This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 8, 2014

အိမ်ထောင်ရှိ အမျိုးသားနှင့် ဖောက်ပြန်နေသည်ဟု ယူဆရသော အမျိုးသမီးကို လူမြင်ကွင်းတွင် ရက်ရက်စက်စက်နွှာ



ကိုယ့်ယောကျာ်းနဲ့ဖြစ်နေတဲ့မိန်းမကို ရက်ရက်စက်စက် နွှာချင်တာကတော့ ဇနီးတိုင်းမှာဖြစ်တတ်ပါတယ်။
သတ်ကြပုတ်ကြဆိုတာမျိုးကလည်း ရှိတတ်ပါတယ်။
Image and video hosting by TinyPic
ဒါပေမဲ့ တရုတ်နိုင်ငံ Yulin မြို့က စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ဖြစ်ခဲ့တယ့်ပွဲကတော့ ကြမ်းလွန်းလို့ တောင်အာရှဆိုက်ဒ်တစ်ချို့မှာ ပြန်လည်ဖော်ပြနေတာကိုတွေ့ရပါတယ်။
ဒီရန်ပွဲမှာ အိမ်ထောင်ရှိအမျိုးသားနဲ့ဖြစ်တယ်လို့ယူဆရတဲ့ မိန်းမကို အခြားမိန်းမတွေက ပုံပါအတိုင်း စိတ်ရှိလက်ရှိကို နွှာခဲ့တာဖြစ်ပါတယ်။
Image and video hosting by TinyPic
အင်္ကျီချွတ်၊ ဆံပင်ဆွဲ၊ဆောင့်ကန်လုပ်ပြီး လူတွေရှေ့မှာ တရွတ်တိုက်ဆွဲသွားခဲ့ပါတယ်။
ဘေးနားက လူတွေကလည်း ဝင်မဆွဲတဲ့အပြင် ရဲတွေကလည်း ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။
Image and video hosting by TinyPic
တရုတ်အင်တာနက် အသုံးပြုသူအချို့ကတော့ ရှုပ်တဲ့အမျိုးသားကို အပြစ်တင်ခဲ့ကြပြီး ကောင်မလေးက အိမ်ထောင်ရှိတဲ့အမျိုးသားမှန်း မသိတာလည်း ဖြစ်နိုင်တယ် လို့ပြောခဲ့ကြပါတယ်။
photo>> shanghaiist
ဖိုးသူတော်

လိုင်စင်မဲ့ လေသေနတ်များ၊ Air Soft Gun သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အရေးယူ


 ရန်ကုန်၊ သြဂုတ် ၈

 ၇.၈.၂၀၁၄ရက်နေ့ ၁၃၃၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သော တပ်ဖွဲ့ဝင်များ သည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းရှိ ကိုထွဋ်ဟန်၊ (၄၁)နှစ်၊ (ဘ)ဦးမျိုးဟန်၏ နေအိမ်တွင် လိုင်စင်မဲ့လေသေနတ်များ သိုလှောင်ထားကြောင်းသတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ စိစစ်ခဲ့ပါသည်။

ထိုသို့ရှာဖွေခဲ့ရာ ကိုထွဋ်ဟန်၏နေအိမ်၊ နေအိမ်သီးသန့်ခန်းနှင့် နေအိမ် ခေါင်းရင်းရှိ ဂိုဒေါင်တို့အတွင်းမှ သံကိုယ်ထည် ဂက်စ်ဘူးဖြင့် အသုံးပြုရသော လေသေနတ်(Air Gun)အရှည်(၂)လက်နှင့် အတို(၆)လက်၊ စုစုပေါင်း(၈)လက်၊ ကော်စေ့ဖြင့်ပစ်ခတ်ရသော (Air Soft Gun)သေနတ် အတို(၈၁)လက်၊ အရှည်(၁၆)လက်၊ စုစုပေါင်း(၉၇)လက်၊ အသုံးပြုနည်းစာအုပ်များနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ရွှေ/ငွေရောင်သံဘောစေ့များ၊ ကော်စေ့များနှင့် ဂက်စ်ဘူးများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ လူကိုထိမှန်လျင်အန္တရာယ်ဖြစ်စေနိုင်သော သံဘောစေ့ထည့်၍ပစ်ခတ်ရသည့် လိုင်စင်မဲ့ လေသေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်းများပြုလုပ်သဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၃၀/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ) ဖြင့်လည်းကောင်း၊ တွေ့ရှိရသည့် လေသေနတ်များနှင့် ကော်စေ့ထည့်၍ပစ်ခတ်ရသည့် သေနတ်များ၊ ဆက်စပ်ပစ္စည်းများသည် အကောက်ခွန်မဲ့တင်သွင်းလာသည့်ပစ္စည်းများဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် တာမွေမြို့မရဲစခန်း(ပ) ၄၃၁/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် လည်းကောင်း ကိုထွဋ်ဟန်အား အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



