This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 17, 2014

အီဘိုလာ ကာကွယ်ဆေး လူတွေနဲ့ စတင် စမ်းသပ်


အီဘိုလာ ရောဂါ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် မြို့မှာ လူသားတွေနဲ့ စမ်းသပ်မှု စတင် လိုက်ပါတယ်။

တိရစ္ဆာန်တွေကို စမ်းသပ်မှု အရ ရလဒ်ကောင်းတွေ ရခဲ့ပြီးတဲ့ နောက်မှာ ကျန်းမာ သန်စွမ်းသူ လူ ၆၀ ကို အီဘိုလာ ရောဂါ ကာကွယ် ဆေးတွေ ပေးပြီး စမ်းသပ်မှု စတင်လိုက်တာ ဖြစ်ပါတယ်။

ဆေးသုတေသီ အဖွဲ့ဟာ အပျော့စား အီဘိုလာ မျိုးဗီဇကို ချင်ပန်ဇီတွေမှာ ဖြစ်လေ့ရှိတဲ့ အအေးမိ ရောဂါ ဗိုင်းရပ်စ်နဲ့ ပေါင်းစပ် ခဲ့ကြတယ်လို့ ဝက်စ်မင်စတာ တက္ကသိုလ်က ဒေါက်တာ Edward Wright က ပြောပါတယ်။

အဲဒီလို ပေါင်းစပ် ထားတဲ့ ဆေးဟာ အီဘိုလာကို ခုခံနိုင်မယ့် ပဋိဇီဝ ပစ္စည်းတွေကို လူ့ ခန္ဓာကိုယ်က ထုတ်လုပ်ဖို့ လှုံဆော် ပေးလိမ့်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။

ဒီနှစ်ကုန်မှာ အဲဒီ ဆေးတွေကို အီဘိုလာ လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အတွက် သုံးကောင်း သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက GlaxoSmithKline ဆေးကုမ္ပဏီနဲ့ အမေရိကန်က National Institutes of Health တို့က ထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140917_ebola_vaccine_human_trial.shtml

အီဘိုလာကို ခုခံမယ့် ပဋိဇီဝ ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့်

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ တည်းခိုနေထိုင်သည်ကို တွေ့ရှိပါက သတင်းပေးရန် ပြောကြား


နိုင်ငံခြားသားဧည့်သည် များလူနေအိမ်များတွင်
တည်းခို နေထိုင်ခြင်း (Home Stay) များ တွေ့
ရှိပါက သတင်းပေးရန် မန္တ လေးတိုင်းဒေ
သကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်
ပုံ တင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသောင်းဇော်
ကပြောသည်။



အစိုးရ၏ခွင့်ပြုချက်ပါရှိ သည့် လုပ်ငန်းဗီဇာနှင့် နိုင်ငံခြား သားများကိုသာ နေအိမ်များတွင် တည်းခိုခွင့်ပြုထားသော်လည်း ကမ္ဘာ့လှည့်ဗီဇာနှင့် ခရီးသွားများ ကိုမူ ခွင့်မပြုထားသောကြောင့် တွေ့ရှိပါက သတင်းပေးတိုင်ကြားရန် တိုင်းဦးစီးမှူးကပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ ကိုယ့်တိုင်းထဲမှာရောက်နေတဲ့ နိုင်ငံခြား သားတွေ အကုန်လုံးကို ကျွန် တော်တို့ မသိနိုင်ပါဘူး။ အဲဒီတော့ သတင်းပေးပါ။ အားလုံးပူးပေါင်း ပါဝင်ပြီး သတင်းပေးရင်း နိုင်ငံ ခြားသားကိုရော၊ အိမ်ရှင်ကိုရော အရေးယူပါမယ်။ ပြစ်ဒဏ်ကို လည်း ငွေဒဏ်ရော၊ ပြည်နှင်ဒဏ် ရော အရေးယူပါမယ်’’ဟု ဦး သောင်းဇော်ကပြောသည်။

Home Stay ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့သော နိုင်ငံ ခြားသားများသည် အိမ်များတွင် တည်းခိုကြသဖြင့် ဟိုတယ်များ တွင် တည်းခိုသူများလျော့ကျမှု အနည်းငယ်ရှိနေကြောင်း၊ ထို့ ကြောင့် Home Stay ဥပဒေနှင့် ပတ်သက်ပြီး တိတိကျကျထုတ် ပြန်ပြီး အရေးယူမှုများကိုလည်း တိတိကျကျလုပ်ဆောင်ပေးသင့် ကြောင်း မန္တလေးမြို့ရှိ ရွှေဖြူဟို တယ်မှ အထွေထွေမန်နေဂျာ ဦး စိုးသူရကပြောသည်။

