This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 9, 2014

ရတနာပုံတယ်လီပို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်မည်

ရတနာပုံ တယ်လီပို့ ကုမ္ပဏီသည် အကျိုးတူပူးပေါင်း လုပ်ကိုင်မည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှင့် ယခုလအတွင်း သဘောတူစာချုပ်ချုပ်ဆိုနိုင်မည် ဟု ခန့်မှန်းထားပြီး နောက်ဆုံး အဆင့်ဆွေးနွေးမှုပြီးစီးတော့မည် ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာဦးရန်ဝင်းကပြောသည်။
ဒေသတွင်းရှိ ဆက်သွယ် ရေးကုမ္ပဏီတစ်ခုနှင့်နောက်ဆုံး ဆွေးနွေးမှုများလည်း ပြီးစီးတော့မည်ဟု ဆိုသည်။
‘‘သူတို့နိုင်ငံဘက်ကိုပြန်တင် ပြပြီး ဒီတစ်ပတ်ထဲမှာ အကြောင်း ပြန်မယ်ပြောပါတယ်။ တကယ် လို့ သေချာရင် ဒီတစ်ပတ်နှစ်ပတ် အတွင်းမှာပဲ စာချုပ်ချုပ်ဆိုသွား မှာပါ’’ဟု ဦးရန်ဝင်းကပြောသည်။
ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ် ကိုင်ရန် အဆင့်ဆင့် ဆွေးနွေးမှု များကို ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနသို့ တင်ပြပြီး အကြံပြု ချက်များ အားလုံးကိုလည်း ပြင် ဆင်ညှိနှိုင်းပြီးဖြစ်ရာ ရတနာပုံ တယ်လီပို့ကုမ္ပဏီဘက်မှ စာချုပ် ချုပ်ဆိုရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီအများအပြားနှင့်  အဆင့်ဆင့်ဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရသည့် အာရှဒေသတွင်းရှိ ကုမ္ပဏီတစ်ခု နှင့် နောက်ဆုံးအဆင့်ဆွေးနွေးမှု များပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ရတနာပုံတယ် လီပို့ကုမ္ပဏီသည် အော်ပရေတာ အတွက်ပြောင်းလဲဆောင်ရွက်နိုင် ရန် ပြည်တွင်းရှိဝန်ထမ်းအင်အား နှင့် ယခင်ကဆောင်ရွက်ခဲ့သည့် ဆက်သွယ်ရေး လုပ်ငန်းများမှ အခြေခံ အဆောက်အအုံအချို့ရှိနေပြီး  ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးပါက ထပ်မံတိုးချဲ့ဆောက်လုပ်မည်ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ သတင်းရရှိသည်။
အော်ပရေတာလုပ်ငန်းယှဉ် ပြိုင်လုပ်ကိုင်ရမည့် ပြည်ပကုမ္ပဏီနှစ်ခုတွင် အူရီးဒူးကုမ္ပဏီ အနေ ဖြင့် မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချနေပြီး တယ်လီ နောကုမ္ပဏီမှာ လာမည့်စက်တင် ဘာတွင် ဆင်းမ်ကတ်များရောင်း ချမည်ဖြစ်၍ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကလည်း ယင်းနှင့်ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်နိုင်ငံရှိ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကိုရွေးချယ်ပြီးဖြစ်သည်။
7days

