This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 9, 2014

ဘီယာဗိုက်ပိုင်ရှင်များ သွေးတိုးရောဂါအန္တရာယ်ပိုများနိုင်


တစ်ကိုယ်လုံးအဝလွန်သူများထက် ဗိုက်တွင်အဆီစုနေသူ များ သွေးတိုးရောဂါဖြစ်နိုင်သည့်အန္တရာယ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အဝလွန်ခြင်းမှာ သွေးတိုးရောဂါ (သို့မဟုတ်)သွေးတိုးခြင်း ကို ဖြစ်စေနိုင်ကြောင်း သိရှိထားပြီးဖြစ်ကာ လူတစ်ယောက်၏ ကိုယ်ခန္ဓာတွင် အဆီစုဝေးရာနေရာကိုလိုက်၍ နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ အခြားကျန်းမာရေးပြဿနာများကို ပိုမိုများပြားစေနိုင်သည်။ သို့သော် သွေးတိုးရောဂါ၊ တစ်ကိုယ်လုံးနေရာစုံအဝလွန်ခြင်းနှင့် တစ်နေရာတည်းအဆီများစုဝေးခြင်းတို့ကြား ဆက်စပ်မှုကို ရှင်းလင်းစွာမသိရပေ။
ယခု လေ့လာမှုအတွင်း လူပေါင်း ၉၀၃ ဦးပါဝင်ပြီး ၎င်းတို့သွေးတိုးရောဂါဖြစ်ပေါ်မှုကို ခြေရာခံရန် ပျမ်းမျှအချိန် ခုနစ်နှစ်အထိလေ့လာထားခြင်းဖြစ်သည်။ အပေါ်သွေး ၁၄၀ (သို့မဟုတ်) ယင်းထက်မြင့်မားနေပြီး အောက်သွေး ၉၀ (သို့မဟုတ်)ယင်းထက်မြင့်မားနေခြင်းကို သွေးတိုးသည်ဟုခေါ်ပြီး သွေးတိုးကျဆေးများ စတင်သောက်သုံးရမည့်အခြေအနေဖြစ်သည်။
လေ့လာမှုတွင်ပါဝင်သူများ၏ ဝမ်းဗိုက်ပိုင်းရှိ နက်ရှိုင်းသောနေရာတွင်ရှိနေသော အဆီ(သို့မဟုတ်) ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ အဆီများ၊ အရေပြားအောက်ရှိ အဆီများ (သို့မဟုတ်) ခန္ဓာကိုယ်အနှံ့ရှိနေသော မျက်စိဖြင့်မြင်ရသည့်အဆီများနှင့် ကိုယ်အောက်ပိုင်းအဆီများကို ပုံရိပ်ဖော်၍ လေ့လာစစ်ဆေးခဲ့သည်။
လေ့လာမှုပြီးဆုံးချိန်တွင် ပါဝင်သူအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါဖြစ်လာသည်။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)မြင့်မားသူများ သွေးတိုးရောဂါဖြစ်နိုင်ခြေပိုများသည်။ ဝမ်းဗိုက်ပိုင်းအဆီပါဝင်မှု၊ တစ်ကိုယ်လုံးနေရာစုံအဆီပါဝင်မှုနှင့် ခန္ဓာကိုယ်အောက်ပိုင်းအဆီပါဝင်မှုများကို ထည့်သွင်းတွက်ချက်ကြည့်ရာ ဝမ်းဗိုက်ပိုင်းအဆီစုဝေးမှုနှင့် သွေးတိုးရောဂါကြား လုံးဝဆက်စပ်မှုရှိကြောင်း တွေ့ရသည်။
လိင်ကွဲပြားမှု၊ အသက်အရွယ် (သို့မဟုတ်)လူမျိုးကွဲပြားမှုများကို ထည့်သွင်းတွက်ချက်ပြီးချိန်၌လည်း ဝမ်းဗိုက်ပိုင်းအဆီစုဝေးမှုနှင့် သွေးတိုးရောဂါကြား ဆက်စပ်မှုမှာ အပြောင်းအလဲမရှိပေ။ ဝမ်းဗိုက်ပိုင်းအဆီ စုဝေးမှုနှင့် သွေးတိုးရောဂါအခိုင်အမာဆက်နွှယ်မှုကို ကျောက်ကပ်တစ်ဝိုက်နှင့် ဝမ်းဗိုက်ပိုင်းအနောက်ဘက်တွင် တည်ရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ အဆီတစ်မျိုးဖြစ်သည့် ဝမ်းဗိုက်နံရံအဆီများကို လေ့လာရာတွင် တွေ့ရှိခဲ့သည်။
ယခုလေ့လာမှုကို American College of Cardiology ဂျာနယ် တွင် ဖော်ပြထားသည်။         —Ref: TOI