‘‘အပြင်မှာ အိမ်ငှားနေကြ တာတွေကြားနေရတယ်။ ဒါပေ မဲ့ လ၀ကကိုမေးတော့ ကုမ္ပဏီ ဗီဇာနဲ့ဆို အချက်အလက်နဲ့ ညီ ရင် ခွင့်ပြုတယ်ပြောတယ်’’ ဟု ဦးစိုးသူရကပြောသည်။

တရုတ်ပြည်ဘက်မှလာ ရောက်သည့် ကျောက်ကုန်သည်

ဧည့်သည်အများစုမှာ မန္တလေးမြို့ သို့ တစ်ကြိမ်လာရောက်လျှင် တစ်လ၊  နှစ်လကြာ  ဟိုတယ် များတွင် ငှားရမ်းနေထိုင်လေ့ရှိကြ ပြီး ကျန်နိုင်ငံခြားသားကမ္ဘာလှည့် ဧည့်သည်များမှာမူ ရက်အနည်း ငယ်ခန့်သာ လာရောက်တည်းခို လေ့ရှိပြီး  အင်န်ဂျီအိုအဖွဲ့များမှ နိုင်ငံခြားသားအချို့မှာမူ ၎င်းတို့ ဌာနမှ ငှားရမ်းပေးသည့် အိမ်ရာ များတွင် နေထိုင်မှုများ ရှိကြ ကြောင်း မန္တလေးမြို့ခံဟိုတယ် လုပ်ငန်းရှင်အချို့ထံမှသိရသည်။
7Day News Daily

လမ်းဖြတ်ကူးရင် ကားကြည့်ရှောင်၊ ဓာတ်ကြိုးအောက်ဖြတ်ရင် ဓာတ်ကြိုးကို မော့ကြည့်ရမတဲ့လား


ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်း
မြို့နယ် ၁၆/၁ ရပ်ကွက် ဇဋိလလမ်းနဲ့ သုမင်္ဂ
လာလမ်းထောင့်က ဓာတ်တိုင် ၀ိုင်
ယာရှော့ဖြစ်တာကြောင့် လမ်းပေါ်မှာ
 အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်
 ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။


အခုနှစ်ပိုင်း လျှပ်စစ်ဓာတ်တိုင်၊ ဓာတ်ကြိုး

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်


ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ
၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော
 သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့
နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင်
 အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း


သတင်း ရရှိသည်။

 ၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

 သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲ တိုက်ကို ယခုနှစ်ဧပြီလ ၇ ရက် တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်။

7Day news Daily

တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေဟု တယ်လီနော ပြောကြား


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်
ငန်းများ တိုးတက်လာခဲ့သော်လည်း ခက်ခဲ
သည့်အပိုင်းများလည်း ရှိနေကြောင်း၊ ယင်း
အနက် တာဝါတိုင်များ အပြည့်အ၀ မစိုက်
ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေကြောင်း


Telenor Myanmar ၏ CEO Peter Furberg က စက်တင်ဘာ ၁၆ ရက် နေပြည်တော်၌ ကျင်းပသည့် Myanmar Connect 2014 တွင် ဆွေးနွေးပြောကြားခဲ့သည်။

Sunday, September 14, 2014

ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအား
လျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများ
စတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက
 ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း


၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။

“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။

အစိုးရက လက်ရှိဆောင်ရွက်နေသည့်  မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းမြို့အနေဖြင့် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရန် များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။

“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိန်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် အတွက် ယခုလ ၃ ရက်နေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ ရှိသော Wind Park (Energy Sufficient Feldheim Village)သို့သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။

Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။

မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသလို မဟာဓာတ်အားလိုင်းမှသွယ်တန်းမည့်ဓာတ်အားများဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသည့်အတွက် မာန်အောင်မြို့မီးလင်းရေးအတွက် လေအားလျှပ်စစ်ဖြင့်သာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရ ထံ ဒေသခံများက လွှတ်တော်များမှတဆင့် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း မာန်အောင်မြို့ခံများက ဆိုသည်။

“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒီလိုပေးလာနိုင်ရင်တော့ ကျွန်တော်တို့မာန်အောင်ကျွန်းအတွက် အင်မတန် ကောင်းတဲ့ အချက်ပါပဲ”ဟု မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောသည်။

လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးပေါင်းပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိတစ်ကြိမ်၊ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိတစ်ကြိမ်- တစ်နေ့လျှင် လျှပ်စစ်မီး စုစုပေါင်းနှစ်ကြိမ်ပေးလျက်ရှိပြီး ပထမ ယူနစ် ၂ဝ သုံးစွဲခအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးရပြီး ယင်းထက်ပိုမိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄ဝဝ ပေးနေရကြောင်း မာန်အောင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည့်စီမံချက်ကို မည်သည့် အချိန်တွင်စတင်ဆောင်ရွက်သွားမည်ဆိုသည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေး ပေ။

(နိရဉ္စရာသတင်းဌာန- ၁၁ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့်ရှုသူဦးရေ များပြားသဖြင့် အင်တာနက်လိုင်း ပြတ်တောက်


နယူးဇီလန်နိုင်ငံအတွင်း နာမည်ကျော် အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့် ရှုသူဦးရေ များပြားလွန်းသောကြောင့် နိုင်ငံအတွင်း အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည်ဟု စက်တင် ဘာလ ၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဝတ်စလစ်ပုံများအတွက် အင်တာနက်တွင်ဖော်ပြထားသော ၀က်ဘ်ဆိုက်လိပ်စာသည် မှန်ကန်သော လိပ်စာမဟုတ်ပဲ ကလစ်နှိပ်ကာ ၀င်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ်ထည့်သွင်းရန် လုပ်ဆောင်ထားသော လိပ်စာဖြစ်နေခြင်းကြောင့် နိုင်ငံအတွင်း အင်တာနက်စနစ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် နယူးဇီလန်နိုင်ငံ၏ အင်အားကြီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Spark သည် စက်တင်ဘာလ ၇ ရက်အထိ အသုံးပြုသူ ခြောက်သိန်းကျော် အသုံးပြုခဲ့ခြင်းအတွက် မနိုင်မနင်းဖြစ်ခဲ့ရသည့် အင်တာနက်စနစ် ကို ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဝတ်လစ်စလစ်ပုံများ iCloud မှ ဖောက်ထွင်းခံခဲ့ရသော အနုပညာရှင်များထဲတွင် ဂျနီဖာ လောရင့်၊ ရီဟားနားနှင့် အဆိုတော အဲဗယ်လ် လာဗင်း တို့လည်း ပါဝင်ခဲ့သည်။ ယင်းပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့်အချိန်တွင် Spark က အသုံးပြု သူများအနေဖြင့် မှားယွင်းသော ၀က်ဘ် ဆိုက်လိပ်စာကို နှိပ်မိသောကြောင့် နိုင်ငံတကာ ၀က်ဘ်ဆိုက်များသို့ အလွန်အမင်း ၀င်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်စေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေ ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သော တွစ်တာမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ကွန်ပျူတာ လုံခြုံရေး အဖွဲ့ဖြစ်သည့် Trend Micro ကလည်း အင်တာနက်ပြတ်တောက်မှု မဖြစ်ခင် အသုံးပြုသူ များကို သတိပေးခဲ့သည်။ "ဒီအချိန်မှာ naked celebrity သို့မဟုတ် အီးမေးလ်ထဲမှာ ပါဝင်တဲ့ ဖိုင်ကို နှိပ်တာ က ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ မသမာသူတွေက အကြံအစည်နဲ့ လုပ်ဆောင်တာပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။


နာမည်ကျော် အနုပညာရှင်များ၏ ဓါက်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်.....




Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား ( ၁ )
Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား (၂)