မြန်မာမှ လူကုန်ကူးမှု ထိုင်းရဲပစ်မှတ်ထား စောင့်ကြည့်

ထိုင်းတော်ဝင်ရဲလက်ထောက်ကော်မရှင်နာမင်းကြီး ပန်စပ်ကေဆမ်ဆန့်ကိုတွေ့ရစဉ်(ဓာတ်ပုံ− Saran Mitrarat)
ထိုင်းနိုင်ငံတွင် တရားမ ဝင်အလုပ်လုပ်ကိုင် ခြင်းဖြင့် ကျွန်ပြုခိုင်း စေခံရနိုင်သော    အန္တရာယ်ရှိ သည်ကို   သိရှိနိုင်ရေး အသိပညာပေးရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က မြန်မာရဲအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။
ထိုင်းတော်ဝင်ရဲ  လက် ထောက်ကော်မရှင်နာမင်းကြီး ပန်စပ်ကေဆမ်ဆန့်က ဩဂုတ် ၆ ရက်ကပြုလုပ်ခဲ့သော ထိုင်း- မြန်မာလူကုန် ကူးမှုတိုက်ဖျက်ရေး တွင် ဥပဒေအားဖြည့် အကောင် အထည်ဖော်ရေးနှင့်ရာဇဝတ်မှု ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
လေးရက်ကြာနိုင်ငံတကာ ညီလာခံကို ဖူးခက်အပန်းဖြေ စခန်းတွင် တနင်္လာနေ့က စတင် ကျင်းပနေခြင်းဖြစ်သည်။
လူထုအသိပညာတိုးမြှင့်ပေး ရေးလှုပ်ရှားမှုက မြန်မာနိုင်ငံသား များ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်များရှာဖွေခြင်းကို ရပ်တန့် ရန်ရည်ရွယ်သည်ဟု ဆိုသည်။
‘‘ကျွန်တော်တို့ ထိုင်းရဲတပ် ဖွဲ့က အမြဲတမ်းရင်ဆိုင်နေရတဲ့ ပြဿနာက လူကုန်ကူးခံရတဲ့သူ တွေကိုယ်တိုင်က ကျွန်တော်တို့ ကို အချက်အလက်တွေပေးဖို့ ငြင်းဆန်နေတာပါ’’ဟု ဒုဗိုလ်မှူး ကြီးပန်စပ်က ပြောဆိုသည်။
‘‘သူတို့မှာလည်း သူတို့ အကြောင်းတွေရှိပါတယ်။ ဒါပေ မဲ့ ဒါတွေကိုမသိဘဲနဲ့ ကျွန်တော် တို့က သူတို့အခြေအနေပိုကောင်း လာအောင် မကူညီပေးနိုင်ဘူး။ လူကုန်ကူးတဲ့သူတွေကို ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်တော်တို့မသိ နိုင်ဘူး’’ဟု ဆိုသည်။ ယင်းလှုပ် ရှားမှုကိုစတင်ပါက မြန်မာနိုင်ငံ သားများအား   ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်ပါက မည်သို့ သော အကျိုးခံစားခွင့်ရရှိမည် ဆိုသည်ကိုလည်း ရှင်းလင်းပြမည် ဟု ပြောသည်။
‘‘မြန်မာနိုင်ငံသားတွေကို ဒီလိုရှင်းလင်းပြောပြဖို့အတွက် မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းကူညီမှုရမယ်ဆိုရင် ကျွန် တော်ထင်ပါတယ်။ ပြဿနာက ဖြေရှင်းလို့ရပါတယ်’’
ရိုဟင်ဂျာ (ဆောင်းပါးပါ မူရင်း အသုံးအနှုန်း)အရေးလျစ်လျူရှု
သို့ရာတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြပြီး ဖူးခက်ကမ်း ခြေအပါအဝင် မုတ္တမကမ်းရိုးတန်း တစ်လျှောက်   ဆိုက်ရောက်လာ ကြသည့် ရိုဟင်ဂျာထောင်ပေါင်း များစွာ၏ ပြဿနာကိုမူ ဖြေရှင်း နိုင်စွမ်းမရှိပါ။
မြန်မာနိုင်ငံဘက်မှ လူကုန် ကူးမှုတိုက်ဖျက်ရေးအကြီးအကဲ ဗိုလ်မှူးကြီးဝင်းနိုင်ထွန်းက ရိုဟင် ဂျာအရေးသည် မြန်မာအရာရှိ များ၏ တာဝန်မဟုတ်ကြောင်း ပြောဆိုသည်။
‘‘ရိုဟင်ဂျာတွေက မြန်မာ နိုင်ငံသားတွေမဟုတ်ဘူး။ သူတို့ က အိမ်နီးချင်းနိုင်ငံမှာနေတဲ့သူ တွေဖြစ်တယ်’’ဟု ထိုင်းစကားပြန် မှတစ်ဆင့် ပြောဆိုသွားပြီး ယင်း ကိစ္စကိုဆက်လက်မေးမြန်းခြင်း မပြုရန် ဖူးခက်သတင်းဌာနကို သတိပေးလိုက်ကြောင်း သိရသည်။
‘‘ဒါက နှစ်နိုင်ငံဆက်ဆံရေး ကို ထိခိုက်စေလိမ့်မယ်’’
ဗိုလ်မှူးကြီးပန်စပ်ကတော့ ယင်းပြဿနာအပေါ် အကောင်း မြင်မျှော်လင့်ချက်များ   ထားရှိ သည်။
‘‘ကျွန်တော်တို့က ဒီကိစ္စကို ပြောဆိုနေတုန်းပါပဲ။ ညီလာခံက လူကုန်ကူးမှုကို အဓိကဆွေးနွေး တာဆိုတော့ ရိုဟင်ဂျာကိစ္စက လည်း အရင်ကဒီလိုညီလာခံမှာ ဆွေးနွေးတာမရှိခဲ့ပါဘူး။ အဖွဲ့ တွင်းညီလာခံဆွေးနွေးပွဲတွေလုပ် ခြင်းအားဖြင့် ဒုက္ခသည်တွေကို သူတို့ရဲ့မူရင်းနိုင်ငံတွေဆီကို ပြန် ပို့ရမှာပါ။ ဒါပေမဲ့ ရိုဟင်ဂျာတွေ ကိစ္စက ကျွန်တော်တို့လုပ်လို့မရ ဘူး။ ဒါကြောင့် သူတို့ကို ရွှေ့ ပြောင်းစခန်းတွေကို ရွှေ့ထားရပါ တယ်။ UNHCR နဲ့ IMO တို့က လည်း သူတို့ကို ကူညီပေးနေပြီး ထိုင်းအစိုးရကတော့ အစားအစာ နဲ့ နေစရာပံ့ပိုးပေးပါတယ်။ သူတို့ ကို လက်ခံမယ့်နိုင်ငံတစ်ခုခုရှိတဲ့ အထိ၊ ဒါမှမဟုတ် တခြားအဖြေ တစ်ခုခုတွေ့တဲ့အထိ ထားရမှာ ပေါ့’’
တိုးတက်မှု
ဗိုလ်မှူးကြီးပန်စပ်က ညီ လာခံတွင် တိုးတက်မှုများရရှိခဲ့ ကြောင်း ပြောဆိုသည်။ ‘‘သတင်း ကောင်းကတော့ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ နိုင်ငံခြားရေးရာဌာနက ဒုတိယတပ်မမှူးဟာစာစီရီက မြန်မာနိုင်ငံလူကုန်ကူးမှုနဲ့ ရွှေ့ ပြောင်းအလုပ်သမားရေးရာရဲ့ တွဲဖက်လုပ်ကိုင်သူအဖြစ် စက် တင်ဘာလကစပြီး တာဝန်ယူမှာ ဖြစ်ပါတယ်။
‘‘ဒါက သူတို့ကို လူကုန်ကူးမှု စတင်တဲ့နေရာမှာရှိတဲ့ လူကုန် ကူးသူတွေကို ပစ်မှတ်ထားနိုင်ဖို့ အကူအညီဖြစ်လာပါလိမ့်မယ်’’
တစ်ချိန်တည်းမှာပင် ထိုင်း- မြန်မာအလုပ်သမားဝန်ကြီးများ က ဘန်ကောက်မြို့တွင်တွေ့ဆုံ ဆွေးနွေးနေကြကြောင်း ဗိုလ်မှူး ကြီးပန်စပ်က ပြောသည်။
‘‘အလုပ်သမားဝန်ကြီးဌာန က အကြီးတန်းအရာရှိတွေက လည်း လူကုန်ကူးတဲ့ပြဿနာနဲ့ ပတ်သက်ပြီး အဲဒီညီလာခံမှာ ဆွေးနွေးနေပါတယ်’’
စောင့်ကြည့်စာရင်း
ထိုင်းနိုင်ငံ၏ လတ်တလော လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ် ဆောင်ချက်များရှိနေသော်လည်း အမေရိကန်၏ လူကုန်ကူးမှုဆိုင် ရာ အဆိုးရွားဆုံးစောင့်ကြည့်စာ ရင်းတွင် ထိုင်းနိုင်ငံကျန်ရှိနေသေး သည်။
ထိုင်းနိုင်ငံကို စောင့်ကြည့် အဆင့် Tier 3 တွင် မလေးရှား၊ ဂမ်ဘီယာနိုင်ငံများနှင့် အဆင့်တူ ထားရှိပြီး ယင်းသည် ယခင်တစ် နှစ်ကထက်ပင် တစ်ဆင့်နိမ့်သွား ခြင်းဖြစ်သည်။ ယခုလုပ်ဆောင်မှု သည် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကို တစ်စုံတစ်ရာရိုက် ခတ်မှုရှိမည်ဟု မျှော်လင့်နေ သည်။
‘‘ပြီးခဲ့တဲ့ နှစ်ပတ်က အမေရိ ကန်နိုင်ငံကို   ကျွန်တော်သွားပြီး ထိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ဘာတွေကြိုးပမ်းလုပ်ဆောင် နေတယ်ဆိုတာကို သွားပြီးရှင်း လင်းပြခဲ့ပါတယ်။ အဲဒီထဲမှာ ရွှေ့ ပြောင်းအလုပ်သမားမှတ်ပုံတင် တစ်ခါတည်းအပြီးလုပ်လို့ရတဲ့ နေရာတွေကို    ဖွင့်လှစ်တဲ့အ ကြောင်းလည်းပါပါတယ်’’ဟု သူက   ဖူးခက်သတင်းကို   ရှင်းပြ သည်။
‘‘ကျွန်တော်တို့ကို တုံ့ပြန်မှု တွေကောင်းကြပါတယ်။ ဒါပေမဲ့ Tier 3 အဆင့်ကနေ ချက်ချင်း လက်ငင်းကြီးပြန်အဆင့်မြှင့်ပေး လို့မရဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ နောက်တစ်နှစ်စောင့် ရမယ်။ အဲဒီတော့မှ ထိုင်းနိုင်ငံရဲ့ အဆင့်ကို ပြန်စဉ်းစားမယ်လို့ ပြောပါတယ်’’
(Phuketgazette မှ Thai Police target source of human trafficking from Myanmar, but exclude Rohingya ဆောင်း ပါးကို ခင်မေဇော်ဘာသာပြန် သည်)

မန်းရှိ ပန်းပျိုးသူနှင့် ပလက်ဖောင်းပျိုးခင်း စာသင်ဝိုင်းများ တိုင်းအစိုးရအဖွဲ့နှင့် အခြေခံ(၂)တို့ ကူညီထောက်ပံ့မည်