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်


 မြန်မာ့တပ်မတော်တွင် အရေးပါသည့် ထိပ်ပိုင်းရာထူး အချို့ကို စက်တင်ဘာ ၈ ရက်က အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်အဆင့် ထိပ်ပိုင်းရာထူးအချို့ ကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအား စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို စစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးအား စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်၍စစ်ရေးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်အား ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်း ရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူး အရိုက်အရာ ဆက်ဆံရန် အလားအလာကောင်းသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ်(၂၅) ဆင်း ဖြစ်သည်။
မပခတိုင်းမှူးတာဝန်ကို တပ်မ (၆၆) တပ်မမှူးအား ရာထူးတိုးမြှင့်ခန့်ထားလိုက်ကြောင်း သတင်း ရရှိသည်။ အဆိုပါ တပ်မတော် ထိပ်ပိုင်းရာထူးများအပြင် နည်းဗျူဟာမှူး ရာထူးများကိုပါ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
7Days

အာရှ အားကစားပြိုင်ပွဲအခမ်းအနားများမှာ ဖျော်ဖြေမယ့် PSY နဲ့ Big Bang အဖွဲ့


တောင်ကိုရီးယားထိပ်တန်းအဆိုတော်များဖြစ်သော PSY နှင့် Big Bang အဖွဲ့တို့ သည် ၂၀၁၄ အာရှအားကစားပွဲ ၌ ပါဝင်ဖျော်ဖြေကြမည်ဟု ၎င်းတို့၏ အေဂျင်စီ YG Entertain-ment က အတည်ပြုပြောကြား သည်။ ၂၀၁၄ အာရှ အားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
PSY သည် စက်တင်ဘာ ၁၉ ရက် အားကစားပွဲ ဖွင့်ပွဲအခမ်းအနား နောက်ဆုံး၌ ဖျော်ဖြေမည်ဖြစ်ပြီး Big Bang အဖွဲ့သည် အောက်တိုဘာ ၄ရက် ပိတ်ပွဲအ ခမ်းအနား နောက်ဆုံးအစီအစဉ်တွင် ဖျော်ဖြေတင် ဆက်မည်ဟုဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှအားကစားပွဲကို တတိယအ ကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၆တွင် ဆိုးလ်မြို့နှင့် ၂၀၀၂ ခုနှစ်တွင် ဘူဆန်မြို့၌ ကျင်းပခဲ့သည်။    Ref: The Korea Herald

ချင်းမိုင်ကမြန်မာမော်ဒယ် စားပွဲထိုးဘဝကိုအဆုံးသတ်လိုက်ပြီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လူပြောများနေတဲ့ စားပွဲထိုးဘဝကနေ မော်ဒယ်လ်ဖြစ်လာသူ ရှမ်းပျိုမေ နန်းနွတ် ဟာ ဆန်ပီဆွက် (San Pee Seua) လို့ခေါ်တဲ့ ရပ်ကွက်က ဖွင့်ထားတဲ့ ထိုင်းရိုးရာ အစားအစာတွေ ရောင်း တဲ့ စားသောက်ဆိုင်မှာ ၅ နှစ်ကြာ စားပွဲထိုးဘဝနဲ့ လုပ်ကိုင်ခဲ့ပြီး အခုတော့   စာပွဲထိုး ဘဝက ရပ်နားလိုက်ပါပြီ။


