This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 27, 2014

သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ


 ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ)

ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃) နယ်ခြားစောင့်တပ်ဖွဲ့မှ သတင်းအရ ရှာဖွေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြောက်ဘက် ဘော်ဂရာ (Bogra)ခရိုင်အတွင်း ကျေးရွာတစ်ရွာရှိ ရေကန်တခုအတွင်းမှ ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိချိန်မှာ လွန်ခဲ့သည့် ကြာသပတေးနေ့ နေ့လည် ၂ နာရီခန့်တွင်ဖြစ်ပြီး ရွာအမည်မှာ ယင်းဘော်ဂရာခရိုင်အတွင်းရှိ အာန္တာဟာ့ရ်ရွာ ဖြစ်ကြောင်း သိရသည်။

ဘော်ဂရာခရိုင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အုတ်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ဒါဇင်နှင့် ချီပြီး တူးဖေါ် ရရှိထားသော ဒေသတစ်ခု ဖြစ်သည်။

(နိရဉ္စရာ- ၂၇ ဇူလိုင် ၂၀၁၄)/ မောင်အေး
http://www.narinjara.com/burmese/?p=11312

ဖမ်းဆီးရမိသော ရုပ်ပွားတော်အား တွေ့ရစဉ် ( ဓါတ်ပုံ- Bd24news)

သွေးစုပ်ဖုတ်ကောင် နေတိုး


မကြာမီရုံတင်ပြသမည့် အဆုံးမဲ့အချစ် ရုပ်ရှင်ဇာတ်ကားကြီးတွင် သွေးစုပ်ဖုတ်ကောင်အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ထားကာ ယင်းဇာတ်ရုပ်အတွက် ရာနှုန်းပြည့်ကျေနပ်မှုရှိကြောင်း နေတိုးကပြောသည်။
‘‘သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကို ပရိသတ်တွေက နိုင်ငံခြားကားတွေမှာ မြင်ဖူးနေတာဆိုတော့ ကျွန်တ်ာတို့အတွက် စိန်ခေါ်မှုတွေရှိတယ်။ အဓိကအနေနဲ့ သွေးစုပ်ဖုတ်ကောင်ရဲ့ အစွယ်တွေ ပီပြင်မှုမရှိရင် ကျွန်တော်တို့အတွက် ဝေဖန်မှုတွေ ရှိနိုင်တယ်။ ပရိသတ်တွေမြင်ဖူးတဲ့ ဇာတ်ကောင်ဆိုတော့ ဇာတ်ရုပ်ပီပြင်မှုအပိုင်းတွေကို သေချာဂရုစိုက်ပြီး လုပ်ထားတယ်။ ကျွန်တော်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အပေါ်မှာလည်း ရာခိုင်နှုန်းပြည့်ကျေနပ်မှုရှိသလို ကျန်တဲ့ရိုက်ကူးတဲ့ အပိုင်းမှာလည်း ရာခိုင်နှုန်းတော်တော်များများ ကျေနပ်ပါတယ်’’ဟု နေတိုးကပြောသည်။
ခေတ်နှစ်ခေတ်တွင် ပါဝင်သရုပ်ဆောင်ရခြင်းဖြစ်သောကြောင့် အ၀တ်အစားပိုင်းကို သေချာဂရုစိုက်ပြင်ဆင်ခဲ့သလို သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ်ဆောင်ရသောကြောင့် မိတ်ကပ်အထူးပြုလုပ်ချက်များကိုလည်း သေသေချာချာ ပြင်ဆင်ရိုက်ကူးခဲ့သည်ဟု ၎င်းကပြောသည်။
‘‘ဒီကားက Presentation ထက် Animation ကို ဦးစားပေးပြီး ရိုက်ထားတယ်။ နောက်ပြီး သွေးစုပ်ဖုတ်ကောင်ကား တော်တော်များများက Romance နဲ့ချိတ်ပြီး ရိုက်တာများတယ်။ ဒီကားမှာလည်း Romance က ၇၀ ရာခိုင်နှုန်းလောက်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ သွေးစုပ်ဖုတ်ကောင်ရဲ့ လှုပ်ရှားမှုတွေပါမယ်။ ဖိုက်တင်တွေပါမယ်’’ဟု နေတိုးက အဆုံးမဲ့အချစ် ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောသည်။
ယင်းဇာတ်ကားတွင် ၀တ်မှုံရွှေရည်နှင့် တွဲဖက်သရုပ်ဆောင်ထားပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားသောကြောင့် ချစ်သူနှင့်သေကွဲကွဲခဲ့ကာ နောက်ဘ၀တွင် ၎င်း၏ချစ်သူအဖြစ် လူဝင်စားသည့် မိန်းကလေးနှင့် ပေါင်းဖက်နိုင်ရန် ကြိုးစားသည့် အကြောင်းအရာများကို ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။
ယင်းဇာတ်ကားကို ဒါရိုက်တာသိန်းဟန်(ဖီးနစ်)က ရိုက်ကူးထားခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ဇူလိုင်ဒုတိယပတ်အတွင်း၌ ရုံတင်ပြသမည်ဖြစ်သည်။
7days