ပလက်ဖောင်းပျိုးခင်းစာသင်ဝိုင်း(ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့ရှိ ပန်းပျိုးသူ များ စာသင်ဝိုင်းနှင့် ပလက်ဖောင်း ပျိုးခင်းစာသင်ဝိုင်းတို့အား တိုင်း ဒေသကြီးအစိုးရအဖွဲ့က   ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးပညာရေးမှူးရုံး နှင့် အမှတ် (၂) အခြေခံပညာ ဦး စီးဌာနတို့က အဆိုပါ စာသင်ဝိုင်း နှစ်ဝိုင်းမှ  ဦးဆောင်သူများနှင့် ကျောင်းသားများအား ပညာသင် ကြားရာတွင် လုံခြုံမှုရှိစေရေးအ တွက် ပူးပေါင်းလုပ်ဆောင်သွား ရန် ယခုလ ၈ ရက်က အပြန်အ လှန် တွေ့ဆုံဆွေးနွေးခဲ့သည်။
လက်ရှိ ကလေးများ စာသင် ကြားနေသည့် နေရာမှာ အများ ပြည်သူ သွားလာနေသည့် လူ သွားလမ်းပတ်ဝန်းကျင်ဖြစ်သည့် အပြင် ပန်းပျိုးသူများ စာသင်ဝိုင်း ၏ နံဘေးတွင် နိုင်ငံခြားသား ဧည့် သည်များ လာရောက်မှုများသည့် ရုပ်သေးဇာတ်ပွဲရုံ ရှိနေသော ကြောင့် မန္တလေးမြို့၏ ဂုဏ်ပုဒ် ကို ထိခိုက်လာနိုင်၍ ယခု စာသင်ဝိုင်းအနီးရှိ အထက (၁၆) နှင့် အထက (၆) ကျောင်းများတွင်ပြောင်းရွှေ့သင်ကြားနိုင်စေရန် စီစဉ်ထားကြောင်း  မန္တလေးတိုင်း ဒေသကြီး   လူမှုရေးရာဝန်ကြီး ဒေါက်တာဝင်းလှိုင်ကပြောသည်။
‘‘ပညာရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေး မယ်။ ကလေးတွေ ပညာရေးနဲ့ ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်က လုပ်နေတဲ့ အဖွဲ့အစည်းတွေအား လုံးကို အားပေးပါတယ်။ လိုအပ် တာတွေကို ညှိနှိုင်းပြီး လုပ်ဆောင် သွားမယ်’’ ဟု ဒေါက်တာဝင်းလှိုင် က ပြောသည်။
သက်တမ်းတစ်လကျော် ရှိ ပြီဖြစ်သည့် ပန်းပျိုးသူများ စာ သင်ဝိုင်းအတွက် လှူဒါန်းထား သည့် ပစ္စည်းများ၊ ငွေများ လုံ လောက်စွာ ရှိသော်လည်း နောင် တွင် နေရာအခက်အခဲများ၊ သင်ကြားရေးနည်းစနစ်များ လိုအပ်လာနိုင်သောကြောင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၏ ထောက်ပံ့နိုင်ရေး ကမ်းလှမ်းမှုများမှာ အလွန်ကောင်းမွန်ကြောင်း ယင်းစာသင်ဝိုင်းမှ ဆရာကိုလင်းသန်းထွဋ်က ပြောသည်။ သို့သော်လည်း လတ်တလောတွင် စာသင်ဝိုင်းမှ ကလေး များအား အစိုးရအဖွဲ့ ကမ်းလှမ်း သည့်အတိုင်း  အထက (၁၆) နှင့် အထက (၆) ကျောင်းဝင်းများထဲ သို့ ရွှေ့ပြောင်းသင်ကြားရန်ကိုမူ လုပ်အားပေးအဖွဲ့ဝင်များ၊ ကျောင်းသူကျောင်းသားများနှင့် ပြန်လည်တိုင်ပင်ပြီးမှ  ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြော သည်။
ပန်းရောင်းသူကလေးငယ် များကိုယ်စား ပန်းရောင်းပေးပြီး ပညာဒါနအနေဖြင့် စာသင်ပေး နေသည့် ပန်းပျိုးသူများ စာသင် ၀ိုင်းကို ပရဟိတလုပ်ငန်း စိတ်ဝင် စားသည့်    မြို့ခံအများစုဖြင့် ယခု နှစ် ဇွန်လ ၂၅ ရက်မှ စတင်အ ကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။
7days



မြန်မာကို အလျှော့ပေး၍ မရတော့သည့် အမေရိကန်


အာဇာနည်နေ့အခမ်းအနားသို့ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
ယခုသီတင်းပတ်ကုန် တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ ၎င်းအနေဖြင့်အရှေ့တောင်အာရှဒေသရှိ နိုင်ငံကိုဒီမိုကရေစီထွန်းကားပြီး နိုင်ငံတစ်ခုအဖြစ် သဘောထားဆက်ဆံခြင်းမျိုးမပြသရန်မှာ အတိမ်းအစောင်း မခံသည့်အခြေအ နေတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှပိုမိုပွင့် လင်းမြင်သာသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ ကူးပြောင်းနေဆဲဖြစ်ကောင်းဖြစ်နိုင်သည်။ အမေရိကန်၏မူဝါဒက အဆိုပါစပ်ကူးမပ်ကူးအခြေအနေမှာ အမှန်တကယ်ဖြစ်ထွန်းမှုရှိ၊မရှိ တွက်ဆနိုင်ရေးအတွက် အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။
လူဦးရေ သန်းခြောက်ဆယ် မျှမှီတင်းနေထိုင်သည့် မြန်မာနိုင် ငံသည် ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအ ကြီးမားဆုံးအာဏာရှင်စနစ်တစ် ရပ်၏ လက်အောက်တွင်ရာစုနှစ် ထက်ဝက်မျှ ဖြတ်သန်းခဲ့ရသည်။ လွန်ခဲ့သည့် သုံးနှစ်ကမူ ဗိုလ်ချုပ် ကြီးဘ၀မှ သမ္မတဖြစ်လာသူဦး သိန်းစိန်သည် နေအိမ်အကျယ် ချုပ်ဖြင့် နှစ်ပေါင်းနှစ်ဆယ်မျှဖြတ် သန်းနေထိုင်ခဲ့ရသည့် ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်နှင့်    တွေ့ဆုံဆွေးနွေးခဲ့ သည်။
အဆိုပါဆွေးနွေးမှုက ပြုပြင် ပြောင်းလဲမှုများထံ ဦးတည်စေခဲ့ ပြီး နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ခွင့်ရရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံ ရေးပါတီဖြစ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)သည် ၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပ သော ရွေးကောက်ပွဲ၌ အောင်ပွဲခံ ခဲ့ပြီးလွှတ်တော်တွင် ပါဝင်ခွင့်ရရှိ လာသည်။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်းလွှတ် တော်တွင်အမတ်တစ်ဦးဖြစ်လာ ခဲ့သည်။
ထိုစဉ်က မျှော်လင့်ထား သည်ထက် အဖွင့်လှပခဲ့သည့်အ ခြေအနေများကြောင့်အမေရိကန် ၏ မူဝါဒပိုင်းအောင်မြင်ခဲ့ကြောင်း သမ္မတ ဘားရက်အိုဘားမားအ စိုးရက အခိုင်အမာပြောကြားခဲ့ သည်။ အမေရိကန်သည် မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် စီးပွားရေး ပိတ်ဆို့မှုများသတ်မှတ်ထားခဲ့ သည်။ စစ်အစိုးရဘက်ကအဆိုပါ ပိတ်ပင်မှုများမှလွတ်မြောက်ရန် ဆန္ဒပြင်းပြနေခဲ့သည်။ကံအ ကြောင်းမလှစွာဖြင့် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်သည် အ လျင်စလိုနိုင်လွန်းသကဲ့သို့ဖြစ်ခဲ့ သည်။ ပိတ်ဆို့မှုစံနှုန်းသတ်မှတ် ချက်များကိုလျှော့ချလိုက်သည်။ ထို့နောက် ၂၀၁၂ခုနှစ်မှစ၍ မြန် မာနိုင်ငံ၏ အပြောင်းအလဲများ တွင် အကန့်အသတ်များဖြစ်ပေါ် လာသည်။
အချို့သောနယ်ပယ်များ တွင် အပြောင်းအလဲလှုပ်ရှားမှု သည် လမ်းကြောင်းအမှားသို့ ဦး တည်လာသည်။ အာဏာပိုင်များ သည် လူနည်းစုအစ္စလာမ်ဘာသာ  ၀င်များအပေါ်အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကိုတွန်းအား ပေးခဲ့သလို အရေးယူရန်မျက် ကွယ်ပြုခဲ့သည်။ မြန်မာစစ်တပ် သည် လူနည်းစုတိုင်းရင်းသားများ အပေါ် စစ်ပွဲများဆက်လက်ဆင်နွှဲ ခဲ့သည်။ ငြိမ်းချမ်းရေးရရှိနေသော ဒေသများတွင် ခရိုနီများက လယ် သမားများပိုင်ဆိုင်သည့်မြေယာ များကို သိမ်းယူခဲ့သည်။
ဇူလိုင်လအတွင်းက ဂျာနယ် လစ်လေးဦးအလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ်စီချမှတ်ခံခဲ့ ရသည်။ ‘‘ဒီတရားရေးစီရင်မှုက ဒီမိုကရေစီစနစ်မှာ စာနယ်ဇင်း တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက် ပြီး သမ္မတဦးသိန်းစိန်အစိုးရရဲ့သ ဘောထားက ဘယ်လိုလဲဆိုတာ ဒွိဟဖြစ်စရာအခြေအနေအားလုံး ကို ပယ်ဖျက်လိုက်တာပါပဲ’’ဟု ဂျာနယ်လစ်များကာကွယ်စောင့် ရှောက်ရေးကော်မတီ၏အာရှ တိုက်ဆိုင်ရာဒါရိုက်တာဘော့ဘ် ဒီယတ်ဇ်ကပြောကြားခဲ့သည်။
အများစုစိုးရိမ်နေကြသည့် တစ်ချက်မှာ မြန်မာနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို  ပြန်လည်ပြင်ဆင်ရေးတောင်းဆိုမှုတွင် တိုးတက်မှုရှိမလာခြင်းဖြစ် သည်။ လက်ရှိအခြေခံဥပဒေက အုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်၏ ထိန်းချုပ်ခွင့်ကိုဆက်လက်တည် တံ့နေစေပြီး အနာဂတ်ကာလရွေး ကောက်ပွဲများတွင် အနိုင်ရစေရန် အလားအလာပိုမိုများပြားလာစေ သည်။ ထို့အပြင်ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတအဖြစ်ရွေး ကောက်ခံခွင့်မရအောင်တားမြစ် ထားပြီးဖြစ်နေသည်။ အကယ်၍ အဆိုပါအခြေခံဥပဒေကိုပြုပြင် ပြောင်းလဲခွင့်မရခဲ့ပါက အခြား သောပန်းတိုင်များဖြစ်သည့် လွတ် လပ်သော တရားစီရင်ခွင့်၊ကလေးစစ်သားနှင့်အင်အားသုံးစေ ခိုင်းခံရမှုများအဆုံးသတ်ရေးကိစ္စ များအတွက်ပါ အလှမ်းဝေးနေဦး မည်ဖြစ်သည်။
တစ်ဖက်တွင် မြန်မာစစ်တပ် ဗိုလ်ချုပ်များနှင့် အငြိမ်းစားဗိုလ် ချုပ်ဟောင်းများသည် ကမ္ဘာပေါ် တွင် အကောင်းဆုံးဟုဆိုရမည့်အ ခြေအနေများကို စတင်ရရှိလာပြီ ဖြစ်သည်။ ပိတ်ပင်မှုများဖယ်ရှား နိုင်လာသည်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ  ဆိုက်ရောက်လာသည်။ နိုင်ငံအာဏာကို ထိန်းချုပ်ထားဆဲ အခြေအနေတွင် အမေရိကန်နှင့် ဆက်ဆံရေးကို တိုးမြှင့်လာနိုင်ခဲ့ သည်။
မစ္စတာကယ်ရီအနေဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများ၊ ယုံကြည်ကိုးကွယ်မှုကွဲပြားသူများ အပါအ၀င် ပြည်သူအားလုံးဂုဏ် သိက္ခာရှိရှိရပ်တည်နေထိုင်နိုင် လောက်သော ပြောင်းလဲတိုးတက် မှုမျိုးရှိမလာပါက အမေရိကန်နှင့် မြန်မာတို့ကြားဆက်ဆံရေးသည် ရှေ့ဆက်ကောင်းမွန်နေစရာအ ကြောင်းမရှိတော့ကြောင်း  ရှင်း လင်းတိကျစွာ   ပြသရမည်ဖြစ် သည်။ မြန်မာနိုင်ငံက စစ်ရေးအ ရနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ရန်လိုလားနေ သည်။ ကျန်ရှိသောပိတ်ဆို့မှုများ ကိုဖယ်ရှားပေးစေလိုသည်။ နိုင်ငံ တကာ၏ အသိအမှတ်ပြုလေးစား မှုကို လိုလားသည်။ တရုတ်၏ ကြီးစိုးမှုချိန်ခွင်လျှာကို လျှော့ချနိုင် ရန်အတွက် အမေရိကန်၏ကူညီ ရပ်တည်မှုကိုမျှော်လင့်နေသည်။
အိုဘားမားအစိုးရ   အနေ ဖြင့် အဆိုပါမျှော်လင့်ရည်မှန်း ချက်များသည် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်သို့ဦး တည်မှုမရှိမချင်း  အောင်မြင်နိုင် မည်မဟုတ်ကြောင်း မြန်မာစစ် ဗိုလ်ချုပ်များ  နားလည်လက်ခံ အောင်  လုပ်ဆောင်ရမည်ဖြစ် သည်။ (Washington Post မှ သတင်းဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်)
7days

