This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 16, 2014

Samsung ရဲ့ နောက်ဆုံးထွက် Galaxy Tab S နဲ့ iPad နှိုင်းယှဉ်ချက်


 VS copyပြီးခဲ့တဲ့ ရက်အနည်းငယ်က စတင်ကြောငြာခဲ့တဲ့ Galaxy Tab S ဟာ ကျတော်တို့ မြင်နေကြဖြစ်တဲ့ iPad နဲ့ ယှဉ်ပြိုင်စရာ Tablet တစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Galaxy Tab Sဟာ အကြီးဆိုဒ်နဲ့ အသေး ဆိုဒ်ဆိုပြီး အရွှယ်အစား နှစ်မျိုးထဲမှာ သူရဲ့ ယှဉ်ပြိုင်ဖက် Apple ကဲ့သို့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ iPad ရဲ့ ဗားရှင်း (၂)ခုလုံးဖြစ်တဲ့ iPad Mini နဲ့ 9.7 လက်မ ဆိုဒ် နှစ်ခုလုံးဟာ မျက်နှာပြင် ရုပ်ထွက် resolution, Processor, သိုလှောင်မူတွေကအစ တူညီလျက်ရှိပြီး ဆိုဒ်အရွယ်အစား သာလျှင် ခြားနားပြီး Galaxy Tab S ကတော့ 8.4 လက်မ နဲ့ 10.5 လက်မ ဖြစ် တည်ဆောက်ဖွဲ့စည်း ထားခဲ့တာ ဖြစ်ပါတယ်။ အောက်ဖက်မှာ နှိုင်းယှဉ်မူ အချို့ကိုဖော်ပြလိုက်ပါတယ်။

Samsung Galaxy Tab S
---------------------------------
မျက်နှာပြင်ဆိုဒ် အရွှယ်အစား- Two models: 8.4 inches; 10.5 inches
ရုပ်ထွက် - 2,560 x 1,600
အရွှယ်အချိုးအစား - 8.4 x 4.3 x 0.25 inches; 9.7 x 6.9 x 0.25 inches
လည်ပတ်မူ စနစ် - Android KitKat (4.4)
ပရိုဆက်ဆာ - Samsung Exynos 5 Octa (1.9GHz quad-core + 1.3GHz quad-core) or Qualcomm Snapdragon 800 2.3 GHz Quadcore (region dependent)
ဘတ္တရီသက်တမ်း - Up to 11 hours
သိုလှောင်မူနေရာ - 16, 32GB (with microSD up to 128GB) ကင်မရာ - 8MP w/ LED Flash + 2.1MP Full HD ဈေးနှုန်း -
Wi-Fi: $399.99; $499; LTE pricing not announced
××××××××××××××××××××××××××
iPad -------
မျက်နှာပြင်ဆိုဒ် အရွှယ်အစား - Two models: 7.9 inches; 9.7 inches
ရုပ်ထွက် - 2,048 x 1,536 အရွှယ်အချိုးအစား - 7.87 x 5.3 x 0.29 inches; 9.5 x 7.31 x 0.37 inches
လည်ပတ်မူ စနစ် - iOS ပရိုဆက်ဆာ - Apple A7 chip with 64-bit architecture , M7 motion coprocessor
ဘတ္တရီသက်တမ်း - Up to 10 hours သိုလှောင်မူနေရာ - 16, 32, 64 or 128 GB ကင်မရာ - 1.2MP front, 5MP rear
 ဈေးနှုန်း - Wi-Fi: $399 16GB, $499 32GB, $599 64GB, $699 128GB; LTE: $529 16GB, $629 32GB, $729 64GB, $829, 128GB