ဓာတ်ပုံ- ဧရာဝတီ

ဒီဆိုင်မှာ စားပွဲထိုးအလုပ် လုပ်ကိုင်နေရင်းနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်းမှာ ဆိုင်ကို လာရောက်ကြတဲ့ ဓာတ်ပုံဆရာတွေ၊ ကြော်ငြာ ထုတ်လုပ်သူတွေက နန်းနွတ်ကို အပျော်တမ်း မော်ဒယ်လ်ဓာတ်ပုံတွေ ရိုက်ကူး ပေး တာကနေ မော်ဒယ်ဖြစ် လာခဲ့သူပါ။ 



အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ နန်းနွတ်ဟာ ခုတော့ အွန်လိုင်း မော်ဒယ်လ် လောကမှာ အထိုက် အလျောက် 
နေရာရရှိထားသူ ဖြစ်ပါတယ်။ 

အခုလို နန်းနွတ် ဒီဆိုင်ကနေ ထွက်ခွါခဲ့တာဟာ သူ့အနေနဲ့ ပိုပြီးတိုးတက်မှုကို ရှာဖွေလိုတာရယ် တဘက်မှာ သူဝါသနာထုံတဲ့ မော်ဒယ်လ်လောကကို ပိုပြီးနီးစပ်တဲ့ အလုပ်မျိုး လုပ်ကိုင်လိုတာကြောင့် လွန်ခဲ့တဲ့ ၄ လ ကတည်းက ဆိုင်ရှင်ကို ထွက်ခွာခွင့် တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

 “ကျမ အလုပ်ထွက်ဖို့ ဆိုင်ရှင်ကို ပြောတာကြာပြီ ရှင့်။ ဆိုင်မှာလည်း အလုပ်သမား မရှိသေးတော့ မထွက် ရဘူး။ ကျမအသက်အရွယ်နဲ့ စားပွဲထိုးအလုပ် သိပ့်မလုပ်နိုင်တော့ဘူး ရှင့်။ ပြီးတော့ ကိုယ့်အတွက် တိုး တက်ရာ တိုးတက်တဲ့ အလုပ်ကို ပိုပြီးလုပ်ချင်လို့ပေါ့ နော်။ အခုတော့ ဆိုင်မှာလည်း အလုပ်သမားတွေ ရောက် လာပြီ ဆိုတော့ မနေ့ကဘဲ ထွက်လိုက်ပါတယ် ရှင့်” လို့ နန်းနွတ်က ဧရာဝတီကို ရှင်းပြပါတယ်။

နန်းနွတ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ဆီဆိုင်မြို့ဇာတိဖြစ်ပြီး ၁၀ တန်း အထိ တက်ရောက်ခဲ့ပါတယ်။ 

ပညာရေး စာရိတ် ခက်ခဲတာကြောင့် သူ့အတွက် ၁၀ တန်းနဲ့ပဲ အဆုံး သတ်ခဲ့ရပြီး ဆယ်စုနှစ် ကြာ
ရေခြား မြေခြား တိုင်းတပါး နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မိခင်ဖြစ်သူကို ကူညီဖို့ ၂၀၀၆ ခုနှစ်မှာ မိခင်ရှိရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ထွက်လာခဲ့တာပါ။

ချင်းမိုင်မြို့ကို ရောက်လာကတည်းက နန်းနွမ်းဟာ ဝင်ငွေရရှိဖို့အတွက် ဆောက်လုပ်ရေး အလုပ်ရုံတွေ၊ အိမ်အကူ အလုပ်တွေနဲ့ နှစ်အတန်ကြာ ဖြတ်သန်းလာခဲ့ရတယ်လို့် ဆိုပါတယ်။ 

အဲဒီနောက်ပိုင်း ဆန်ပီဆွက် (San Pee Seua) အရပ်က ထိုင်းရိုးရာအစားအစားတွေ ရောင်းတဲ့ စားသောက်ဆိုင်မှာ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိ စားပွဲထိုး ဘဝနဲ့ ရုန်းကန်ခဲ့တာပါ။