အော်ရီဒူးဆင်းကတ်များ မှတ်ပုံတင်ရာတွင် ခက်ခဲမှုရှိနေ


 မကြာသေးခင်က စတင်ရောင်းချခဲ့တဲ့ အော်ရီဒူး ဆင်းကတ်တွေကို ရေရှည်သုံးစွဲနိုင်ဖို့အတွက် မှတ်ပုံတင်ဖို့ လိုအပ်ပြီး မှတ်ပုံတင်ရာမှာ အဆင်မပြေမှုတွေ ရှိနေပါတယ်။

အော်ရီဒူးကုမ္ပဏီက ရောင်းချနေတဲ့ ဖုန်းဆင်းကတ်တွေကို သြဂုတ် ၁၄ ရက်နေ့အထိ မှတ်ပုံမတင်ဘူးဆိုရင် အလိုအလျောက် ပိတ်သွားဖို့ ရှိနေပါတယ်။

ဝယ်ယူသူရဲ့ မှတ်ပုံတင်နဲ့ ဆင်းကတ်ရဲ့ ဘားကုတ်ကို တွဲမှတ်တဲ့ စနစ်နဲ့ မှတ်ပုံတင်စာရင်းသွင်းတာဖြစ်ပြီး ရောင်းချတဲ့ ဆိုင်တွေက ဒါကို တာဝန်ယူလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆင်းကတ်တွေကို မှတ်ပုံတင်ရာမှာ အခက်အခဲရှိနေပြီး ဒီနေ့အချိန်ထိ မှတ်ပုံမတင်ရသေးတဲ့ ဆင်းကတ် အများအပြားရှိနေပါသေးတယ်။

ဆင်းကတ်တွေ မှတ်ပုံတင်ဖို့အတွက် ကုမ္ပဏီက လိုအပ်တာတွေကို ထောက်ပံ့ထားတယ်လို့ ဖုန်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ယုဇနပလာဇာမှာ ဖွင့်ထားတဲ့ ဖုန်းဆိုင် ပိုင်ရှင်တဦးက မှတ်ပုံတင်ရာမှာ ကြုံတွေ့ရတာကို အခုလို ပြောပါတယ်။

“ပထမကတော့ သူတို့ တိုက်ရိုက်ပေးထားတယ်။ အွန်လိုင်း register (မှတ်ပုံတင်) လုပ်ဖို့အတွက် ရုံးကို ပြန်ပို့နေရတယ်။ နောက်ပိုင်းတော့ အွန်လိုင်း register ပဲ ပြန်ချမယ်နဲ့တူပါတယ်။ လောလောဆယ်တော့ ရုံးကို ပြန်ပို့နေရတယ်။ မနေ့ကမှ စတယ်။ ရုံးကို ပို့လိုက်ပြီဆိုတော့ သူတို့ တာဝန်ဖြစ်သွားပြီ။ ၁၀ ကတ်လောက်ပဲလုပ်လိုက်တယ်။ နောက်ပိုင်း ၀င်လို့ မရတော့ဘူး။ ဆာဗာတွေ ဒေါင်းသွားလို့။ ကျနော်တယောက်တည်း ပြဿ နာ ဖြစ်နေတာမဟုတ်ဘူး။ ဆိုင် တော်တော်များများဖြစ်နေတော့ ရုံးကိုပြန်ပို့တဲ့အစီအစဉ်ပေါ့။ သူတို့လာကောက်သွားတယ်။”

ရန်ကုန်မြို့၊ ဆူးလေအနားက မိုဘိုင်းဖုန်းဆိုင် တာဝန်ရှိသူတဦးကတော့ ဆိုင်မှာရောင်းသမျှ ဆင်းကတ်တွေကို မှတ်ပုံတင်ပေးနေပြီး အင်တာနက်လိုင်း မကောင်းတာက အခက်အခဲ ရှိပါတယ်လို့ ပြောပါတယ်။

ဒါ့ပေမယ့် ဆင်းကတ် ၄၀၀ လောက်ကို မှတ်ပုံတင်ဖို့အတွက် အချိန် ၅ နာရီလောက် ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မှတ်ပုံတင်ရာမှာ အခက်အခဲကြုံတွေ့နေတာနဲ့ပတ်သက်ပြီး အော်ရီဒူး ကုမ္ပဏီရဲ့ လူမှုဆက်ဆံရေး အရာရှိ မသီရိကြာညိုက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“မှတ်ပုံတင် လုပ်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ မှတ်ပုံလုပ်ပြီးမှလည်း ကိုယ့်ဖုန်းနဲ့ ကိုယ့်နာမည်နဲ့ ဖြစ်မှာပါ။ မှတ်ပုံတင်လုပ်တာလည်း အရမ်းလွယ်ပါတယ်။ ကျမတို့ရဲ့ အောရီဒူး ဆိုင်တွေမှာ သွားလုပ်လို့လည်း ရပါတယ်။ ပြည်တွင်းဖြစ်ထုတ်လုပ်ထားတဲ့ mobile application သုံးထားပါတယ်။ အဲဒီ mobile application နဲ့ပဲ သေသေချာချာ လုပ်ရပါတယ်။ အစ်မတို့တွေလည်း မှတ်ပုံတင်တာတွေ ကူလုပ်ပေးနေပါတယ်။”