ရင်သွေးလေး လိုချင်နေတဲ့ သက်မွန်မြင့်


ရင်သွေးလေး လိုချင်နေတဲ့ သက်မွန်မြင့်ချစ်သူများနေ့မှာ သူတို့နှစ် ယောက်ရဲ့ အမှတ်တရ ရှိခဲ့တဲ့နေရာ ဖြစ်တဲ့ ပြည်သူ့ ရင်ပြင်မှာ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခဲ့တဲ့ ကိုစစ်နိုင် နဲ့ အကယ်ဒမီ သက်မွန်မြင့် တို့ရဲ့ ကြည် နူးစရာ အိမ်ထောင်ရှင်တွေ ရဲ့ မောင် တစ်ထမ်း မယ်တစ်ရွက် ဘဝတူတူ ဖြတ်သန်းပုံ ကို သက်မွန်မြင့်က “သူက ရုပ်ရှင် တအားကြိုက်တယ်။ တော်တော် များများ သက်မွန် ကို အကြံပေးတယ်။ သူက ဗိသုကာ တစ် ယောက် ဆိုတော့ အရောင်တွေ ဆိုရင် ကိုယ့်ထက် ပိုခံစားတတ်တယ်။ သက်မွန် က သူ့ကို အကြံပေးတာ နည်းပါ တယ်။ ကိုယ်က အနုပညာသမား ဆိုတော့ အနုပညာက လွဲရင် ဘာမှမသိဘူး။
ပြီးတော့ သက်မွန်က သူ့လောက်လည်း မတော်ဘူး ဆိုတော့ တစ်ခါတလေ အနု ပညာလောက မှာ ကိုယ်ကြိုးစားရ ပုံကို ပြောပြတယ်။ ကိုယ်ကြုံတွေ့ရတဲ့ လူတွေ အကြောင်းကို ပြောပြတယ်။ အတွေး အခေါ်လေးတွေ အယူ အဆ လေးတွေ ဆွေးနွေး လို့ရတယ်။ ဖြစ်ပျက်နေတဲ့ အပေါ်မှာ သူ့ကိုနှစ်သိမ့် အားပေးလို့ရတယ်” လို့ပြောပြခဲ့ပါတယ်။
အိမ်ထောင်စု စာရင်းထဲ လူဦးရေ တိုး လာဖို့ ဘယ်တော့ ကြားရမှာလဲလို့ မေး ကြည့်တော့ “ရင်သွေးလေး ကိုတော့ လိုချင်ပါတယ်။ ဒါကတော့ ကံပဲလေ။ ရချိန်တန်ရင် ရ မှာပေါ့နော်။ နောက် တစ်ခု ကျတော့ ကိုယ်က ဒီအနုပညာ အလုပ်ကို လုပ်နေတဲ့ သူဆိုတော့ အလုပ် ဘက်လျော့မလား။ အဲဒါမျိုးလေး လည်းရှိတော့ အတွေးတွေက အ များ ကြီးပဲ”လို့ ပြောပြခဲ့ ပါတယ်။
Popular News

မြန်မာအောင်လ အီဂျစ်ကစားသမားကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲ၌ အလဲထိုး


 မြန်မာအောင်လ အီဂျစ်ကစားသမားကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲ၌ အလဲထိုး အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ One Fighting ချန်ပီယံ လုပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက အီဂျစ်နိုင်ငံသား Salama ကို ပထမအချီ ၁ မိနစ် ၆ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲတွင် Mahmoud Salama ကို ပထမအချီ မိနစ်ပိုင်းအတွင်း လက်သီး တွဲလုံးများဖြင့် အနိုင်ယူ ခဲ့ခြင်းလည်း ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အောင်လက ယခုပြိုင်ပွဲတစ်လျှောက် ဝိတ်တန်းအလိုက် အစောဆုံး အနိုင်ရရှိသူ ဖြစ်ပြီး ၎င်း၏နောက်တွင် ဘက်တန်ဝိတ်တန်း ပြိုင်ပွဲမှ Fransino Tirta က ပထမအချီ ၁ မိနစ်နှင့် ၈ စက္ကန့်တွင် Sami Amin ကို အလဲထိုးဖြင့် နိုင်ခဲ့ပြီး ဒုတိယ စံချိန်အဖြစ် ရပ်တည်ခဲ့သည်။
“ကျွန်တော့် အနေနဲ့ ဒီပြိုင်ပွဲ အနိုင်ရရှိခဲ့ခြင်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတွေကြောင့်ပါ။ အမေရိကန်ပြန်ပြီး နောက်ပြိုင်ပွဲတွေအတွက် အကောင်းဆုံး လေ့ကျင့်ဦးမှာပါ။ ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့သူများနဲ့ ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောင်လက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖွင့်ဟ ပြောဆိုထားသည်။

ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ


ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရအထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက် အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာအလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။
တပ်မတော်က အာဏာသိမ်း ထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်မှာလည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ MWRN ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာ အလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီး ခံထားရပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် တပ်မတော်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း ပါဝင်သည့် အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်၊ အထောက် အထားမဲ့၊ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေသော မြန်မာလုပ်သားများ ဖမ်းဆီး ခံနေရကြောင်း MWRN ထံမှ သိရှိရသည်။
“ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိတ်လန့်တကြား ဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ဆိုသည်။ ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။ ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိနေပြီး အထောက်အထားတိုးရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာသဖြင့် တရားဝင် အထောက်အထား မြန်ဆန်စွာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။ အဖမ်းအဆီး ကြမ်းနေသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုလျှင်လည်း တရားဝင် ပြန်၍ မရကြောင်း၊ တရားမဝင် နည်းလမ်းဖြင့် ပြန်ရန်လည်း ပွဲစားကို အားကိုးရသဖြင့် ပွဲစားကြေး အနည်းဆုံး ဘတ် ၃၀၀၀ ဝန်းကျင် ပေးရကြောင်း ဦးအောင်ကျော်က ဆိုသည်။ “ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့ကို အစိုးရ (မြန်မာ) အနေနဲ့ အမြန်ညှိနှိုင်းဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။
ထိုင်းရောက် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။ အဖမ်းအဆီး ကြမ်းမှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ နေ့စဉ် ပြည်တော် ပြန်နေကြကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရှိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိပြီး သုံးသိန်းကျော်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်သည်။
The Voice Journal

မန္တလေးတိုင်း ၀န်ကြီးချုပ်နေအိမ်အနီး ယမန်ည သန်းခေါင်မှစကာ ရပ်ထားသည် ကားကို မသင်္ကာမှုဖြင့် စစ်ဆေး


 မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၆၅လမ်း၊၂၃လမ်းနှင့် ၂၄လမ်းကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်က စတင် ရပ်ထားခဲ့သော အဲဖတ် (Alphard)ကား အဖြူရောင်ကို မသင်္ကာသောကြောင့် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညနဌာနမှ စက်မှုကျွမ်းကျင် ၃ ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။
လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

အောင်ကိုဦး
Mizzima - News in Burmese

ပုံစာ- မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ်အနီးတွင် ဇွန်လ ၁၅ရက် ညမှ ၁၆ရက် နေ့လည်အထိ ရပ်ထားသည့် ကားကို မန္တလေးမြို့ အမှတ် ၂ရဲစခန်းတွင် စစ်ဆေးနေစဉ်။ (ဓာတ်ပုံ အောင်ကိုဦး)