Tuesday, September 9, 2014

မြန်မာ့စီးပွားရေးဖိုရမ်တည်ဆောက်ရန် စီစဉ်

 ပုဂ္ဂလိကကဏ္ဍနှင့် အစိုး ရအဖွဲ့    တွေ့ဆုံဆွေးနွေးနိုင် မည့် မြန်မာ့စီးပွားရေးဖိုရမ်တည် ထောင်ရန်အတွက် နေပြည်တော် အစိုးရအနေဖြင့်ပြင်ဆင်နေပြီဖြစ် ပြီး အပြည်ပြည်ဆိုင်ရာဘဏ္ဍာ ရေးကော်ပိုရေးရှင်း(IFC)က လည်း ကူညီပံ့ပိုးပေးနေကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဖိုရမ်တွင်  အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ပြုလုပ်ရာမှတစ်ဆင့် ကုမ္ပဏီများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ နှင့် ရင်းနှီးကျွမ်းဝင်သည့်ဥပဒေ၊ နည်းဥပဒေများကိုရေးဆွဲသည့် ဖြစ်စဉ်များတွင် ပါဝင်ခွင့်ရလာ မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲဖို ရမ်ပြုလုပ်ရန် သမ္မတဦးသိန်းစိန် က ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး     ယခုစတင်အ ကောင်အထည်ဖော်လာခြင်းဖြစ် သည်။
အလားတူ မြန်မာအစိုးရ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့် တင်ရေးအထူးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဦးဝင်းမြင့်ဦးဆောင်ပြီး သြဂုတ်လဆန်းကစတင်ဖွဲ့စည်း လိုက်ပြီဖြစ်သည်။ ယင်းအဖွဲ့အ နေဖြင့် မြန်မာ့စီးပွားရေးဖိုရမ်အ တွက် အစိုးရကဏ္ဍ  ပေါင်းစပ် ညှိနှိုင်းမှုလုပ်ငန်းများကို  တာဝန် ယူခြင်း၊ မြန်မာ့စီးပွားရေးဖိုရမ်ကို ဦးဆောင်ကျင်းပရန်    အတွင်း ရေးမှူးအဖွဲ့အဖြစ်   တာဝန် ထမ်းဆောင်ခြင်းနှင့်အစိုးရ၏ပြု ပြင်ပြောင်းလဲရေးကြိုးပမ်းအား ထုတ်မှုများကို ဦးဆောင်မည်ဟု ဆိုသည်။
ယင်းအထူးလုပ်ငန်းအဖွဲ့အ နေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင် ရွက်သည့်ကမ္ဘာ့အကြီးဆုံးအဖွဲ့ အစည်းကြီးဖြစ်သည့် IFCနှင့် လည်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကို ပြီးခဲ့သည့်ကြာသပတေးနေ့က ပြုလုပ်ခဲ့သည်။ မြန်မာ့စီးပွားရေးဖို ရမ် တည်ထောင်နိုင်ရေးအတွက် အသိပညာနှင့်ကျွမ်းကျင်မှုများကို ဖလှယ်ခဲ့ကြသည်ဟုဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိကနှီးနှော ဖလှယ်ခြင်းဖြင့် စီးပွားရေးလုပ် ငန်းများအတွက်လိုအပ်နေသည့် ဥပဒေလုပ်ထုံးလုပ်နည်းများတိုး တက်ပြောင်းလဲမှုကိုဖြစ်ပေါ်စေ မည်ဟု အထူးလုပ်ငန်းအဖွဲ့အ တွင်းရေးမှူးဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ ပွင့်စန်းကပြောသည်။
မြန်မာ့စီးပွားရေးဖိုရမ်မှတစ် ဆင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆက်ဆံနိုင်မည့်လမ်းကြောင်း တစ်ခုပေါ်လာရန်၊ ပုဂ္ဂလိကက ဏ္ဍနှင့်အတူလက်တွဲရန်စိတ်ပိုင်း ဖြတ်ထားသည်ဟု၎င်းကဆိုသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI)ကလည်း ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအဖွဲ့ဆွေးနွေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည့် အ တွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် ပုဂ္ဂ လိကကဏ္ဍမှ ကဏ္ဍအလိုက်လုပ် ငန်းအဖွဲ့  ခုနစ်ဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက    ဖွဲ့စည်းလိုက် သည့်    အထူးလုပ်ငန်းအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်  ဆွေးနွေးကြမည့်   အစိုးရကဏ္ဍဆွေးနွေး ဖက်များနှင့်ဆွေးနွေးမည့်ဦးစား ပေးအကြောင်းအရာများရွေးချယ် နိုင်ရန်အတွက် ပုံမှန်အစည်းအ ဝေးများပြုလုပ်ကြမည်ဟုဆို သည်။ မြန်မာ့စီးပွားရေးဖိုရမ်ပေါ် ပေါက်ရန်ပံ့ပိုးမည့် IFCအနေဖြင့် ဗီယက်နမ်အပါအ၀င်အရှေ့ တောင်အာရှနိုင်ငံများတွင်လည်း အစိုးရ-ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဆွေးနွေးပွဲအတွေ့အကြုံများရရှိ ထားသူဖြစ်သည်။၂၀၁၄ဘဏ္ဍာ နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူ နေမှုအဆင့်အတန်းမြှင့်တင်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာနိုင် စေရန်၊ အရေးပေါ်စိန်ခေါ်မှုများကို ကိုင်တွယ်လုပ်ဆောင်နိုင်စေရန် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ထောက်ပံ့ရင်းနှီးမှုပြုလုပ်ထားသည်ဟုဆိုသည်။
7Days