ဝယ်ယူထားတဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ပြီး မပြီး သိနိုင်ဖို့အတွက် ဆင်းကတ်ဘူးခွံမှာပါတဲ့ ၀န်ဆောင်မှုဌာနကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

အော်ရီဒူးကုမ္ပဏီက ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှာ တရားဝင် စရောင်းခဲ့ပြီး လိုသလောက်ရောင်းချသွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/61990

Friday, August 8, 2014

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ အစိုးရ ကျေနပ်


 အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျေနပ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံဒေသအတွင်း ဖိုရမ်စတင်ကျင်းပတဲ့ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့ပါတယ်။

"တခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးကိုတော့ ကျနော်တို့ကသွားပြီး ညှိနှိုင်းဆောင်ရွက်လို့မရဘူး၊ သို့သော်ကျနော်တို့က ဘာကိုတော့လုပ်လို့ရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကို အမေရိကန်နိုင်ငံက ပိုပြီးတော့ နားလည်လာအောင် လုပ်ပေးမှာပါ၊ ယေဘူယျအားဖြင့်ပြောရင်တော့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အသိအမှတ်ပြုပြီးတော့ ကူညီတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ ယေဘူယျအားဖြင့် ကျေနပ်ပါတယ်၊ တစ်ဖက်ကတော့ အမေရိကန်ကွန်ဂရက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်၊ ဒီလိုစိုးရိမ်ပူပန်မှုတွေ ပျောက်သွားနိုင်ဖို့အတွက် ဒီကိုရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ကျနော်တို့ ရှင်းပြဖို့ရှိသလို့၊ အမေရိကန်လွှတ်တော်အမတ်တွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေချင်တယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ ရှင်းပြဖို့အသင့်ရှိပါတယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလူမျိုး အမေရိကန်နိုင်ငံသားတစ်ဦးကို အစိုးရက ပြန်လည်ပို့ဆောင်လိုက်တဲ့အပေါ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

"ဦးမောင်မောင်ဝမ်းကိစ္စက တကယ်တော့ သူကတကယ်တော့ ဗီဇာသက်တမ်းကျော်နေလို့၊ ဗီဇာသက်တမ်းတိုးတယ်ဆိုတာလည်း လွယ်ကူတဲ့ကိစ္စပဲ ဒါပေမဲ့ အဲဒါကိုမလုပ်ပဲနဲ့ သက်တမ်းတိုးနေတဲ့အတွက်ကြောင့် ကျနော်တို့က မလွဲမရှောင်သာ သူ့ကိုပြန်ပို့ရတယ်၊ ဒါကသူ့ကို ပြန်မလာဖို့တားတာမဟုတ်ဘူး၊ ဒီသက်တမ်းကုန်တဲ့အခါကျတော့ ဘယ်သူပဲဖြစ်ဖြစ် တခြားနိုင်ငံခြားသားဆိုလည်း ကျနော်တို့ကထုတ်တာပဲ၊ အဲလိုထုတ်တဲ့ နိုင်ငံခြားသားတွေလည်းရှိပါတယ်"

အာဆီယမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပြီး ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ယောက်ကျားလေးများ အသက် ၃၀ မတိုင်မှီ သိသင့်သော အရာများ

Image and video hosting by TinyPic
၁ ။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊
ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား…. ။
ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့
အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ
ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီး
သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့….
ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်
လေ့လာ သင်ယူပါ…. သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ်ဆိုရင်
သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ
အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ…. အလုပ်ဟာ
တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ
သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို
သင်ပေးပါလိမ့်မယ်… ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့
ဆက်တိုက်သင်ယူနေပါ…. ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။
အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့ သူဆိုတာ
ရှားပါတယ၊်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့…. သူတို့ကို စာနာ
နားလည်ပေးပါ… သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့
မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ… သူတို့ကို
ပျော်ရွင်အောင်ထားပါ။မတတ်နိုင်ရင်တောင် အနည်းဆုံးတော့
ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကို
စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ
ရရှိလာပါလိမ့်မယ်။
၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်….
ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ
သင့်အချိန်ကို မကုန်ပါစေနဲ့…. အနည်းဆုံးတော့ ကိုယ်အခက်အခဲ
ရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို
ကောင်းကောင်းဆက်ဆံပါ…. သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ…
ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်
ဆိုတာ ကောင်းပါတယ်… လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့
သူတွေပြောစကားကို နားမယောင်ပါနဲ့ …. တကယ်က
တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို
နားလည်ဖို့ခက်ပါတယ် … သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ ….
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ
အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ
ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့
ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် … မျက်စိမှိတ်ပီး
မယုံသင့်ပါဘူး၊
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။
လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်
တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး
ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက်
မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀
အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊
ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်… ရင့်ကျက်တဲ့
ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်
တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်
ရူးရူးမူးမူး ကြိုးစားနေမဲ့ အစား အသက် ၃၀ မတိုင်ခင်မှာ
တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။
၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ …
ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်း
မပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် …. ဒါပေမဲ့
ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလို
ဝါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့
မတတ်နိုင်တော့ပါဘူး… စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာ
ရှိပါတယ်…. ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ …
အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး…
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင်
စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ
အကောင်းမြင်သဘောထား၇ှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ…
မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ…
အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို
အတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့… ထပ် ကြိုးစားလို့ အောင်မြင်ရင်
အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်….
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို
မေတ္တာထား ဆက်ဆံပါ
လူတွေမှာ အားကျစရာ လူတွေရှိပါတယ်… ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ…
သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်…ဘာလို့လဲဆိုတော့
သင်ဟာ သင်ပါပဲ …. ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့
လူတွေမှာ သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်… သူတို့ကို နားမလည်နိုင်ဘူးဆိုရင်
လက်ခံနိုင်ဖို့ အားထုတ်ပါ၊
၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး
မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ…. ယောက်ျားလေးတွေဟာ
အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့
စိတ်ရှိဖို့လိုပါတယ်…. ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့…
နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ
တာဝန်ယူရဲတဲံ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။
၁၁၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်၇ှင်းတဲ့
စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက
ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျပါတယ်။ တကယ်လို့
ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့…
ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊
၁၂၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာ
တွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့
မကြိုးစားပါနဲ့… အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ
ကွာခြားသွားပါတယ် …. ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်
… မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့
ကြိုးစားပါ…. ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပီး
စိုးရိမ်မနေပါနဲ့ …. အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ…
သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို
လှမ်းယူပါ…
၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း…
ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ…
အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ…. အောင်မြင်တဲ့လူဆိုတာ
အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲံ
စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ
အနာဂတ်အတွက် အရေးကြီးပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ
ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ … သင့်အတွက်
အချိန်ကုန်ပါတယ်… မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး
….ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့
စကားလုံးလေးတလုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ်
ရရှိစေပါတယ်..လောကမှာတခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့
ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်…
၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့ ထားပါ
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို
ထားတတ်ဖို့လိုပါတယ် … အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး…
ဖြူစင်တာပါ… စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ…
ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို
ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ
မူရင်း ၊ ၊ http://www.duwenzhang.com/wenzhang/lizhiwenzhang/20110422/180680.html မှ ဘာသာပြန်ခံစားတင်ပြပါသည်။
zaw naing facebook