MPT ၏ ၁၅ဝဝတန် ဆင်းမ်ကတ်များ လူတိုင်းအတွက် ရောင်းချတော့မည်



 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT မှကျပ် ၁၅ဝဝတန် တန်ဖိုး နည်းဆင်းမ်ကတ်များကို မဲစနစ်ဖြင့် မဟုတ်ဘဲ မိုဘိုင်းလ်ဖုန်း အရောင်း ဆိုင်များတွင် အလွယ်တကူဝယ်ယူ နိုင်ရန် လူတိုင်းအတွက် ရောင်းချ ပေးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ် က ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ ပြောကြားသည်။

ထိုသို့ရောင်းချခြင်းကိုအော်ရီဒူး ဆင်းမ်ကတ်နှင့်တယ်လီနောဆင်းမ် ကတ်များထွက်ရှိပြီးမှ ပြုလုပ်မည် ဖြစ်ပြီး ၄င်းကုမ္ပဏီများကဲ့သို့ ဝယ် သူကိုယ်တိုင် မှတ်ပုံတင်ရုံဖြင့် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ် ကြောင်း၎င်းကပြောသည်။''ကျွန် တော်တို့ MPT ကျပ်၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းမ်ကတ်တွေကို သိပ်မကြာမီဆိုင်တွေမှာ ရောင်းချ တော့မှာပါ။ GSM,WCDMA နဲ့ CDMA အားလုံးကို ရောင်းချမှာ ပါ။ GSM ဖုန်းလိုင်းတွေကိုလဲ နယ်တွေမှာ အသုံးပြုနိုင်အောင် တိုးချဲ့နေပါတယ်။ အင်တာနက် လိုင်းဆွဲအားကို နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းပြီး တိုးချဲ့ဖို့ရှိပါတယ်။ ဒရိုက်ကစ်ခေါ်တာပေါ့''ဟု ၄င်းကဆက်လက်ပြော ကြားသည်။

ပြည်ပကုမ္ပဏီများဖြစ်သည့်အော်ရီဒူးနှင့် တယ်လီနောတို့မှ ဆင်းမ် ကတ်များကိုမှတ်ပုံတင်ရှိရုံဖြင့် အလွယ်တကူဝယ်ယူနိုင်အောင်ဆောင်ရွက် ခဲ့ပြီး အော်ရီဒူးမှဆင်းမ်ကတ်များအား ဇူလိုင် ၂၉ရက်က မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင်စတင်ရောင်းချကာ ရန်ကုန်မြို့တွင် သြဂုတ် ၂ရက်က စတင်ရောင်းချပြီး တယ်လီနော(မြန်မာ)ကုမ္ပဏီမှ SIM Card များကို စက်တင်ဘာလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

Monday, August 4, 2014

Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ (18 နှစ်ပြည့်မှဖတ်ပါ)

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ french kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။
• ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင်ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။
• ပေါ့ပေါ့ပါးပါးနမ်းတာနဲ့လဲ ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။
• မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။
• ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။
• သွားရည်ထဲကနေ ရနိုင်တဲ့ကူးစက်ရောဂါတွေရှိတယ်။
1. Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။
2. (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။
3. Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။
4. လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။
5. HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။
6. အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။
7. သွားဖုံးရောင်တာကို ဗီတာမင် (စီ) နည်းလို့လဲဖြစ်နိုင်တယ်။
8. Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေး သောက်နေချိန်မှာ ဖြစ်တတ်တယ်။
• French kiss ပြင်သစ်အနမ်းကနေ အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။
• သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။
• နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။
• ကိုယ်ကနေ တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကိုနမ်းဘူးသူတွေ အားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင် လူပေါင်းဘယ်လောက်က နမ်းထာသလဲသိပါသလား။
• အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္ကရာယ်နဲ့ မကစားတာကောင်းတယ်။
• ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။
• နမ်းရာကနေ ကူးစက်ရောဂါမရချင်ရင် နမ်းတာကိုသာဆင်ခြင်ပါလေ။
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ - Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ 