ဆက်တိုက် ပြုလုပ်မယ့် အဆိုတော်ကြီးသုံးဦးရဲ့ ဖျော်ဖြေပွဲများ


 သြဂုတ်လတွင် အဆို တော်ကြီးသုံးဦး၏တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ဆက် တိုက်ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူဦးပီးပေါ်ကပြောသည်။
‘‘ဒီလထဲမှာ သုံးပွဲဆက်တိုက် လုပ်မယ်။ ရက်လည်းသေချာသွား ပြီ။ ဆိုင်မော့ဝ်ရဲ့ပွဲကို သြဂုတ် ၁ ရက်မှာလုပ်မယ်။ ခိုင်ထူးရဲ့ပွဲကို ၉ ရက်မှာလုပ်မယ်။ နီနီဝင်းရွှေရဲ့ ပွဲကို ၁၅ ရက်မှာလုပ်မယ်’’ဟု ဦးပီးပေါ်ကပြောသည်။
ယင်းဖျော်ဖြေပွဲများကို အမျိုးသားကဇာတ်ရုံတွင်ပြုလုပ် ရန်စီစဉ်ထားပြီး လက်မှတ်ဈေး နှုန်းများကို ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းအထိ သတ်မှတ်ထား ကြောင်း ၎င်းကပြောသည်။
စိုင်းဆိုင်မောဝ်နှင့်ခိုင်ထူးတို့ ၏ပွဲများတွင် ပြင်ပအဆိုရှင်ပါဝင် မည်မဟုတ်ဘဲ နီနီဝင်းရွှေ၏ဖျော် ဖြေပွဲတွင်မူ စုံတွဲအဆိုရှင်များ ပါဝင်နိုင်ကြောင်း ဦးပီးပေါ်က ပြောသည်။
စိုင်းထီးဆိုင်နှင့်ပတ်သက်၍ ရေးစပ်ထားသော သီချင်းတစ်ပုဒ် ကိုတစ်ကိုယ်တော်ပွဲ၌ ပရိသတ် များအား ပထမဆုံးအနေဖြင့်ဖျော် ဖြေပေးမည်ဖြစ်ပြီး တစ်ကိုယ်တော် ပွဲမကျင်းပသည်မှာ နှစ်ပေါင်းများ စွာကြာပြီဖြစ်သောကြောင့် ပရိ သတ်များကျေနပ်မှုရစေရန်ကြိုး စားတင်ဆက်သွားမည်ဟု သြဂုတ် ၁ ရက်တွင် တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်မည့် စိုင်းဆိုင်မောဝ် ကပြောသည်။
7days

ပျူမြို့ဟောင်းနှင့် နတ်မောက်ရှိ ဗိုလ်ချုပ်အိမ်သို့ မစ္စဂိုးဒင်းလန်းမြန်မာအလှမယ်များသွားရောက်မည်