ဆရာမင်းသိင်္ခ ဟောသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည့်ရက်စွဲ




၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်၊ ည ၉ နာရီ အချိန်ခန့်တွင် အနောက်ကြို့ကုန်းရပ်ကွက်၊
စန္ဒ၀င်း လက်ဖက်ရည်ဆိုင်၌ စက်မှုတက္ကသိုလ် ကျောင်းသားသုံးဦးနှင့် အရက်မူးနေသော
အရပ်သား လူငယ်လေးဦးတို့ အချင်းများမှုသည် ‘ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံကြီး’ ၏
သမိုင်းသစ် နိဒါန်းအဖွင့်ဟု ကမ္ပည်း မော်ကွန်းထိုးရမည်။
Image and video hosting by TinyPic
တစ်နည်းအားဖြင့် ပြောရသော် မဆလ တစ်ပါတီ အုပ်ချုပ်မှု ပြို
တစ်နည်းအားဖြင့် ပြောရသော် မဆလ တစ်ပါတီ အုပ်ချုပ်မှု ပြိုလဲပျက်ပြုန်းသွားစေမည့်
နိဂုံးဇာတ်သိမ်းခန်းအစပင် ဖြစ်သည်။
ယင်းသို့သော သမိုင်းသစ်နိဒါန်း မစတင်မီ ကတည်းက အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ
ပြည်သူတို့အကြား မပြေလည်မှု နောက်ခံပြဿနာများ၊ ထိပ်တိုက်ရင်ဆိုင် တွေ့မှုများ
များစွာရှိခဲ့ဖူးသည်။
“သမိုင်း အချိုးအကွေ့ အပြောင်းအလဲဆိုတာ ရုတ်ခြည်း ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။
တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီ အဖုအထစ်၊ အစိုင်အခဲတွေ
ပေါင်းစည်းမိသွားတဲ့ အချိန်တစ်ချိန်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရနိုင်တော့တဲ့ ပေါက်ကွဲမှု၊
ပြောင်းလဲမှု၊ အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ”ဟု ဆရာဒေါက်တာသန်းထွန်း
ကောက်ချက်ချ ပြောဖူးသည်။
ဆရာ့ ကောက်ချက်ချ ပြောစကား မှန်ကန်ပါသည်။ မဆလတို့ အုပ်ချုပ်သည့် ၂၆ နှစ်တာ
ကာလအတွင်း ၆၂ ခုနှစ်၊ မတ်လ ၇ – ၈ ရက်၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်
တို့အား ပစ်ခတ်သတ်ဖြတ်မှု၊ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို
မိုင်းခွဲဖြိုဖျက်ခဲ့မှု၊ ၆၃ ခုနှစ် ကျွန်းဆွယ်အား ကစားပြိုင်ပွဲ အဓိကရုဏ်း၊ ၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်
အလုပ်သမားအရေးအခင်း၊ ၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် ဦးသန့် ဈာပနကိစ္စ အုံကြွလှုပ်ရှားမှု၊
၇၅ ခုနှစ်၊ ဇွန် ၆ ရက် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်၊ ၇၆ ခုနှစ်၊ မတ် ၂၃ ရက်
မှိုင်းရာပြည့် အရေးတော်ပုံ၊ ၈၇ ခုနှစ် ငွေစက္ကူပြဿနာ၊ ဆန်ပြဿနာ၊ ပြဿနာပေါင်းစုံ။
ဒီကြားထဲ မြွေပူရာ ကင်းမှောင့်ဟု ဆိုရမည့် ၁၉၈၇ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးက မြန်မာနိုင်ငံကို ‘ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ’ အဖြစ် စာရင်းသွင်း
ကြေညာချက် ထုတ်ပြန်ခံရသည့် သတင်းဆိုး အပါအ၀င် မြန်မာတွေ အုပ်ချုပ် မင်းမူသည့်
ခေတ်ရောက်မှ မြန်မာ့ ဂုဏ်သိက္ခာ အကျည်းတန် အရုပ်ဆိုးစွာ ဖြစ်ရသည်မှာ မဆလအစိုးရ၌
တာဝန်အပြည့်ရှိသည်။
ယင်းသို့သော ကာလနောက်ခံ အကြောင်းတရားများကြောင့် ‘ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ’
အကျိုးတရား ဖြစ်ပေါ်လာရသည်။
‘ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး’ သည် မြေပေါ် မြေအောက် နိုင်ငံရေးအဖွဲ့များ၊
လက်နက်ကိုင် အင်အားစုများ၏ လှုံ့ဆော်မှု ပယောဂမပါ။ ကျောင်းသားထုက တိုက်ပွဲ ခေါ်သံ
စတင်သည်။
သွေးစည်း ညီညွတ်စွာ တိုက်ပွဲဝင်ကြသည်။ မူလတန်း ကျောင်းသူ၊ ကျောင်းသားကလေးများ
အပါအ၀င် ရဟန်း သံဃာတော် အရှင်သူမြတ်များ၊ အလွှာပေါင်းစုံက ၀န်ထမ်းများ၊ ပြည်လုံးကျွတ်
ပြည်သူများ၊ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲများပါမကျန် ‘ပြည်သူ့အရေးတော်ပုံ’
ရက်ရှည်ကြာ ဆန္ဒပြပွဲကြီး ကမ္ဘာကျော်အောင် ဆင်နွှဲခဲ့ကြသည်။
ထိုတိုက်ပွဲဝင် လူတန်းစား အလွှာပေါင်းစုံ အဖွဲ့အစည်း အသီးသီးများထဲတွင် ‘စာပေနှင့်
အနုပညာရှင်များအဖွဲ့’လည်း ပါသည်။
ထို အဖွဲ့၏ ဟောပြောပွဲ အစီအစဉ်များထဲတွင် နာမည်ကျော် စာရေးဆရာ၊ ဗေဒင်ယတြာဆရာကြီး
မင်းသိင်္ခလည်း ရှေ့ဆုံးတန်းမှ သူ့သဘော၊ သူ့ဆန္ဒအရ တက်ကြွစွာ ကူညီသူ အဖြစ် ပါဝင်သည်။
* * *
ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း နှလုံး အထူးကုအဆောင်ရှေ့၊ ဆင်ဝင်ဘေးရှိ၊ သံရေတိုင်ကီပျက်ကြီး
ကို ဟောပြောစင်သဖွယ် အသုံးချ၍ ဒီမိုကရေစီ တရားပွဲများကို ‘စာပေနှင့် အနုပညာရှင်များအဖွဲ့’
က ဦးစီးကျင်းပသည်။
ဩဂုတ် ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ပြည်သူလူထုနှင့် ပထမဦးဆုံး
အကြိမ် တွေ့ဆုံဟောပြောပွဲကို ဆေးရုံကြီးဝင်းထဲ၌ စီစဉ်ဆောင်ရွက်ခဲ့သည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်မုခ် မျက်နှာစာ၌ ဒေါ်အောင်ဆန်းစုကြည်
ဟောပြောပွဲအတွက် ‘စာပေနှင့် အနုပညာရှင်များအဖွဲ့’က သတင်းပြန်ကြားရေး ကိစ္စများ
တာဝန်ယူ ၀ိုင်းဝန်းကူညီပေးခဲ့သည်။
အဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများအတွက် လိုအပ်သောရန်ပုံငွေကို ကိုယ်နှင့် ရင်းနှီးသူများထံမှ
အကူအညီ တောင်းခံရသည်။
မိမိနှင့် စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၊ ကိုမျိုးမြင့်ညိမ်းတို့ သုံးဦးက ဗိုလ်ချုပ်အောင်ဆန်းလမ်း
နှင့် ၂၉ လမ်းထောင့်တွင် ဆရာ မင်းသိင်္ခထံ ရန်ပုံငွေ အလှူခံရန် ရောက်သည်။
“သူငယ်ချင်းတို့၊ ကိုယ် ကျပ် ၅၀၀ လှူမယ်။ ခုလောလောဆယ်တော့ ကိုယ့်လက်ထဲမှာ
ပိုက်ဆံမရှိဘူး။ နက်ဖြန် မနက်ပေးမယ်။ ဘယ်မှာ လာပေးရမလဲ” မိမိတို့က မိမိတို့ အဖွဲ့ရုံးတည်ရာ