မွန်ဓမ္မစေတီခေါင်းလောင်း ဂမ္ဘီရနည်းဖြင့် ဆယ်ယူမည့်အစီအစဉ် မွန်ပညာရှင်များ အယုံကြည်မရှိ


 နှစ်ပေါင်း ၄၀ဝ ကျော်နစ်မြုပ်လျက်ရှိသော မွန်ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးအား ဂမ္ဘီရနည်းဖြင့် ဆယ်ယူ မည့် အစီအစဉ်ကို မိမိတို့ အယုံအကြည်မရှိဟု မွန်ရှေးဟောင်း သုတေသန ပညာရှင်နိုင်မောင်တိုး က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပသော မွန်သမိုင်းသုတေသန အစည်းအဝေးတွင် ခေါင်းလောင်းဆယ်ယူခွင့်ရရှိသူ ဦးစံလင်းနှင့်အဖွဲ့က ဓမ္မစေတီခေါင်းလောင်း အတူတကွဆယ်ယူရန် စည်းရုံးပြောဆိုသော်လည်း မိမိအယုံအကြည်မရှိသဖြင့် မပူးပေါင်းနိုင်ဟုပြောဆိုခဲ့ကြောင်း နိုင်မောင်တိုးက ဆိုသည်။

နိုင်မောင်တိုး က ” သိပံ္ပနည်းကျမဟုတ်ပဲ၊ ပရလောကနည်းလမ်းတွေ ဂမ္ဘီရနည်းလမ်းတွေ သုံးတယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျနော်တို့အယုံအကြည်မရှိဘူး” ဟု ပြောသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကို နဂါးသိုက်မှ စောင့်ရှောက်ထားသဖြင့် သိပံ္ပနည်းဖြင့်ဆယ်ယူပါက အောင်မြင်မှုမရနိုင်၊ နဂါးအကူအညီဖြင့် ဆယ်ယူရမည်ဖြစ်သောကြောင့် ရေကြီးချိန် ရေစီးအားသန်ချိန် မိုးတွင်းကာလရွေးချယ်ရခြင်းဖြစ်သည်ဟု ဦးစံလင်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

ဦးစံလင်းက “ဝါခေါင်လဆန်း ၁၃ ရက်မှာ ဘုရား အနေကဇာတင်မယ်၊ ၁၄ ရက်မှာ တူးဖို့လုပ်ငန်းစမယ်၊ လပြည့်ကျော် နောက်ပိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်မယ်” ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်းအား ၁၉၉၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့၊ ၁၉၉၈ ဇွန် (၂၆) ရက်၊ ၁၉၉၈ အောက်တိုဘာလ (၁၃)ရက်၊ ၁၉၉၉ ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ၂၀ဝဝ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် (၅ )ကြိမ်တိုင်တိုင် ဦးစံလင်းက ကြိုးစားဆယ်ယူခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ဝ ကျော်ခန့်က မွန်ဘုရင်ဓမ္မစေတီမင်း လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်းလောင်း မူလနေရာဖြစ်သော ရွှေတိဂုံစေတီကုန်းတော်ပေါ် ပြန်လည်ထားရှိနိုင်ရန် ရည်ရွယ်ပြီး ဆယ်ယူရခြင်းဖြစ်သည်ဟု ဦးစံလင်း ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်သည် အလေးချိန် ၁,၈၀,ဝဝဝ ပိဿာ (တန်ချိန် ၂၉၀) အတိုင်းအတာ အဝ(၈)တောင်၊ စောက်(၁၂) တောင် သွန်းလုပ်သည့်နေ့ ကောဇာသက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ရွှေတိဂုံစေတီတော်သို့ တင်လှူသည့်နေ့ ကောဇာသက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဟု သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။