စားပွဲထိုး မော်ဒယ်လ် လို့ ထင်ရှားနေတဲ့ ရှမ်းပျိုးမေ နန်းနွတ်ဟာ မကြာမီရက်ပိုင်းမှာ ချင်းမိုင်ခရိုင် လန်းပန်း မြို့က ကားထုတ်လုပ် ရောင်းဝယ်ရေး ကုမ္ပဏီတခုမှာ စာပွဲထိုးဘဝကနေ အရောင်းဝန်ထမ်းအဖြစ် အသွင် ပြောင်း လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ 






ငြိမ်းဇော် ~




ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဆုဖလားနဲ့ မြန်မာဘောလုံးအသင်း ပြန်လာပြီ

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖလားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် 
မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့သည်။ 


ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ
လေဆိပ်မှ တဆင့် ပြည်လမ်းတစ်လျှောက်ပြည်သူများကို နှုတ်ဆက်ခဲ့ကြပြီး သုဝဏ္ဏကွင်းတွင် အောင်ပွဲခံ အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည်။ (ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
မြန်မာအမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင် ဖိလစ်ပိုင်ဘောလုံးအသင်းကို အိမ်ရှင်ပရိတ်သတ်ရှေ့မှောက်တွင် ပထမပွဲကစားချိန်အတွင်း (၂-၂)စီဖြင့် သရေ ရလဒ်ထွက်ပေါ်နေသဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရာ လူစားဝင်ကစားသမား စိုးမင်းဦး၏ အချိန်ပို သွင်းဂိုးရပြီး ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

Sunday, September 7, 2014

အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်မှု ကြိုဆင်ပြင်ဆင်ထားဖို့ သတိပေး


  မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ သတိထားကာကွယ်ကြဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင်ရွက် မှုတွေ ပြည့်ပြည့်စုံစုံ စီမံလုပ်ဆောင်ဖို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ ) အဖွဲ့ (ဗဟို) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်တွေက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအပေါ် ဘာသာရေးကို အခြေခံပြီး အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ခုလိုကြေညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်း မဘသ (ဗဟို) ရဲ့ဥက္ကဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်တိလောကဘိဝံသ က မိန့်ကြားပါတယ်။

"မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ ဆင်းရဲမွဲတေမှုပေါ်မူတည်ပြီးတော့ ဘာသာရေးနိုး ကြွမှုတို့၊ အမျိုးဘာသာစောင့်ရှောက်မှုတို့က အားနည်းနေတဲ့အချိန်အခါ ဦးဇင်းတို့ ဒီနိုင်ငံရေးကို ဝင်မယ်ဆိုရင်တော့ အန္တရာယ်ရှိနေတော၊့ ဒါကြောင့်မို့လို့ ဒါတွေကို တွက်ချက်ပြီးတော့၊ အားလုံးသတိထားပြီး ကာကွယ်ကြပါ၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်ယူပေးကြဖို့ ဦးဇင်းတို့ ကြေညာတယ်၊ ဒီလိုလုပ်ရပ်ကိုလည်း ၂၁ ရာစုမှာ မရှိသင့်တဲ့၊ မလုပ်သင့်တဲ့အရာတွေဖြစ်လို့ ကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်း ကြေညာထားတယ်"

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေမှာ Al-Qaeda အဖွဲ့ခွဲတစ်ဖွဲ့ကို အိန္ဒိယမှာဖွဲ့စည်းထားကြောင်း ၊ အဲ့ဒီအဖွဲ့ က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယားက မွတ်စလင်တွေကို မမျှတမှုတွေ ဖိနှိပ်ခံရမှုတွေက လွတ်ကင်းအောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်နေ့က ဗွီဒီယိုကနေ တဆင့်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦင်္ီးကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကြိုတင်ရိပ်စားသိရှိထားတဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စောင့် ကြည့်လေ့လာ သတိပေးစနစ်အပါအဝင် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ထားခဲ့တယ် လို့ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Al-Qaeda ဒုတိယ ခေါင်းဆောင် Saeed al-Shehri

ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်အပေါ် မတူကွဲပြားတဲ့ အမြင်များ