လူကို ပိန်သွယ်သယောင် ဖြစ်စေတဲ့ ဖက်ရှင်ဒီဇိုင်းများ

လူတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဟာ သိပ်အရေးကြီးပါတယ်။ လူကိုပိုကြည့်ကောင်းစေအောင်၊ ပိုကြည့်ရဆိုးစေအောင် အဲ့ဒီလူရဲ့ ဖက်ရှင်က ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် ထိုသူကို ပိန်သွယ်စေအောင်၊ ပိုဝသယောင်ဖြစ် အောင်လည်း ထိုသူရဲ့ ဖက်ရှင်စတိုင်လ်ကပဲ ဖန်တီးပစ်လိုက်နိုင်ပါတယ်။ ကဲ ဒီတော့ လူတစ်ယောက်ကို ရှိတဲ့ခန္ဓာကိုယ်အချိုးအစားထက် ပိန်သွယ်သယောင်ဖြစ်အောင် ဘယ်လိုဖက်ရှင်မျိုးက ပြောင်းလဲပစ်နိုင်သလဲဆိုတာ ပြောပြပေးချင်တယ်နော်။
၁။ဒေါင်လိုက်အစင်းတွေ ၀တ်ဆင်ပါ။

အစင်းဆိုတာ ဖက်ရှင်ရေစီးကြောင်းမှာ ဘယ်တော့မှ ပစ်ပယ်လို့မရာတဲ့အရာပါ။ catwalkလျှောက်တဲ့ မော်ဒယ်တွေက အလျားလိုက်ရော၊ ဒေါင်လိုက်ရော ဘာဖြစ်ဖြစ် ၀တ်ဆင်နိုင်ပေမယ့် ရှိရင်းစွဲခန္ဓာကိုယ်အရွယ်အစားထက် ပိုမိုပိန်သွယ် သယောင်ဖြစ်ချင်တယ်ဆိုရင်တော့ ဒေါင်လိုက်အစင်းတွေကိုသာ ရွေးချယ်ပါ။
၂။ခါးပတ်ပတ်ပါ။

အမျိုးသမီးတော်တော်များများဟာ များသောအားဖြင့် ခါးနေရာကတော့ သိမ်ကြတာများပါတယ်။ တော်တော်လေး ၀တဲ့သူမှသာ ဒီနည်းနဲ့ အဆင်မပြေတာပါ။ ဒါ့ကြောင့် တီရှပ်တွေကလွဲလို့ အင်္ကျံတော်တော်များများနဲ့ အဆင်ပြေနိုင်မယ့် ခါးပတ်မျိုးလေးတွေ ရှာပတ်လိုက်ရုံပါပဲ။
၃။ပခုံးနေရာကို ဂရုစိုက်ပြီး ၀တ်ပါ။

လူတစ်ယောက်က ကိုယ့်ကိုကြည့်လိုက်ရင် အရင်ထက်ပိုပြည့်လာတယ်၊ ၀လာတယ်လို့ မထင်ရအောင် သူ့ရဲ့အာရုံကို လှည့်ဖျားလိုက်ပါ။ သင့်ခန္ဓာကိုယ်တွေထဲမှာ လူတွေမျက်စိကျသွားနိုင်မယ့်နေရာကတော့ ပခုံးပါပဲ။ ပခုံးကို ဒေါက်ထည့်ပြီး ၀တ်တာတို့၊ ပခုံးဒီဇိုင်းတစ်ခုခုပါတဲ့ အင်္ကျံမျိုးကို ရွေးချယ်ဆင်မြန်းတာတို့ လုပ်ပါ။ ကိုယ့်အနေနဲ့ အဆင်မပြေဘူးလို့ထင်တဲ့အပိုင်းတွေဆိုရင်တော့ အရောင်ရင့်ရင့်တွေ ရွေးချယ်ဝတ်ဆင်ရုံပါပဲ။
၎။ကိုယ်နဲ့လိုက်ဖက်တဲ့ ဒေါက်ဖိနပ်အမြင့်၊ heel တွေစီးပါ။

ကိုယ်ခန္ဒာကို ပိန်သွယ်သယောင်ရှိစေရုံမကပဲ လမ်းလျှောက်တဲ့အခါတိုင်းလည်း ကိုယ်ခန္ဓာအနေအထားမှန်အောင် သင်စီးမယ့်ဒေါက်မြင့်ဖိနပ်က အထောက်အကူပြုပါလိမ့်မယ်။
၅။ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိဖြစ်မယ့် အ၀တ်အစားကိုပဲ ၀တ်ပါ။