ဓာတ်ပုံ−ကျော်ဇင်သန်း
မကြာသေးမီက ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ခဲ့သော ပျူမြို့ဟောင်းရှိ ဗိဿနိုးမြို့အပြင် နတ် မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်နှင့် အခြားအထင်ကရ နေ ရာများသို့ Miss Golden Land Myanmar  ဆန်ခါတင်အလှ မယ် ၂၅ ဦးက လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ထို့အပြင် ရွှေစက်တော်၊ မ ကွေးမြို့နှင့် နေပြည်တော်ရှိ အ ထင်ကရနေရာများအပြင် လွှတ် တော်သို့ သွားရောက်လေ့လာရန် စီစဉ်နေသော်လည်း အတည်မပြု နိုင်သေးကြောင်း Miss Golden Land Myanmar အဖွဲ့အစည်းမှ ကိုဝေယံအောင်က ပြောသည်။
‘‘ကမ္ဘာက မသိသေးတဲ့ နေ ရာတွေကို ဦးစားပေးပြီးတော့ ဒီ နေရာတွေ ရွေးချယ်ခဲ့တာဖြစ်ပါ တယ်’’ ဟု ကိုဝေယံအောင်က ပြောသည်။
အဆိုပါခရီးစဉ်ကို ဇူလိုင် ၂၇ရက်တွင်   စတင်မည်ဖြစ်ပြီး ၃၀ ရက်အထိ   သွားရောက်ကြ မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် တွင်  ချို့တဲ့သော  ကလေးငယ် များနှင့် ဘိုးဘွားများအတွက် အလှူများ     ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ကို မြန်မာ နိုင်ငံ ခရီးသွားမြှင့်တင်ရေး အ တွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
ထိုအလှမယ် ၂၅ ဦးထဲမှ ငါး ဦးကိုရွေးချယ်၍ မကာအိုနိုင်ငံ တွင်ပြုလုပ်မည့် Miss Earth၊ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss Grand International၊ တိုင်ပေတွင်ပြုလုပ်မည့် Face of Beauty၊ပိုလန်နိုင်ငံတွင် ပြုလုပ်မည့် MissSupranational နှင့် ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့်  Miss Inter−national နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ငါးပွဲသို့ စေလွှတ်ယှဉ်ပြိုင် မည်ဖြစ်သည်။
7days

Hunger Game တွင် သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး မြန်မာပြည်အနှံ့ ခရီးဆန့်


Hunger Game မင်းသမီးအား ၎င်း၏ဧည့်လမ်းညွှန်နှင့်တွေ့ရစဉ်
နာမည်ကျော် ဟောလိ ၀ုဒ်ရုပ်ရှင် Hunger Game တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး   ဂျီနာမယ်လုန်း သည်   မြန်မာနိုင်ငံရှိ   အထင် ကရနေရာများသို့   လာရောက် လည်ပတ်သွားခဲ့ပြီး ၎င်း၏ မြန်မာ နိုင်ငံ ခရီးသွားအတွေ့အကြုံများ ကို ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှု ကွန်ရက်တွင် ဝေမျှခဲ့သည်။
မင်းသမီး ဂျီနာမယ်လုန်း သည် Hunger Game ၏ ဒုတိယ ဇာတ်လမ်းဖြစ်သည့် Catching Fire ရုပ်ရှင်ဇာတ်ကားတွင် Johanna Mason အဖြစ် မင်းသ မီးချော ဂျနီဖာလောရန့်စ်နှင့်အတူ သရုပ်ဆောင်ခဲ့သူဖြစ်သည်။
ဇူလိုင် ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပုဂံ၊ အင်း လေး၊ ကလောအစရှိသည့် ဒေသ များရှိ ကျေးရွာများမှာ ဘုန်းတော် ကြီးကျောင်းများအထိ သွားရောက် လေ့လာသွားသည်။ ခရီးစဉ်တစ်ခု ချင်းစီအလိုက်  ၎င်းတွေ့ကြုံရ သည့် ဒေသခံများ၏ ဓလေ့စရိုက်များ၊ ခရီး သွားအတွေ့အကြုံများ၊ စိတ်လှုပ်ရှားဖွယ်ရာများကို ဓာတ်ပုံများနှင့်တကွ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှထားသည်ကို တွေ့ရသည်။
ယခု သတင်းရေးသားနေ သည့် မိနစ်ပိုင်းအတွင်းမှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပုဂံဘုရားတစ်ဆူ၌ ပို့စ်ကတ် များရောင်းချသည့် ကလေးငယ် များ၏ ချစ်ခင်စရာကောင်းသည့် အပြုအမူများနှင့်ပတ်သက်သည့် ဓာတ်ပုံတစ်ပုံနှင့်အတူ ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရ သည်။
‘‘ကျွန်မကို ဒီဘုရားနဲ့ပတ် သက်ပြီး ရှင်းပြချင်နေတဲ့ ကလေး မလေးနှစ်ယောက်ကို တွေ့တယ်။ သူတို့က ကျွန်မကိုပြောတယ်။ သူ တို့ရှင်းပြတာ ကောင်းတယ်လို့ ထင်မှ သူတို့ကို မုန့်ဖိုးပေးပါဆိုပြီး တော့’’ ဟု ၎င်းတွေ့ကြုံရသည့် ကလေးငယ်များအကြောင်းကို ထည့်သွင်းရေးသားခဲ့သည်။
ထို့အပြင် ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် ရန်ကုန်မြို့သို့ စတင် ရောက်ရှိသည့် ဇူလိုင် ၁၉ ရက်မှ စတင်၍ ၎င်းရောက်ရှိနေသည့် ဒေသများမှ ဓာတ်ပုံပေါင်း ၂၀ နီး ပါးခန့် ဝေမျှခဲ့သည်။ ယင်းဓာတ်ပုံ များနှင့်အတူ မြန်မာနိုင်ငံအ ကြောင်းများ ရေးသားထားသည် ကို ကမ္ဘာတစ်ဝန်းမှ ၎င်း၏ ပရိ သတ်များက စိတ်ဝင်တစား ရှိခဲ့ ကြသည်။
၎င်း၏ ခရီးစဉ်နှင့်ပတ်သက် ၍ မည်သည့် ခရီးသွားအေဂျင်စီ နှင့် လာရောက်ပြီး ရက်ပေါင်း မည်မျှနေထိုင်ခဲ့သည်ကို မသိရှိရ ဘဲ ခရီးစဉ်တစ်လျှောက်တွင် ၎င်း အား ကူညီပေးခဲ့သည့် ဧည့်လမ်း ညွှန်အမျိုးသမီးတစ်ဦးနှင့် တွဲရိုက် ထားသည့် ဓာတ်ပုံတစ်ပုံကိုသာ ၎င်း၏ စာမျက်နှာတွင် တွေ့ရသည်။
7days