၁၆ ရာစုခန့်တွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တို (ခေါ်) ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အဓမ္မယူဆောင်သွားပြီးနောက် ဖောင်ဖြင့်သယ်ယူစဉ် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင့် သမိုင်းမှတ်တမ်း တချို့တွင် ဖော်ပြထားသည်။

မွန်အမျိုးသားတို့၏သမိုင်းအမွေ ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေ ဆယ်ယူရာတွင် ပုဂ္ဂိုလ်တဦးတယောက်၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်စေလိုကြောင်း မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

  ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ဦးစံလင်းကို ဓမ္မစေတီခေါင်းလောင်းအား ရက်အကန့်အသတ်မရှိ တူးဖော်ရှာဖွေခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည်။

ရေးသားသူ: သတင်း > အေမီအောင်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
http://burmese.monnews.org

Telenor ဆင်းမ်ကတ်များ စက်တင်ဘာလတွင် ရောင်းချမည်ဟု အတည်ပြု



 ယခုနှစ် စက်တင်ဘာလအတွင်း Telenor Myanmar က ဆင်းမ်ကတ်များ စတင် ရောင်းချ မည်ဟု ၄င်းကုမ္ပဏီ ၏ ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။

ယင်းဆင်းမ်ကတ်များတွင် မိုဘိုင်းလ်အင်တာနက်စနစ် တစ်ခါတည်းပါဝင်ပြီး Video Call, Voice Mail, SMS စသည့် ဝန်ဆောင်မှုများကို ထည့်သွင်းထားကာ ဈေးနှုန်း ချိုသာသော ဟန်းဆက်များကိုလည်း ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရ သည်။

''ကျွန်တော်တို့ ဆင်းမ်ကတ်တွေကို စက်တင်ဘာလအတွင်း မှာစတင်ရောင်းချမှာပါ။ ရောင်းချမယ့် ရက်ကြေညာတဲ့နေ့မှာ Internet ဝန်ဆောင်မှုနှုန်းကို ဘယ်လို ကောက်မလဲဆိုတာ အတိ အကျ ထုတ်ပြန်ပေးမှာပါ။ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၂၅ကျပ် နှုန်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

အဆိုပါ ဆင်းမ်ကတ်များကို လိုင်စင်ရရှိပြီး ရှစ်လအကြာဖြစ်သည့် စက်တင်ဘာလတွင် စတင် ရောင်းချ မည်ဖြစ်ပြီး 2G,3G နှစ်မျိုးအသုံး ပြုနိုင်၍ ဝယ်ယူရာတွင်လည်း မှတ်ပုံတင်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရ သည်။ အော်ရီဒူးဆင်းမ်ကတ်များကို ဇူလိုင်လကုန်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် စတင်ရောင်းချခဲ့ပြီး ရန်ကုန်မြို့၌ ယမန်နေ့က တရားဝင်စတင်ရောင်းချခဲ့သည်။