ပိန်သွယ်သယောင်ဖြစ်စေဖို့အတွက် အ၀တ်အစားကို ကိုယ့်sizeထက် ကြီးတဲ့ဟာမျိုးတွေ မရွေးချယ်ပါနဲ့။ အဲ့ဒီလိုဆိုက်ကြီးတွေ ၀တ်လိုက်ရင် ကြည့်ရတဲ့သူအတွက် တော်တော်ကိုဆိုးစေတဲ့အပြင် ရှိရင်းစွဲထက် ပိုဝတယ်လို့တောင် ထင်သွားစေနိုင်တာကြောင့်ပါ။
၆။အရောင်ရင့်တဲ့ ဘလေဇာကုတ်တွေ ၀တ်နိုင်ပါတယ်။

ဘလေဇာတွေဟာ ခန္ဓာကိုယ်ပြည့်တဲ့သူတွေ ၀တ်ဆင်သင့်တဲ့အရာပါ။ အရောင်ရင့်ရင့်ကို ရွေးချယ်မယ်ဆိုရင် ၀တ်ဆင်သူကို ပိန်သွယ်သယောင် ဖြစ်စေနိုင်ပါတယ်။
၇။A-line ဖက်ရှင်တွေကို ဆင်မြန်းပါ။

အပေါ်ပိုင်းက အရမ်းမကျပ်ပဲ အောက်ပိုင်းနည်းနည်းကားသွားတဲ့ A-line ဖက်ရှင်ဒီဇိုင်း ဂါဝန်၊ ဒါမှမဟုတ် အင်္ကျံနဲ့ စကတ်ကိုလည်း A-line ပုံစံရအောင် ပုံမှာပြထားသလို ၀တ်ဆင်နိုင်ပါတယ်။
Ref:luckymag.com

သင်ဟာ ဦးထုပ်ဆောင်းရတာ နှစ်ခြိုက်တဲ့သူတစ်ယောက် ဟုတ်မဟုတ်ဆိုတာ သိစေဖို့

ကိုယ့်ကိုယ်ကိုယ် ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူလား၊ ဒီအတိုင်း ဖက်ရှင်ကျဖို့သက်သက် ဆောင်းသွားလိုက်တာလား၊ တစ်နေရာသွားလိုက်တာနဲ့ ဦးထုပ်ဆောင်းမှကို ဖြစ်တာမျိုးလားဆိုတာ စဉ်းစားကြည့်ကြရအောင်။ ဒီလိုစဉ်းစားကြည့်ဖို့ဆို သေချာတာက သင့်စိတ်ထဲမှာ ဒီလိုအတွေးမျိုးတွေ ရှိနေပြီလားဆိုတာ တစ်ချက်ကြည့်ရမှာပါ။ ဒီလိုအတွေးမျိုး အယူအဆတွေရှိတယ်ဆိုရင်တော့ သင်ဟာ ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူပေါ့။

၁။ အပြင်သွားခါနီး ဆံပင်ကို ပြင်ဆင်ဖို့ထက် ဦးထုပ်ကိုပဲ ကောက်ဆောင်းသွားဖြစ်တယ်။
ခေါင်းလျှော်၊ ဒရိုင်ယာမှုတ်ပြီး ဆံပင်ကို ပုံသွင်းဖို့ထက် ကိုယ့်စိတ်က အားသာနေတာကတော့ ဦးထုပ်ကောက်ဆောင်းပြီး အပြင်ထွက်ဖို့ပါပဲ။ ဆံပင်ပုံသွင်းတာက ကြာတယ်လို့ ထင်တယ်။ ဦးထုပ်ဆောင်းသွားလိုက်ရင် ဖက်ရှင်လည်းကျတယ်၊ အချိန်လည်း မကုန်တော့ဘူးလို့ ထင်နေတတ်တယ်။
၂။ဦးထုပ်ဆောင်းထားလိုက်ရင် ရှေ့ဆံပင်တွေလည်း ဖရိုဖရဲ မဖြစ်တော့ဘူး။
ရှေ့ဆံပင်တွေက လေတိုက်တာနဲ့ မျက်နှာရှေ့ရောက်လာပါရော။ အာရုံနောက်စရာသိပ်ကောင်းတယ်။ ဦးထုပ်ဆောင်းထားလိုက်တော့ ဆံပင်တွေလည်း ထိန်းသိမ်းပြီးရာ ရောက်တယ်။