ဘားလမ်းရှိ စပယ်ဦးစာပေတိုက်ကို ညွှန်းသည်။
နောက် နေ့နံနက်တွင် စပယ်ဦးသို့ ဆရာမင်းသိင်္ခ ရောက်လာသည်။
သို့သော် မိမိတို့ အဖွဲ့သား အားလုံး တရားပွဲအစီအစဉ်အတွက် ဆေးရုံကြီးဝင်းထဲသို့
ရောက်နေသည်။
ဆရာ မင်းသိင်္ခ ဆေးရုံကြီးဝင်းထဲသို့ ၀င်ရောက်လာစဉ် – “ပရိသတ်များခင်ဗျား၊ ကျွန်တော်တို့ရဲ့
ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီးကို တစ်ခဲနက်ထောက်ခံအားပေးနေတဲ့ နာမည်ကျော်
စာရေးဆရာကြီး မင်းသိင်္ခ ဒီမိုကရေစီ တရားဟောရန် ကြွရောက်လာပြီ ဖြစ်ပါတယ်” ဟု မိမိတို့က
လှုံ့ဆော်ကြေညာပြီး ဆရာ မင်းသိင်္ခကို သံတိုင်ကီပျက်စင်ပေါ်သို့ ဆွဲတင် ပို့လိုက်သည်။
သူငြင်းဆန်ချိန် မရလိုက်ပါ။ တကယ်ဖြစ်ရပ်မှန်က ဆရာမင်းသိင်္ခ တရားဟောရန် လာရောက်ခြင်း
မဟုတ်ပါ။ ရန်ပုံငွေ ကျပ် ၅၀၀ ပေးအပ်ရန် လာရောက်ခြင်း ဖြစ်သည်။
သို့သော် မိမိတို့၏ အကြံအဖန်ကြောင့် ဆရာမင်းသိင်္ခ ခမျာ စင်ပေါ်တက်၍ ပရိသတ်၏
လက်ခုပ်သံကို သဲ့ယူသွားသည်။
* * *
စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်က အာဏာသိမ်းသည်။
‘ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး’တွင် တက်ကြွစွာ ပါဝင် ဟောပြောမှုကြောင့်
ဆရာမင်းသိင်္ခ အဖမ်းခံရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့၊ အင်းစိန် ထောင်အတွင်း တရားရုံးက ဆရာမင်းသိင်္ခ ကို ထောင်ဒဏ်
တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။
အင်းစိန်ထောင်ကြီးအတွင်း ဆရာ မင်းသိင်္ခနှင့်အတူ တစ်တိုက်တည်း အတူနေခဲ့ဖူးသော
ဆရာမောင်ဝံသသည် ဒုအကြိမ်မြောက် အထိန်းသိမ်းခံရပြီး ထောင်ခုနစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရ
သော်လည်း မထင်မှတ်ဘဲ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော
အခါ ဆရာမောင်ဝံသ ထံ မိမိသွားရောက်နှုတ်ဆက်သည်။
ဆရာ မောင်ဝံသက ထောင်တွင်း အတွေ့အကြုံများကို စီကာပတ်ကုံး ပြောကြားချက်များ၌
ဆရာ မင်းသိင်္ခအကြောင်း ပါလာသည်။
“ဒီလူ တော်တော်ချစ်ဖို့ ကောင်းတယ်ဗျာ၊ တကယ့် ရဲဘော်ရဲဘက် ပီသတယ်။ အစောပိုင်းတုန်း
ကတော့ ဒီလူ စူပါစာရေးဆရာဆိုတော့ အထာကိုင်လိမ့်မယ်လို့ ထင်ထားတာ။
“ကျွန်တော့် အထင်မှားသွားတယ် ကိုသွေးသစ်ရေ၊ ကိုအောင်ထွန်းကြီးမှာ ဟိတ်ဟန် မရှိဘူး။
လူတိုင်းနဲ့ တည့်အောင်နေတတ်တယ်။ ရှင်းရှင်းပြောမယ်ဗျာ၊ ထောင်ကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်ဆိုတဲ့
ငနဲတွေကအစ ကိုအောင်ထွန်းကြီးနဲ့ဆို လေပေးဖြောင့်နေတာပဲဗျို့။
“ဒါကြောင့်မို့လားမသိဘူး။ အင်မတန် တင်းကျပ်တာတွေကို အလူးအလှိမ့်ခံနေရတဲ့
ကျွန်တော်တို့လို နိုင်ငံရေးအကျဉ်းသမားတွေဆီကို စားစရာ၊ အသုံးအဆောင်၊ ဆေးဝါးတွေကအစ
ရောက်ရောက်လာတယ်ဗျ။ ယူလာပေးတဲ့သူတွေက ဘယ်သူတွေမှတ်သလဲ၊ ထောင်ဝန်ထမ်း၊
အကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်တွေ၊ ဘယ်သူက ပေးခိုင်းတာလဲလို့ မေးလိုက်ရင် ‘ဆရာကြီး မင်းသိင်္ခ’လို့
ဖြေသဗျ။
“ကိုအောင်ထွန်းကြီးက ဥပဓိရုပ်ကောင်းသလို စကားပြောလည်းကောင်းတယ်။ သူ့ မျက်လုံး
အကြည့်မှာ တစ်ဖက်သားကို ညှို့ဓာတ်တွေရှိတယ်။ ဆံရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့
သူ့စတိုင်က ထူးခြားမှုရှိတယ်။ သူ့မှာက ပြောစရာစကားတွေကလည်း အများသား ဘ၀ကလည်း
စုံခဲ့သကိုးဗျာ။
“ဒီလို ဘ၀ကလည်းစုံ၊ ဗေဒင်၊ ယတြာ၊ ဂါထာ၊ မန္တာန်တွေကလည်း တတ်ကျွမ်းတဲ့ သူဆိုတော့ဗျာ
ရေချိုးချိန် လူတွေစုံတဲ့ အခါမျိုးမှာ သူ့အပြောတွေက ကွက်စိပ်နားထောင် နေရသလိုမျိုး
ကျွန်တော်တို့ မျောပါသွားတာ။ မှတ်မိသေးတယ်ဗျ၊ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ် ကောက်တာနဲ့
ပတ်သက်ပြီး ကိုအောင်ထွန်းကြီး လုပ်ပုံ။ အင်းစိန်ထောင်ထဲကို ကုလသမဂ္ဂက လူ့အခွင့်အရေး
ကိုယ်စားလှယ် ‘ယိုရိုယိုကိုတာ’ လာကြည့်မယ်ဆိုတော့ ထောင်အဆောက်အအုံတွေ ထုံးဖြူ
သုတ်လိုက်တယ်ဗျာ။ အဲဒီလို ထုံးဖြူသုတ်တာကို ကိုအောင်ထွန်းကြီးက ဘယ်လို အတိတ်၊
နိမိတ်ကောက် ယူလိုက်သလဲဆိုတော့…။
“ထုံးသုတ်တာက ကိုယ့်အတွက် အတိတ်ကောင်း၊ နိမိတ်ကောင်းပဲဗျာတို့၊ ကြည့်နေ၊
ကိုယ်တရားရုံးက ပြန်လာရင် အားလုံး အံ့အားသင့်စေရမယ်။ မင်းသိင်္ခဆိုတဲ့ စာရေးဆရာ
ကိုယ့်ကို ကွင်းလုံးကျွတ်လွှတ်စေဆိုတဲ့ အမိန့်ချမှတ်မှာ ကျိန်းသေပဲ”တဲ့။
“အဲ… တရားရုံးက ပြန်လာတော့ မျက်နှာရှုံ့တွတွနဲ့ ‘တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပြီဗျ’ လို့
ပြောတယ်။ အဲဒီကစပြီး သူ ဘာပြောပြော၊ ဘာဟောဟော ကျွန်တော်တို့ အယုံအကြည်
တန်သွားတယ်ဗျာ”
“တစ်ခါတော့ သူကပြောသေးတယ်။ အဆောင်တိုင်း အဆောင်တိုင်းက သောက်ရေအိုးတွေ
အားလုံး ရိုက်ခွဲပစ်လိုက်၊ အဆောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အားလုံး
လွတ်လိမ့်မတဲ့”
“ဘယ်လုပ်ရဲပါ့မလဲဗျာ။ ရေအိုးခွဲမှုနဲ့ အရေးယူခံရမှာ၊ ပြီးတော့ သေချာတာက သောက်ရေ
ငတ်ကုန်ကြမှာ၊ သူ့အဟောကို မယုံလို့ ကျွန်တော်တို့ မလုပ်ဘူး။
“တစ်နေ့တော့ ရေချိုးဆင်းချိန်၊ ကျွန်တော်ရယ်၊ ကိုအောင်လွင်ရယ်၊ ကိုမိုးသူရယ်၊
ဒေါက်တာ ဘမော်သမက် ဦးရဲထွန်းရယ်ဆီကို သူလာပြီး ဘာစကား အဆက်အစပ်မှ မရှိဘဲ
‘ဘယ်လ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ ခင်ဗျားတို့ အထဲက အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်
ဒီအကျဉ်းထောင်ကြီးထဲက လွှတ်မိန့်ကျလိမ့်မယ်’ လို့ ခပ်တည်တည်ကြီးပြောပြီး ထွက်သွားသဗျ။