ချယ်ရီ
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

မစ္စအင်တာနေရှင်နယ်မြန်မာပြိုင်ပွဲအတွက် ဆန်ခါတင်နှစ်ဆယ်ရွေးချယ်


ကျော်ဇင်သန်း
 သြဂုတ်လတွင်ကျင်းပ မည့် Miss International Myan-mar 2014ပြိုင်ပွဲအတွက် ဆန် ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ကာ သြဂုတ် ၂ရက်တွင် ချက်ထရီယမ်ဟိုတယ်၌ မီဒီယာ များနှင့် မိတ်ဆက်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ဝင်ရောက်  ယှဉ်ပြိုင်လိုသည့် အလှမယ်များကို လျှောက်လွှာများခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ ဦးရေတစ်ရာကျော်မှ ဆန်ခါတင်အလှမယ် နှစ်ဆယ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုဆန်ခါတင်အလှမယ် နှစ်ဆယ်ထဲတွင် မျက်နှာသစ်အ လှမယ်များ၊ ပြိုင်ပွဲအတွေ့အကြုံ ရှိသောအလှမယ်များအပြင် ဇူ လိုင်လက ကျင်းပခဲ့သော Miss Universe Myanmar မှ ပြိုင်ပွဲဝင် များဖြစ်သည့် ဇူးဇူးမြင့်လွင်၊ ဟေ ဇယ်အောင်အောင်၊ ဂျေနော်နှင့် အိမ့်မြတ်နိုးစသည့်အလှမယ် လေးဦးလည်းပါဝင်သည်။
‘‘အနယ်နယ်အရပ်ရပ်က အတွေ့အကြုံမရှိတဲ့သူလည်း ပါ တယ်။ ပြိုင်ပွဲမှာ အတွေ့အကြုံရှိ ကြတဲ့သူလည်းပါတယ်။ ကျွန်မ တို့ အသင်းရဲ့ ရွေးချယ်တဲ့စံချိန်အ ပေါ်မှာ မူတည်ပြီးတော့ အ ယောက်နှစ်ဆယ်ကိုရွေးသွားတာ  ဖြစ်ပါတယ်’’ဟု စီစဉ်သူဒေါ်တင် မာမြင့်ကပြောသည်။
အလှမယ်များသည်  လေ့ လာရေးခရီးအနေဖြင့် နေပြည် တော်ရှိ မိဘမဲ့ကလေးကျောင်းသို့ သွားရောက်ခြင်း၊ သဘာဝပတ် ၀န်းကျင်သန့်ရှင်းရေးအတွက် သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက် ခြင်းများပြုလုပ်မည့်အပြင် ပရဟိ တအလှူများလည်း ပြုလုပ်သွား မည်ဟု သိရသည်။
Talent & Model Agency မှ ဒေါ်တင်မိုးလွင်က အလှမယ်တစ် ဦးအတွက်လိုအပ်သော အသိ ပညာ၊ အချက်အလက်များကို ဆန်ခါတင်အလှမယ်နှစ်ဆယ်ဦး အား သင်ကြားပေးသွားမည်ဖြစ် သည်။
နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို သြဂုတ် ၁၇ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်၍ သ ရဖူရရှိသူသည် ဆုကြေးငွေကျပ်သိန်းတစ်ရာရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်ကျင်းပမည့် Miss International 2014ပြိုင်ပွဲသို့မြန်မာနိုင်ငံ   ကိုယ်စားပြုသွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထိုပွဲကို Myanmar Tourism Federation မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ယခုပွဲသည် သုံးကြိမ် မြောက်ပြုလုပ်သောအလှမယ် ရွေးပွဲဖြစ်သည်။  ၂၀၁၂ခုနှစ်တွင်အလှ မယ်နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်တွင် အလှမယ်ဂုဏ်ရည်အေး ကျော်တို့က မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲသို့   မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအနုပညာရှင်တွေလည်း ကြွေခဲ့တဲ့ 2NE1