၃။ဦးထုပ်နဲ့ မျက်မှန်နဲ့ တွဲဝတ်လိုက်ရင် ကြည့်ကောင်းတယ်။
ခု ကိုယ်တပ်နေတဲ့ မျက်မှန်နဲ့ ဦးထုပ်နဲ့ လိုက်ဖက်မှုရှိတယ်။ ဖက်ရှင်လည်းကျသလို ဆွဲဆောင်မှုလည်း ရှိတယ်လို့ သူငယ်ချင်းတွေက ပြောတယ်။
၎။ဦးထုပ်လေးဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်ရတာ ပြည့်စုံသွားသလို ခံစားရတော့တယ်။
ဒီအတိုင်းကြည့်လိုက်ရင် မျက်နှာပါ ဘာလိုနေသလဲမသိဘူးဖြစ်နေတတ်တယ်။ ဦးထုပ်ဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်လို့ကောင်းသွားသလို၊ ပြည်စုံသွားသလို ခံစားနေရတတ်တယ်။
၅။ကိုယ့်မျက်နှာကို နေပူဒဏ်က ကာကွယ်ဖို့ ဆောင်းမှကိုဖြစ်မယ်။
မျက်နှာမှာ နေလောင်ဒဏ်မဖြစ်စေဖို့အတွက် sun block တွေ လိမ်းရမယ်၊ မျက်မှန်နဲ့ ဦးထုပ်ကလည်း မပါအဖြစ်ပဲ။ ဒီတော့ ဦးထုပ်ကိုဆောင်းမှကို ဖြစ်မယ်။

၆။ဦးထုပ်ဒီဇိုင်းအသစ်တွေ ထွက်ပြီဆိုတာနဲ့ ၀ယ်ချင်နေတာ့တာပဲ။
ဦးထုပ်ဒီဇိုင်းသစ်ဆို ၀ယ်စုဖြစ်တယ်။ အင်္ကျံအသစ်တစ်ထည်ဝယ်တိုင်း ဒီအင်္ကျံနဲ့ဆို ဘယ်လိုဦးထုပ်မျိုးနဲ့ လိုက်မလဲဆိုတာလည်း တွေးပြီးဝယ်ဖြစ်တယ်။

၇။Cap ဦးထုပ်မှ မဟုတ်ဘူး၊ ဦးထုပ်ဒီဇိုင်းအားလုံးကို သဘောကျပြီး ဆောင်းဖြစ်တယ်။
Boho ဦးထုပ်ဒီဇိုင်းမျိုးလို ဦးထုပ်အ၀ိုင်းတွေလည်း ဆောင်းဖြစ်တာပဲ။ Cap ဦးထုပ်လည်း ဆောင်းဖြစ်တာပဲ။ ဖက်ရှင်ဒီဇိုင်းနဲ့လိုက်ပြီး ပြောင်းလဲဆောင်းဖြစ်နေတယ်။
Ref:cosmopolitan.com

ချိုးဖာက်ပစ်ရမယ့် ဖက်ရှင်စည်းမျဉ်းများ (အပိုင်း -၂)