ဂျေးဇီးနှင့် ဘီယွန်းစ် ဖျော်ဖြေပွဲသို့ မထင်မရှား သွားရောက်အားပေးခဲ့သည့် မစ်ချယ်လ်အိုဘားမား


အမေရိကန် သမ္မတကတော် မစ်ချယ်လ်အိုဘားမားသည် သမီးနှစ်ဦးကို ခေါ်ဆောင်ကာ ဂျေးဇီးနှင့် ဘီယွန်းစ်တို့၏ ဖျော်ဖြေပွဲသို့ မထင်မရှား သွားရောက် အားပေးခဲ့ကြောင်း သိရှိရသည်။
ချီကာဂိုတွင် ကျင်းပသော ဖျော်ဖြေပွဲတွင် မစ်ချယ်လ်နှင့် သမီးဖြစ်သူ ဆာရှာအိုဘားမားတို့၏ ပုံရိပ်ကို ပွဲကြည့်ပရိသတ် အမျိုးသမီး တစ်ဦးက အမှတ်မထင် ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ယာဆီနီယာ ဟာရဲရာသည် သူမကိုယ်ကိုယ် Selfie ဓာတ်ပုံရိုက်ခဲ့ရာတွင် သမ္မတကတော်က နောက်ဘက်တွင် ရှိနေသည်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။
မစ်ချယ်လ်သည် ဒီမိုကရက်တစ် ပါတီ၏ ရန်ပုံငွေပွဲ အစီအစဉ်တစ်ခုအရ ချီကာဂိုသို့ ရောက်ရှိနေသည်။ သူမသည် သမီးများ၏ တောင်းဆိုမှုကြောင့် ဇူလိုင်(၂၄)ရက် ညပိုင်း ဖျော်ဖြေပွဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ချီကာဂိုမှ မော်းယ်လ်တစ်ဦးဖြစ်သည့် ဟာရဲရာက နောက်ဘက်တွင် မစ်ချယ်လ်၏ပုံရိပ် ပါဝင်နေသော Selfie ဓာတ်ပုံကို Instagramတွင် လွှင့်တင် ဝေမျှခဲ့သည်။
ဂျေးဇီးနှင့် ဘီယွန်းစ်တို့ ဇနီးမောင်နှံမှာ သမ္မတ ဘာရတ်အိုဘားမား၏ မိသားစုများနှင့် ရင်းနှီးကြပြီး အိုဘားမား၏ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများတွင် နာမည်ကျော် ဂီတမောင်နှံက တက်တက်ကြွကြွ ကူညီခဲ့ကြဖူးသည်။
_Ref: Dailymail