ဓာတ်ပုံ−Princess Yu's FB
 2NE1 အဖွဲ့၏ ဖျော် ဖြေပွဲကို မြန်မာကေပေါ့ပ်ပရိ သတ်များသာမက ကေပေါ့ပ် ကြိုက်သည့် အနုပညာရှင်များ လည်း အားပေးခဲ့ကြသည်။
သရုပ်ဆောင်အနုပညာရှင် များဖြစ်သည့် သက်မွန်မြင့်တို့ ဇနီး မောင်နှံ၊ ၀တ်မှုံရွှေရည်၊ နန်းဆု ရတီစိုး၊ ယုသန္တာတင်၊ သန္တာဗိုလ်တို့ လာရောက်အားပေးခဲ့ကြသလို ဂီတနယ်ပယ်မှလည်း ဟဲလေး မိသားစု၊ ကောင်းမြတ်လေး၊ လွှမ်းပိုင်၊ အားတီ၊ နီနီခင်ဇော်၊ Bobby Soxer တို့လည်း လာရောက် ကြည့်ရှုခဲ့ကြသည်။
လက်မှတ်ဈေးနှုန်းမှာ ကျပ် ကိုးသိန်းအထိ ဈေးရှိခဲ့သဖြင့် ဈေးနှုန်း ကြီးမြင့်သည်ဟု ဝေဖန်မှုများပေါ်ထွက်ခဲ့သလို ဖျော်ဖြေပွဲခန်းမအတွင်း ၀င်ခွင့်ရရှိရန် မိုးရေထဲတွင်  အချိန်အတော်ကြာစောင့် ဆိုင်းခဲ့ရသည့် အဆင်မပြေမှုများ ရှိသော်လည်း 2NE1 အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုပုံစံများ၊ ဖက်ရှင်ကျကျသွက်သွက်လက်လက်ဖြင့် သီချင်း ၁၀ပုဒ်ကျော် သီဆိုပေးခဲ့သဖြင့် ပရိသတ်များ အားရခဲ့ကြ သည်။
ဖျော်ဖြေမှုမှာ တစ်နာရီခွဲ ကျော်သာကြာမြင့်ခဲ့သော်လည်း 2NE1 ၏ ဖျော်ဖြေမှုကို ချီးကျူးသံ များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ သည်။
ဖျော်ဖြေပွဲ   သွားရောက် ကြည့်ရှုခဲ့သည့် ယွန်းဝတီလွင်မိုး က 2NE1 ကို အားပေးရသော ကြောင့် အသံပင်ဝင်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
2NE1 အဖွဲ့သည် ပွဲစတင် ဖျော်ဖြေသည့် အချိန်မှ ပွဲပြီးသည့် အချိန်အတွင်း ပရိသတ်များ စိတ် တိုင်းကျဖျော်ဖြေခဲ့သောကြောင့် ကျေနပ်မှုရှိကြောင်းကို အဆို တော်ဟဲလေးကလည်း ‘‘မင်းတို့ လေးတွေ ဘာကြောင့် ကမ္ဘာကျော်လဲ အခုသိသွားပြီ။ အရက်သမား စကားနဲ့ပြောရရင် တစ်စက်ကျန် အထိ အရသာရှိပေါ့။ Entertainerဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။ တစ်နာရီခွဲက အရမ်းအဓိပ္ပာယ်ရှိတယ်’’ ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
2NE1 အဖွဲ့ကို I Don't Care သီချင်းဆုရသည့် အချိန်က တည်းက အားပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်ကြိုက်သည့် အနုပညာ ရှင်များကို ပြင်ပတွင်တွေ့ခွင့်ရခဲ့ ၍ ပျော်ရွှင်ခဲ့ရကြောင်း နန်းဆုရ တီစိုးကပြောသည်။
အနုပညာရှင်အများစုက အဖွဲ့ခေါင်းဆောင် CL ကို သဘောကျကြောင်း ဖေ့စ်ဘွတ်ခ်စာမျက် နှာအသီးသီးတွင် တင်ခဲ့သလို CL ၏ ပရိသတ်တစ်ဦးဖြစ်သလို VVIP လက်မှတ်ဝယ်ယူကြည့်ရှု ခဲ့သည့် အားတီကလည်း ‘‘နိုင်ငံ တကာဖျော်ဖြေပွဲတစ်ခါမှ မကြည့်ဖူးဘူး။ 2NE1 ပွဲကို စကြည့်ဖူး တာ။ သူတိုရဲ့ ဆက်တင်တွေ မိုက်တယ်။ အဓိကက မီးနဲ့ သရီးဒီ သုံး သွားတာ အရမ်းကောင်းတယ်။ Management အရမ်းကောင်း တယ်။ သူတို့က Teamwork အရမ်းကောင်းတယ်လို့ ပြောလို့ ရတယ်။ ကျွန်တော်က သူတို့အဖွဲ့ မှာ CL ကို အရမ်းကြိုက်တယ်။ သူကပဲဦးဆောင်သွားတယ်။ ပရိ သတ်နဲ့လည်း အကုန်လုံး Link ချိတ်မိတယ်’’ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောသည်။
သရုပ်ဆောင် ယုသန္တာတင် ကလည်း ကိုယ်တိုင်ကြိုက်သည့် အနုပညာရှင်များကို ပြင်ပတွင် တွေ့ခဲ့ရသလို ၎င်းတို့၏ ဖျော်ဖြေ မှုများ၊ ဖက်ရှင်များကို ကြည့်ရှုရ ၍  သဘောကျကြောင်း   ပြော သည်။