ဟိုးအရင်ကတည်းက ဘာနဲ့ဘာတွဲဝတ်ရင် မလိုက်ဖက်ဘူး။ ဘယ်အရောင်နဲ့ဆို ဘယ်အရောင်နဲ့မှ လိုက်တယ်ဆိုတဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိခဲ့ဖူးပေမယ့် ခုချိန်မှာ ဒါတွေ မလိုအပ်တော့ပါဘူး။ ကိုယ့်စိတ်ကူးထဲ မှာရှိတဲ့အတိုင်း၊ ကိုယ့်အိုင်ဒီယာအတိုင်း တွဲဖက်ဝတ်ဆင်ပြီး ကိုယ့်စိတ်ကြိုက်ဖက်ရှင်ကို ဖန်တီးနိုင်ပြီလေ။ အဲ့ဒီတော့ ခုချိန်မှာ ဖောက်ဖျက်ပစ်ရတော့မယ် စည်းမျဉ်လေးတွေကို ပြောပြပေးချင်ပါတယ်။ ပထမအပိုင်း (၁)မှာ ဆယ်ချက်ဖော်ပြပေးခဲ့ပြီးပြီမို့ ခု အပိုင်း(၂)အနေနဲ့ ထပ်မံဖော်ပြပေးချင်တဲ့အချက်တွေကတော့
၁၁။နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီရင့်ရင့်ဆိုးတာဟာ ညနေခင်းအတွက်ပဲဆိုတာမျိုး။
အရင်ကဆို နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီတောက်တောက် ဆိုးဖို့အတွက် အချိန်ကာလလိုပါတယ်။ မနက်ခင်း၊ နေ့လည်နေ့ခင်းမျိုးတွေမှာ အဲ့ဒီလိုအရောင်ဆိုးပြီး အပြင်ထွက်ရင် အူကြောင်ကြောင်နိုင်တယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် ခုတော့ ကိုယ်ကြိုက်တဲ့အချိန်ဆိုးလို့ရနေပြီလေ။ ဘယ်သူမှလည်း ဘာမှလာပြောမှာ မဟုတ်တော့ဘူး။
၁၂။အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ် မ၀တ်သင့်ဘူးဆိုတာမျိုး။
ဟိုယခင်က ပြောလာခဲ့ကြတဲ့ အရပ်ရှည်ရင် ဖိနပ်အပါးကသာ သင့်တော်တယ်ဆိုတာမျိုး ခုခေတ်မှာ မရှိတော့ပါဘူး။ အရပ်ရှည်တဲ့သူလည်း ဒေါက်မြင့်ဖိနပ်တွေ စီးနိုင်တာပဲ။ ပိုစမတ်ကျနေအောင်ပေါ့။
၁၃။ဂျင်းမဟုတ်တဲ့ ဘောင်းဘီအပျော့သားတွေ၊ အားကစားဘောင်းဘီစတာတွေကို အပြင်သွားရင် မ၀တ်သင့်ဘူးဆိုတာမျိုး။
ဒါကလည်း ခပ်ကြောင်ကြောင် အတွေးပါ။ ခုခေတ်မှာ ဘယ်အရာလုပ်တာမှန်တယ်၊ ဘယ်အရာမှအမှားဆိုတာ မရှိတော့ပါဘူး။ အထူးသဖြင့် ဖက်ရှင်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။
၁၄။ကာလာအဖျော့တွေချည်း အထက်၊အောက် မ၀တ်သင့်ဘူးဆိုတာမျိုး။
အပေါ်က ပန်းရောင်ဝတ်ထားရင်၊ အောက်က အနက်၊ အပြာစတဲ့ အရောင်ရင့်တွေနဲ့တွဲရမယ် ဆိုတာမျိုးတွေ မေ့လိုက်ပါတော့။ အပေါ်က အ၀ါနုဆိုရင်လည်း အောက်က ပန်းနုရောင်ကာလာနဲ့ တွဲဝတ်နိုင်တာပါပဲ။