Saturday, July 26, 2014

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာသော ဆေးယဉ်မှုပြဿနာ


ကူးစက်ရောဂါ အမျိုးမျိုး ဖြစ်စေသော ဘက်တီးရီးယားများ ဆေးယဉ်ပါး လာခြင်းသည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး ကို ခြိမ်းခြောက် လာသော အကြီးဆုံး ပြဿနာဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က အစီရင် ခံစာက ထုတ်ပြန် သတိပေး လိုက်သည်။
ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ ကျန်းမာရေး စာရင်းများ ကို သုံးသပ် ၍ အစီရင်ခံစာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ ဆေးယဉ်ပါးမှု ပြဿနာ သည် တစ်ကမ္ဘာလုံး နေရာဒေသ တိုင်းတွင် ဖြစ်ပွား နေကြောင်း အစီရင်ခံစာ က မီးမောင်း ထိုးပြလိုက် သည်။ ဘက်တီးရီးယားများ ဆေးယဉ် လာမှုကြောင့် ယခင်က ဆယ်စု နှစ်ပေါင်း များစွာ ကြာအောင် အလွယ်တကူ ကုသ ပျောက်ကင်း ခဲ့သော သမားရိုးကျ ရောဂါများ သည်ပင် လူသတ် ရောဂါများ အသွင် ပြန် ရောက်ရှိ လာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။ ထိရောက်မည့် လုပ်ငန်းစဉ် များ ချမှတ် ကျင့်သုံးခြင်း မရှိပါက လာမည့် အချိန်တို အတွင်းမှာပင် ဆိုးကျိုးများ စွာ ဖြစ်ပွား လာနိုင်သည် ဟု အစီရင် ခံစာက သတိပေး သည်။
အဆုတ်ရောင် အအေးမိ၊ ၀မ်းပျက် ၀မ်းလျော၊ သွေးမှ တစ်ဆင့် ကူးစက် ရောဂါများ အပါအ၀င် ပုံမှန်ဖြစ်ပွား နေကျ ရောဂါ ခုနစ်မျိုး နှင့် ဆက်စပ်ပြီး ဆေးယဉ် ပြဿနာ ကို WHO က စစ်တမ်း ပြုစုခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ တစ်ဝန်း တွင်ကျယ်စွာ အသုံးပြု နေသော ကာကွယ်ဆေး နှစ်မျိုးကို ဘက်တီးရီးယားများ က ဆေးယဉ် သည့် ပြဿနာ သည်လည်း ကြီးထွား သထက် ကြီးလာ နေကာ အချို့သော နိုင်ငံများ ၌ လူနှစ်ဦး လျှင် တစ်ဦးတွင် ဆေးစွမ်း မပြတော့ သည် အထိ ဖြစ်ပွား နေကြောင်း WHO က ဆိုသည်။
ကေ-နမိုးနီးယား ဘက်တီးရီးယား ကြောင့် ဖြစ်ပွား သည့် အဆုတ်ရောင် အအေးမိ၊ သွေးမှ တစ်ဆင့် ကူးစက် ရောဂါများ၊ မွေးကင်းစ ကလေးငယ် များတွင် ဖြစ်ပွားသော ကူးစက် ရောဂါများ အတွက် အဓိက အားပြု နေရသော ကာဘာပီနမ် ဆေးကိုလည်း ဘက်တီးရီးယားများက ဆေးယဉ် လာနေသည်။
သဘာဝ အားဖြင့် ဘက်တီးရီး ယားများ သည် ပဋိဇီဝ ဆေးဝါးများ တိုက်ဖျက်ခြင်းကို ခံနေရ သော ပုံစံမှ သည် ဆေးဝါးများ မမှတ်မိနိုင် သော ပုံစံသစ်များ သို့ တဖြည်းဖြည်း ကူးပြောင်း တတ်ကြသည်။ သို့ဖြစ် သောကြောင့် ပင် ပဋိဇီဝ ဆေးတစ်မျိုး သည် ပုံမှန် သတ်ဖြတ် နိုင်နေကြ ပိုးမွှားများကို အချိန် အတိုင်း အတာ တစ်ခုထိသာ သတ်ဖြတ် နိုင်ပြီး ကြာ လာလေ သတ်ဖြတ် နိုင်စွမ်း ကျလာ လေဖြစ်သည်။ ဆရာဝန်များက ဆေးကို လိုသည် ထက် ပိုပေးခြင်း၊ လူနာများ ကလည်း ဆေးပတ်ပြည့် အောင် မသောက်ခြင်း များသည် ဘက်တီးရီးယားများက ပဋိဇီဝ ဆေးဝါးများ တိုက်ဖျက် နိုင်သည့် ပုံစံမှ သွေဖီ ပြောင်းလဲချိန် ကို ပိုမြန် အောင် တွန်းပေးရာ ရောက်နေ သည်။ အကြောင်းမှာ ဘက်တီးရီး ယားများ သည် ပဋိဇီဝ ပိုးသတ်ဆေး များ၏ ဖွဲ့စည်းပုံ နှင့် ထိတွေ့ပါများ ၍ ယဉ်ပါး သွားခြင်း ကြောင့် ဖြစ်သည်။
ထိုပြဿနာ ကို ဖြေရှင်းနိုင် ရန် ပဋိဇီဝ ဆေးဝါးသစ်များ တောက် လျှောက် တီထွင် စမ်းသပ် နေနိုင်ဖို့ လိုသလို အစိုးရများ နှင့် တစ်ဦးချင်း ပုဂ်္ဂိုလ်များ ကလည်း ဆေးဝါးများ ကို အလွန် အကျွံ သုံးခြင်း အစွန်းနှင့် ဆေးပတ် မပြည့်ခြင်း အစွန်း နှစ်ဖက် ကို ရှောင်ကာ သင့်တင်စွာ သုံးခြင်း အလယ် အလတ်လမ်း ကိုလိုက်ကာ ဆေးယဉ် ပြဿနာ ကို အချိန်ကြာနိုင် သမျှ ကြာအောင် ထိန်းထားဖို့ ကြိုးပမ်းကြ ရမည်ဟု WHO က လမ်းညွှန် သည်။
ဆီးလမ်းကြောင်း ကူးစက် ရောဂါ ကို ဖြစ်စေသည့် အီကိုလိုင် ပိုးသည် ၁၉၈၀ ခုနှစ်များ တစ်ဝိုက် က ပဋိဇီဝ ဆေးဝါးများ တိုက်ခိုက်မှု ဒဏ်ကို ရာနှုန်းပြည့် အရှုံးပေး သေဆုံး ခဲ့ရရာမှ ယနေ့ အချိန်တွင် ၅၀ ရာခိုင်နှုန်းခန့် သည် ဆေးယဉ်ကာ ခံနိုင်ရည် ရှိနေကြပြီဖြစ်ကြောင်း အစီရင် ခံစာက ထောက်ပြ ထားသည်။
အချို့ နိုင်ငံများ တွင် ကုသခံသူ ထက်ဝက်ခန့် တွင် အီကိုလိုင် တိုက် ဖျက်ဆေး ဆေးမတိုးတော့သည့် အဖြစ်များပင် ရှိနေသည်။
ဂနိုလည်း ဆေးယဉ်
“တစ်ကမ္ဘာလုံး တက်ညီ လက်ညီ အရေးတကြီး မကိုင်တွယ် ကြဘူး ဆိုရင် အရင်က လွယ်လွယ် လေး ကုသ ပျောက်ကင်း ခဲ့တဲ့ ရောဂါ ပိုးတွေပါ ဆေးယဉ် ဆေးမတိုး ဖြစ်လာပြီး ကမ္ဘာကြီးဟာ ဆေးမတိုးတဲ့ ခေတ်ကို ရောက်သွား နိုင်ပါ တယ်။ အဲဒီလိုဖြစ်လာ ပြီဆိုရင် သမားရိုးကျ ကူးစက် ရောဂါမျိုး၊ ထိခိုက် ဒဏ်ရာ မျိုးကပါ လူတွေကို အသက်ခြိမ်းခြောက် လာနိုင်ပါတယ်” ဟု WHO ဒုတိယ အမှုဆောင် အရာရှိ ချုပ် ကဲဂျီ ဖူကူဒါက သတိပေး သည်။
အစဉ်အမြဲ ဆန်းသစ် ပြောင်းလဲ နေသော ထိရောက် သည့် ပဋိဇီဝ ဆေးဝါးများ ကြိုးပမ်း ထုတ်လုပ် ခြင်းဖြင့် လူသားများ အသက် ပိုရှည် အောင်၊ ပိုကျန်းမာအောင် နှင့်  ဆောင်ကြဉ်း ပေးနိုင်မည်ဟု မစ္စတာ ဖူကူဒါ က သုံးသပ် ပြောကြားသည်။
“ဆေးဝါး ထုတ်လုပ်နည်း လမ်း၊ ဆေးပေးပုံ၊ အသုံးပြုပုံတွေ ကို မပြုပြင် မပြောင်း လဲကြဘူး ဆိုရင် ကမ္ဘာ့ကြီးဟာ လက်ရှိ ရရှိထာတဲ့ ပြည်သူ့ ကျန်းမာရေး တိုးတက်မှု ကောင်းတွေ ကို နောက်ပြန် ဆုတ်သွား တော့မှာ ဖြစ်ပါတယ်။ အကျိုးဆက် ဆိုးကျိုး ဟာလည်း ကြောက်စရာ ကောင်းလောက် အောင် ကြီးမား လာနိုင်ပါတယ်” ဟု မစ္စတာ ဖူကူဒါက ပြောသည်။