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာလုပ်တဲ့ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ထုတ်ပြောလိုက်ပါတယ်။ ကော်မရှင်ရဲ့ ကြားဖြတ်မလုပ်တော့ဘူးဆိုတဲ့ ထုတ်ဖော် ပြောဆိုချက် အပေါ် မတူကွဲပြားတဲ့အမြင်တွေ ထွက်ပေါ်လာပါတယ်။

ပြည်မြို့ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အနီး မြေဈေးများ အဆမတန် မြင့်တက်လာ



ပျူမြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ပြည်မြို့ အရှေ့ဘက်ခြမ်းရှိ ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာ ကျေးရွာ အကြား မြေကွက်များမှာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာ ကြောင်း သိရသည်။

အဆိုပါ မြေကွက်များမှာ ယခင်က အရောင်း အဝယ် နည်းပါးခဲ့ပြီး ဈေးနှုန်းမှာလည်း နည်းခဲ့ကြောင်း သိရသည်။

၂ဝဝ၆ ခုနှစ်ခန့်က မှော်ဇာကျေးရွာ အနီး၌ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ် ငါးသိန်းခန့် ရှိခဲ့သော်လည်း ယခု အချိန်တွင် ငွေကျပ် သိန်း ၅ဝ အထိဈေးပေါက် လာခဲ့သည်။

ထို့ပြင် ရန်ကုန်- ပြည် ရထားလမ်း ပေါ်ရှိ မှော်ဇာကျေးရွာ ရထားလမ်း အကွေ့နေရာတွင်   ယခင်က(ပေ ၈ဝ x ပေ ၆ဝ) မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၄ဝ မှ လက်ရှိတွင် ငွေကျပ်သိန်း ၈ဝ အထိ ဖြစ်လာခဲ့သည်။

ပြည်မြို့၏ အဓိက အချက်အချာ နေရာဖြစ်သော ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာကျေးရွာ အကြားရှိ မြေကွက်များမှာ လမ်းမကြီးနှင့် အနီးအဝေးကို လိုက်၍ (ပေ ၂ဝ x ပေ ၆ဝ)၊ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ်သိန်း ၂ဝဝ မှ ၂၈ဝ အထိ ဈေးရှိနေသည်။

ထိုသို့ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်ကို အမှီပြု၍ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်   မြေကွက်များကို အလုအယက် လာရောက် ဝယ်ယူနေကြ သောကြောင့် ရောင်းသူ များမှာ ဈေးပိုမို ရရှိရန် အချိန်ဆွဲ ရောင်းချမှုများ ရှိနေကြောင်း မှော်ဇာကျေးရွာခံ တစ်ဦးက ပြောသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီး ချိန်မှစတင်၍ ပျူ၊ သရေခေတ္တရာ မြို့ဟောင်း အနီးတွင် စီးပွားရေး လုပ်ငန်းရှင်များက မြေယာများ လာရောက် ဝယ်ယူ စုဆောင်းမှုများ ရှိလာခြင်းကြောင့် မြေဈေးနှုန်းများ မြင့်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ် ခံထားရသော ပျူမြို့ဟောင်း နေရာများ အပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၄၆ ဇုန်တွင် မြေဈေး ကစားခြင်းများ ထိန်းချုပ်ရန်နှင့် အဆိုပါ ဇုန်များနှင့် အနီး တစ်ဝိုက်တွင် ရှေးဟောင်း အမွေအနှစ်ဟု သတ်မှတ် ခံထားရသည့် ဘုရား၊ စေတီ၊ အဆောက်အဦ များကို ဖုံးကွယ် သွားစေနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

မြေကွက် ဝယ်ယူသူများ အနေဖြင့် အဆိုပါ အခြေအနေ များကို သိရှိနိုင်ရန် သတိ ပေးထားခြင်းများ ရှိသော်လည်း ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နေရာများ၌ မြေကွက် ဝယ်မှုများနှင့် မြေဈေး ကစားမှုများ ရှိနေကြောင်း သိရသည်။

Written by  ရွှေတည်
မြ၀တီ
http://www.myawady.net.mm/allnews/localnews/item/49982-2014-09-07-10-51-00