၁၅။မျက်မှန်ကိုင်းတွေမှာ အနက်ရောင်ကသာ စတိုင်လ်အကျဆုံး ဆိုတာမျိုး။
ခုချိန်မှာ လူငယ်လူကြီး အားလုံးဟာ ကိုယ့်စိတ်ကြိုက် ကာလာဒီဇိုင်းပေါင်းစုံနဲ့ မျက်မှန်ကိုင်းတွေ ရွေးချယ်ဝတ်ဆင်လာကြပြီမို့ အထူးပြောစရာတောင် မလိုတော့ပါဘူး။
၁၆။အပြောင်အလက်တွေပါတဲ့ အ၀တ်အစားဒီဇိုင်းမျိုးတွေကို ညဘက်မှသာ ၀တ်သင့်တယ်ဆိုတာမျိုး။
စီးကွင့်တွေနဲ့ ဖန်တီးထားတဲ့ ဘောင်းဘီရှည်ကို နေ့ခင်းဘက်ဝတ်လိုက်ရင် ကြောင်သွားမလားဆိုပြီး တွေးနေဖို့အချိန် မဟုတ်တော့ပါဘူး။ ဒါလည်း ချိုးဖောက်ပစ်ရမယ့် စည်းမျဉ်းတွေထဲက တစ်ခုပါပဲ။
၁၇။အသက် ၄၀ကျော်သွားရင် ဒူးအထက် စကတ်တွေ မ၀တ်ဆင်သင့်တောဘူးဆိုတာမျိုး။
ဖက်ရှင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေထဲမှာ ချိုးဖောက်ရမယ့် စည်းမျဉ်းတစ်ခုပါ။ စကတ်အတိုဆိုပေမယ့် ကိုယ်နဲ့လည်း သင့်တော်တဲ့၊ ကြည့်ကောင်းတဲ့ စကတ်မျိုးဆို အသက်၄၀ကျော်လည်း ၀တ်လို့ရတာပါပဲ။
၁၈။ဟိုးအရင္က ကုတ္အက်ႍေတြက သံုးစားမရေတာ့ဘူး ဆိုတာမ်ိဳး။
အရင်တုန်းက ကိုယ့်ဆီမှာ ရှိနေဖူးတဲ့ ကုတ်အင်္ကျံဒီဇိုင်းကို မကြိုက်တော့ဘူးဆိုရင် အပ်ချုပ်ဆိုင်သွားပြီး ဟိုပြင်ဒီပြင်လုပ်လိုက်ပါ။ အထာကျသွားပါလိမ့်မယ်။
၁၉။ဒေါက်မြင့်ဖိနပ်တွေနဲ့ ခြေစွပ်နဲ့ တွဲမ၀တ်သင့်ဘူးဆိုတာမျိုး။
ဒေါက်မြင့်ဖိနပ်အမျိုးမျိုးကို သူနဲ့သင့်တော်တဲ့ ခြေစွပ်တွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒါဟာလည်း ခုနောက်ဆုံး ခေတ်စားနေတဲ့ ဖက်ရှင်တွေထဲက တစ်ခုပါ။
၂၀။ရေမွှေးတွေဆွတ်တာလွန်သွားခဲ့ရင် တစ်ခုတည်းသော လုပ်နိုင်တာက ရေပြန်ချိုးလိုက်တာပဲဆိုတာမျိုး။
သွားခါနီး လာခါနီး အမြန်အမြန်လုပ်ရင်းနဲ့ ရေမွှေးကို အသားကုန် ဆွတ်လိုက်မိလို့ အနံ့ပြယ်သွားဖို့အတွက် ရေပြန်ချိုးစရာ မလိုပါဘူး။ 0il-based မိတ်ကပ်ဖျက်တဲ့ remover နဲ့ ရေမွှေးစွတ်ထားတဲ့ လက်ကောက်ဝတ်၊ လည်ပင်းစတဲ့ နေရာတွေကို နည်းနည်းသုတ်လိမ်းပေးလိုက်ရုံပါပဲ။
Ref:stylecaster.com