ကျွန်တော်တို့ကလည်း ဆက်မမေးပါဘူး။ တစ်လလောက်ကြာတော့ မနက်ခင်းမှာ ထောင်ပိုင်ကြီး
ရုံးခန်းက ၀န်ထမ်းတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ထောင်ပိုင်ကြီး ရုံးခန်းထဲလိုက်ခဲ့ဖို့
ခေါ်သဗျ။ ကျွန်တော် စိတ်ထင်လိုက်တာက ထောင်ပြောင်းဦးမှာလား။ အမှုတွဲထပ်တိုးပြီး
အင်န်အယ်လ်ဒီ အမတ်ဖြစ်တဲ့ သူမို့လို့ ပြစ်ဒဏ်ရက်ကာလ ထပ်တိုးကြောင်း ပြောလေမလားဆိုပြီး
လိုက်သွားတာပေါ့ဗျာ။ ထောင်ပိုင်ကြီးနဲ့ တွေ့တော့ ‘ဦးစိုးသိမ်း၊ ပစ္စည်းတွေ သိမ်းပါ။ ခင်ဗျား ဒီနေ့
လွတ်မိန့်ကျပြီ’လို့ ပြောလိုက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်။ ဘာပြန်ပြောရမှန်း မသိဘဲ
နံရံပေါ်က ပြက္ခဒိန်ကို ကြည့်လိုက်တော့ “၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ မနက်ပိုင်း”
“ဟာ… ကိုအောင်ထွန်းပြောတာ အတိအကျ မှန်နေပါပေါ့လား” လို့ ကျွန်တော့်နှုတ်က
အာမေဍိတ်သံအကျယ်ကြီး ထွက်သွားတယ်။
ဒီစကားသံ ထွက်သွားတော့ ထောင်ပိုင်ကြီးရော၊ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေရော၊
ရဲအထူးသတင်းထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေကပါ ‘ကိုအောင်ထွန်းပြောတာ ဘာမှန်တာလဲ၊
ဘယ်လိုမှန်တာလဲ’ လို့ အလောတကြီးမေးကြတာပေါ့။
ဒါနဲ့ ကျွန်တော်လည်း ၀မ်းသာအားရ ပြောပြလိုက်တယ်။ ကျွန်တော်တို့ အုပ်စုထဲမှာ ရှိတဲ့ သူတွေ
ထဲမှာ ကိုအောင်ထွန်းပြော တဲ့ အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်က ‘စိုးသိမ်း’ဆိုတဲ့ ကျွန်တော် မောင်ဝံသ
ဖြစ်နေတာကိုး။
“ကျွန်တော်ကသာ ခုလိုဝမ်းသာအားရနဲ့ ပြောချလိုက်တာ၊ ကိုအောင်ထွန်း အဖို့တော့
ဒုက္ခရောက်သွားတော့တာပဲ။ ချက်ချင်းပဲ ကိုအောင်ထွန်းကို ရုံးခန်းထဲ သွားခေါ်လာတယ်။
ကျွန်တော့်ကို သူပြောခဲ့တာတွေ ဟုတ် မဟုတ်၊ မှန် မမှန် မေးတယ်။ သူကလည်း
ကျွန်တော်ပြောခဲ့တဲ့အတိုင်း ပြန်ပြောတယ်။
“ချုံ့ပြောရမယ်ဆိုရင်တော့ဗျာ၊ ကိုအောင်ထွန်းကို သက်ဆိုင်ရာက လျှို့ဝှက်ခေါ်တွေ့ တယ်။ သူတို့
သိချင်တဲ့ မေးခွန်းတစ်ခုမေးမယ်။ အဲဒီမေးခွန်းက အထက်ကလူကြီးတွေ မေးခိုင်းတာ၊ အာရုံမှာ
ထင်တဲ့အတိုင်း အမှန်အတိုင်းဖြေပါ။ အဲဒီအဖြေနဲ့ ပတ်သက်ပြီး လုံးဝ အရေးမယူဘူးလို့ သူကို
ပြောသတဲ့။
“ကိုအောင်ထွန်းကလည်း မဟော၊ မပြောပါရစေနဲ့လို့ အကြောက်အကန် ငြင်းဆန်တယ်။
နောက်ဆုံး ဘယ်လိုမှ ငြင်းမရတာနဲ့ ‘သူ့ကို တစ်လတိတိအချိန်ပေးပါ။ သူ သက်သတ်လွတ်စား၊
အဓိဋ္ဌာန်ဝင်မယ်၊ တစ်လပြည့်တဲ့ မနက်မှာ အဖြေပေးမယ်’လို့ ကတိပေးလိုက်ရတယ်။
သူသက်သတ်လွတ်စား ဥပုသ်စောင့်၊ အဓိဋ္ဌာန်ဝင်၊ ဂါထာမန္တန်တွေ ရွတ်တယ်။
“တစ်လပြည့်တဲ့နေ့၊ ထောင်ကြီးရဲ့ သီးသန့် အထူးစစ်ကြောရေးခန်းမှာ စစ်ဘက်၊ ရဲဘက်လုံခြုံရေး
အရာရှိကြီးတွေ အပါအ၀င် အသံဖမ်းစက်ဖွင့်ပြီး ကိုအောင်ထွန်းကို မေးခွန်း စမေးတယ်။
အဲဒီမေးခွန်းက – “ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ဖြစ်လာမလား၊ တိုင်းပြည်ကို
အုပ်ချုပ်ခွင့် တကယ်ရမလား” ဒါပဲ။
“ကိုအောင်ထွန်း အဖြေက – ‘၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံကို အုပ်ချုပ်ခွင့် မုချရမှာ ဖြစ်တယ်’လို့ ဟောကိန်း
ထုတ်သတဲ့”
* * *
ဆရာမင်းသိင်္ခ ဟောကိန်းထုတ်တဲ့ အချိန်က ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးကာလ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်အတော်များများ မြန်မာနိုင်ငံ
အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့အချိန်။
ဆရာမင်းသိင်္ခဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် မဟုတ်သလို ဘယ်ပါတီဝင်မှ မဟုတ်ဘူး။
ရှစ်လေးလုံးတိုက်ပွဲကာလမှာ ဒီမိုကရေစီ တရားတွေ လှည့်လည်ဟောပြောလို့ အင်းစိန်
အကျဉ်းထောင်ကြီးထဲမှာ အထိန်းသိမ်းခံနေရတာ။
အဲဒီမှာ ဆရာမောင်ဝံသတို့ အဖွဲ့နဲ့ ဆုံတယ်။ ဆရာမောင်ဝံသပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်တဲ့ သူ့ “ဟောကိန်း”ကို မိမိစိစစ်၊ သုံးသပ်မိပါတယ်။
‘စာရှုသူများခင်ဗျား’ အဲဒီလို အချိန်ကာလမျိုးမှာ ဆရာမင်းသိင်္ခက ‘ဟောကိန်း’ ထုတ်ခဲ့တာ။
၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမပေါ်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့၊
ရွေးကောက်ပွဲကော်မရှင်တို့ဆိုတာ ဘယ်ဆီ ရောက်နေမှန်းတောင် မသိရဘူး။ (မနေ့တစ်နေ့ကမှ
ရွေးကောက်ပွဲကော်မရှင်က ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ
မှကျင်းပမယ်လို့) သိပ်အံ့ဩစရာကောင်းတဲ့ အချက်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ
ကျင်းပပြုလုပ်မယ့်ရက်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာဖြစ်မယ်လို့ ကြေညာချက်ဟာ
ဆရာ မင်းသိင်္ခ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဟောကိန်းထုတ်ခဲ့တဲ့ နှစ်ကာလ၊ လနဲ့ ချိန်ကိုက်
တိုက်ဆိုင်နေတာပါပဲ။
၁၉၃၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ မွေးဖွားလာပြီး အသက် ၆၉ နှစ်အရွယ်၊ ၂၀၀၈ ခုနှစ်၊
ဇူလိုင် ၃၁ ရက်နေ့ နံနက်တွင် ကွယ်လွန်သွားရှာတဲ့ ဆရာမင်းသိင်္ခရဲ့ ဟောကိန်းမှန် မမှန်
မိမိတို့ စောင့်ကြည့်ကြပါစို့။
credit: original uploader
http://world-myanmar.com/%E1%80%86%E1%80%9B%E1%80%AC%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%81%E1%81%A4-%E1%80%B1%E1%80%9F%E1%80%AC%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%B1%E1%80%92%E1%81%9A%E1%80%B1/