နောက်ထပ် ကူးစက် ရောဂါ တစ်မျိုးဖြစ်သော ဂနိုသည် လည်း ဆေးယဉ် လာနေပြီဖြစ်သည်။ ဗြိတိန် နိုင်ငံတွင် လက်တွေ့ စစ်တမ်း ကောက်ထားမှု အရ ဂနို ဆေးယဉ်မှု အများအပြား ဖြစ်ပွား လျက်ရှိသည်။ သြစတြီးယား၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ နော်ဝေ၊ တောင် အမေရိက၊ ဆလိုဗေးနီးယား၊ ဆွီဒင် တို့တွင် လည်း အလားတူ ဆေးယဉ်မှုများ ထောက်လှမ်း မိထားသည်။ ကမ္ဘာတစ်ဝန်း နေ့စဉ် ဂနိုဖြင့် နေထိုင် နေရသူ တစ်သန်းခန့် ရှိကြောင်း WHO က ပြောသည်။
အချက်ပေး ခေါင်းလောင်းသံ
တစ်ကိုယ်ရေ သန့်ရှင်ရေး မရှိ သူများ ကူးစက် ရောဂါဒဏ် ပိုခံရသည်ဖြစ်ရာ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိဖို့၊ ရေကောင်း ရေသန့် အသုံးပြုဖို့  WHO အစီရင် ခံစာက ဆော်သြသည်။ ကျန်းမာရေး ဌာနများဟူသည် ရောဂါရှိသူ မျိုးစုံ လာရောက် ရာနေရာ ဖြစ်ရာ ထိုနေရာ များမှ တစ်ဆင့် ရောဂါသည် များအချင်းချင်း ကူးစက် ပျံ့ပွားခြင်း မရှိအောင်လည်း ထိန်းကြ ရမည်။ ထို့အပြင် ပဋိဇီဝ ဆေးဝါးများ အလွန်အက၊ွံ သုံးစွဲခြင်းနှင့် ဆေးပတ်ပြည့်အောင် မသုံးစွဲခြင်း ဟူသော အစွန်းနှစ်ဖက် လွတ်အောင်လည်း ပညာပေး လုပ်ငန်းများ တိုးမြှင့်ဖို့ လိုသည်။
“ကမ္ဘာကြီးမှာ ဆေးယဉ်နေတဲ့ ကူးစက်ပိုးတွေ များသထက်  များလာတာဟာ ကမ္ဘာကြီး ပူနွေးမှု ပြဿနာ နီးပါး လူသားတွေကို ဒုက္ခ ပေးနိုင်ပါတယ်” ဟု အင်္ဂလန် ကျန်းမာရေး ၀န်ကြီးဌာနမှ ဆေးဘက် ဆိုင်ရာ အကြီးအကဲ ပါမောက္ခ ဒိမ်း ဆယ်လီ ဒေဗီကလည်း ဥပမာပေး ပြောကြား သွားသည်။
“ဘယ်နေရာ ကြည့်ကြည့် ဆေးယဉ်တဲ့ ပြဿနာ ကို မြင်နေရပါတယ်။ နိုင်ဂျာ နိုင်ငံက ကလေး သူငယ် အာဟာရ စင်တာကိုပဲ ကြည့်ကြည့် ဆီးရီးယား စစ်မြေပြင်က ဆေးပေးခန်းတွေ ကိုပဲကြည့်ကြည့် ဆေးယဉ် ပြဿနာ ကြီးထွားသ ထက် ကြီးထွား လာတာ မြင်နေရပါ တယ်” ဟု နယ်စည်း မခြား ဆရာဝန် များ အဖွဲ့မှ ဒေါက်တာ ဂျနီဖာကိုဟန် ကလည်း ပြောသည်။
“WHO ရဲ့ အခု အစီရင် ခံစာဟာ တစ်ကမ္ဘာလုံးကို အချက်ပေး သံချောင်း ခေါက်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။ အစိုးရတွေ အနေနဲ့ လည်း ဆေးဝါး လုပ်ငန်းကြီး တွေက ဆေးဝါးတွေ ကို ငွေအတွက် အဓိကထား စမ်းသပ် ထုတ်လုပ် ရတဲ့ အခြေအနေမျိုး မရောက်အောင် ကူညီကြဖို့ လိုပါတယ်။ ဒါမှ ဆေးဝါးသစ်တွေ ထွက်လာမယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဘက်က ဆင်းရဲ နွမ်းပါး သူများပါ မကျန် အသုံးပြုနိုင်လာ မယ်” ဟု ဒေါက်တာ ကိုဟန်က သုံးသပ် ပြောကြားသည်။
