့ မြေလွတ်မြေရိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထား ခဲ့ပါတယ်။
UN ရဲ့အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ပြောကြားချက်အရ Leonardo ဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့ခေါင်းဆောင် ၁၂၀ ကျော် ပါဝင်မယ့် သဘာဝပတ်ဝန်းကျင် ညီလာခံတစ်ခုမှာ စတင်တက်ရောက်မယ်လို့ သိရပါတယ်။
Leonardo ကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သံတမန် အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဟောလီးဝုဒ် ကြယ်ပွင့်တွေကတော့ Georege Clooney နဲ့ Michael Douglas တို့ ပဲဖြစ်ပါတယ်။
Ref:dailymail.co.uk

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး



• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

Marvelon (မာဗယ်လွန်) တားဆေး



1. ကျနော်တို့ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျနော့် အမျိုးသမီးက ၂၄ နှစ်ပါ။ ကလေးက ၁ဝ လကျော်ပါပြီ။ ကလေးကဒီတယောက်ပဲရှိပါတယ်။ နောက်လေးနှစ်လောက်မှ ကလေးထပ်။ ယူချင်ပါတယ်။ အမျိုးသမီးက ပေါင် ၁၇ဝ ရှိတယ်။ ကလေးနို့မဖြတ်သေးပါ။ အခု marvelon28 သောက်နေပါတယ်။ လေးနှစ်သောက်ရင် အန္တရာယ်ရှိပါသလား။ ကောင်းကျိုးဆိုးကျိုးကို သိချင်ပါတယ်။ ကလေးနို့တိုက်လို့ကောရပါသလား။ ဒီဆေးသောက်ရင် ပိုဝနိုင်ပါသလား။ ဒါမှမဟုတ် တခြားတားဆေး ဘာသောက်သင့်ပါသလဲ။ ပိန်အောင်ဘာတွေ လုပ်သင့်ပါသလဲ။
2. ဆရာ အသက်က ၂၂ ပါ။ ဆရာဆီ marvelon အကြောင်းတစ်ခါမေးဖူးပါတယ်။ ၁၉ ရက်တည်းက (ရာသီမလာခင်) marvelon ကို စသောက်ပါတယ်။ ၂၁ ရက်နေ့မှာရာသီလာပါတယ်။ ဆရာ့စာထဲမှာ ခုမှစသောက်မဲ့သူဆို ရာသီလာတဲ့နေ့က စသောက်ပါဆိုလို့။ ခုထိ ရက်မပျက်သောက်ခဲ့ပါတယ်။ ဆေးကုန်တာနဲ့ ရာသီလာမှာလားဆရာ။ ရာသီလာတုန်း ဆေးကိုရက်ထားပြီး လာပြီးမှ ကဒ်အသစ်ပြန်စသောက်ရမှာလား ဆရာ။
3. ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ "ကလေးမရနိုင်သေးခြင်း" အကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ အိန္ဒိယမှာ လူအများသုံး Mala-D (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) နဲ့တူတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
• တားဆေးကိုပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်


ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။

သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။

လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင် ထည့်သွင်း ရေးသား ထားသည်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့သည်။ ။

Written by  မိုးဦး
မြ၀တီ
http://www.myawady.net.mm/health/item/34150-2014-01-07-15-58-53