“ကျွန်မတို့ အရေးတကြီး လိုအပ်နေ တာကတော့ တစ်ကမ္ဘာလုံး စည်းချက်ညီ အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။ ပဋိဇီဝ ဆေးဝါးတွေ ကို အထိရောက် ဆုံးဖြစ်အောင် ဘယ်လို ထုတ်လုပ်မယ်၊ တကယ် လိုသူတွေ လက်ထဲ ရောက်ရှိ သွားအောင် ဘယ် လိုဖြန့်ချိမယ်၊ တကယ် ထိထိ ရောက်ရောက် သုံးတတ်အောင် ဘယ်လို ပညာ ပေးမယ်ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်၊ ဈေးနှုန်းဟာလည်း အခြေခံ လူတန်းစား တွေပါ လက်လှမ်း မီမယ့် အဆင့်ဖြစ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပဋိဇီဝ ဆေးဝါးများကို ဘက်တီးရီးယားများက ဆေးယဉ်လာမှုကို အဖြေရှာ တိုက်ဖျက်ရန် အဏုဇီဝ ပိုးမွှားဆိုင်ရာ က၊ွမ်းကျင်ပညာ ရှင်များနှင့် အခြား ဆေးသိပ္ပံပညာ ရှင်များ လက်တွဲ ဆောင်ရွက်ရန် လွန်စွာ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံ အဏုဇီဝ ပိုးမွှားဆိုင်ရာ ပညာရှင်များ အသင်း ဥက္ကဋ္ဌ ပါမောက္ခ နီဂျယ် ဘရောင်းက ပြောသည်။
“ချဉ်းကပ် နည်းအသစ်တွေ သုံးကြရပါမယ်။ တူညီတဲ့ ရောဂါ ပိုးကို တိုက်ဖျက်ဖို့ ကိစ္စမှာကိုပဲ ကွဲပြားတဲ့ ပဋိဇီဝ ဆေးသစ် အမျိုးမျိုး ထုတ်လုပ်ကြ ဖို့ လိုပါတယ်။ ဒါတွေ သာမက သေးပါဘူး။ ရောဂါပိုး တွေရဲ့ ဇစ်မြစ်နဲ့ ဂုဏ်သတ္တိကို အမြန်ဆုံး ဖော်ထုတ် နိုင်မယ့် စမ်းသပ် ကိရိယာမျိုးတွေလည်း ထုတ်လုပ်ကြဖို့ လိုတယ်။ ပဋိဇီဝ ဆေးဝါးတွေကို ဘက်တီးရီးယားတွေ ဘယ်ပုံဘယ်နည်း ဆေးယဉ် သွားတယ် ဆိုတာလည်း လိုက်လေ့လာဖို့ လိုတယ်။ ဆေးယဉ် ပြဿနာ ပျံ့နှံ့လာမှု ကိစ္စမှာ လူသား ပယောဂ ဘယ်လောက်ပါတယ် ဆိုတာကအစ လိုက်လေ့လာ ထားကြဖို့လည်း လိုပါတယ်” ဟု ပါမောက္ခ ဘရောင်းက လမ်းညွှန် သည်။
Ref: Drug resistnace ‘global threat’ by Pippa Strphens (BBC)

★★ Planet Stronghold Mod APK Unlocked Full + Bonus Content ★★



android ဖုန်းအတွက်အကြိုက်တွေ့စေမယ့်သေနတ် game အလန်းလေးတင်ပေးလိုက်ပါတယ်နာ် ။
စိတ်ဝင်စားစရာကောင်းတဲ့အခန်းဆက်လေးတွနဲ့ကိုယ်နိုင်ရင်နိုင်သလောက်ရနိုင်မဲ့လက်နက်တွေ ကလဲ
ကစားသူ့ရဲ့စိတ်ကိုဖမ်းစားပြီးဒဏ္ဍာရီဆန်ဆန်သူ့ရဲ့ဇာတ်သွားလေးကလဲအရမ်းကိုဆွဲဆောင်နိုင်တာမို့
သူငယ်ချင်းတို့အကြိုက်တွေ့စေမှာပါ ။





Planet Stronghold is a sci-fi role-playing game with a turn-based combat system.

You take the role of a young, new recruit that somehow gets assigned to the most well-known, and well-defended, human outpost in the whole galaxy: Planet Stronghold.

As the story goes on, you'll have to choose a side in a a war that will change the destiny of the planet, and of humankind, forever.
 
 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။





★★နည်းပညာမြို့တော်★★