This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 27, 2014

အာဖရိက အီဘိုလာရောဂါ အမေရိကန်ဆရာဝန်ကိုကူးစက်


အာဖရိကတောင်ပိုင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် အီဘိုလာ (Ebola) ရောဂါကို သွားရောက်ကုသပေးနေသည့် အမေရိကန်နိုင်ငံမှ အသက် ၃၃ နှစ်အ၇ွယ် ဒေါက်တာကန့်ဘရင်တီကို ယင်းရောဂါကူးစက်နေကြောင်း သိရသည်။
သူကိုယ်တိုင် ရောဂါကူးစက်သည့်လက္ခဏာများကို သတိပြုမိသဖြင့် သီးခြားခွဲထုတ်ထားသည့်အဆောင်သို့ ၀င်သွားပြီဟု သိရသည်။

အီဘိုလာရောဂါသည် အလွန်ကူးစက်လွယ်သည့်ရောဂါဖြစ်ပြီး ကူးစက်ခံရသူ ၉၀% မှာ သေဆုံးသည့်အထိ ပြင်းထန်သည်။
ယခုနှစ်ဆန်း ရောဂါစတင်ကူးစက်ဖြစ်ပွားချိန်ကစပြီး လူပေါင်း ၆၇၂ ဦးသေဆုံးခဲ့ပြီဖြစ်သည်။
အာဖရိကတိုက် ဂီနီနိုင်ငံတွင် စတင်ဖြစ်ပွားပြီး လိုင်ဘေး၇ီးယားနှင့် ဆီရာလီယွန်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ဒေါက်တာဘရင်တီသည် ဆာမင်ထရီတန် ကူညီပေးရေးအင်န်ဂျီအိုအဖွဲ့၏ အီဘိုလာကူးစက်ရောဂါဌာနတွင် လုပ်ကိုင်နေသူ ဖြစ်သည်။
ရောဂါကူးစက်မှုများ၊ သီးခြားဆောင်များကို ထိန်းသိမ်းထားရှိပုံနှင့် ပတ်သက်၍  ယခုနှစ်ဆန်းပိုင်းတွင် ဒေါက်တာဘရင်တီက ရှင်းလင်းပြောဆိုခဲ့ရာတွင် -  "ဆေးရုံက အထူးသတိထားပြီး ဆောင်ရွက်နေပါတယ။် အရင်က အီဘိုလာကူးစက်ရောဂါကူးစက်ပြီး သေဆုံးသူအများအပြားက ကျန်းမာရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ သူတို့က ရောဂါဖြစ်သူတွေကို ကုသပြုစုပေးရင်းနဲ့ သူတို့ကိုယ်တိုင်ေ၇ာဂါကူးစက်ခံရတာပါ" ဟု ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်သားဒေါက်တာ ဘရင်တီ၏ မိသားစုကလည်း ၎င်းနှင့် အတူ အာဖရိကတွင် နေထိုင်ခဲ့ပြီး မကြာသေးမီကမှ အမေရိကန်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
လိုင်ဘေးရီးယားမှ ရောဂါကူးစက်ပြီး ရောက်ရှိသူတစ်ဦး စတင်သေဆုံးခဲ့ပြီးသည့်နောက် အာဖရိက၏ လူနေအထူထပ်ဆုံး နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားလေဆိပ်နှင့် ကူးတို့ဆိပ်ကမ်းတို့တွင် ယခုအခါ အရေးပေါ်အခြေအနေကြေညာခဲ့သည်။
လေယာဉ်ပေါ်တွင် အော့အန်ပြီး အဖျားကြီးသည့် လက္ခဏာဖြင့်ရောက်လာပြီးသည့်နောက် ဆေးရုံတွင်သီးခြားခွဲထားသော်လည်း ပြီးခဲ့သည့် သောကြာနေ့က သေဆုံးသွားခဲ့သည်။

၎င်းစီးနင်းလိုက်ပါလာသည့်လေယာဉ် တထောက်နားရာ တိုဂိုတွင်လည်း ရောဂါ ပျံ့နှံ့ခဲ့နိုင်သဖြင့် အရေးပေါ်သတိပေးထားသည်။
အီဘိုလာရောဂါသည် ရောဂါရှိသူသေဆုံးချိန်တွင် အရေပြားမှထွက်သောအရည်နှင့် တွေ့ထိမိရာက ကူးစက်ပြီး ဒေသခံဓလေ့အရ သေဆုံးသူကို ကိုင်တွယ်ပြင်ဆင်မှုများကြောင့်လည်း ရောဂါကူးစက်ကြကြောင်း သိရသည်။

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ


ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ
ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။
ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေ သော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀န်ဆောင်မှုမျိုး ကို မပြုလုပ်ရန် ဇူလိုင် ၂၅ ရက်ညနေတွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
လှလှပပကုမ္ပဏီပိုင် Vintage Luxury Yacht Hotel (ရေပေါ်ဟိုတယ်)မှဝန်ထမ်းများ  ဧည့်သည်ကို ကြိုဆိုရာတွင် ဒူးထောက်ကြိုဆို သည့်ဝန်ဆောင်မှုပေးနေသည့်ပုံ ကို Agoda ခရီးသွားဝက်ဘ်ဆိုက် တွင် ဟိုတယ်ကြော်ငြာအဖြစ် လွှင့်တင်ခဲ့ရာမှ ယင်းပုံစံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်ဟု ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။
ဇူလိုင် ၂၄ ရက်က ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်ပြီး ယင်းဟိုတယ်သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့သည် ဟု ဝန်ကြီးဌာနမှသတင်းထုတ်ပြန် ခဲ့သည်။
ဟိုတယ်ကဝန်ဆောင်မှုပေး ရာတွင် ၁၉၂၀ ပြည့်ဝန်းကျင်က ဥရောပနိုင်ငံများ၌ ဘုရင်နှင့် မိဖုရားများကို ဒူးထောက်အရို အသေ ပေးသော King and Queen Service ကိုဝန်ထမ်းများအား လေ့ကျင့်ပေးပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် စီစဉ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သတင်း ရရှိသည်။
ဇူလိုင် ၂၅ ရက်တွင် ဟိုတယ်တာဝန်ရှိသူများကို နေပြည် တော်ဟိုတယ်/ခရီးဝန်ကြီးဌာန သို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းဝန် ဆောင်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေပေးသောအမူအရာမျိုးဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ထက်ပိုသောဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရသည်မှာ အဆင် မပြေဖြစ်ခြင်းကြောင့် ယင်းဝန်ဆောင်မှုမျိုးကို ရပ်ဆိုင်းရန် သတိပေးခဲ့သည်။
‘‘ဝန်ကြီးဌာနပိုင်းကနေ ဟို တယ် တာဝန်ရှိသူတွေခေါ်ပြီး တော့ပြောတာပါ။ အခု မလုပ် တော့ဖို့။ နောက်လုပ်မယ်ဆိုရင် လည်း အရေးယူသွားမယ်ဆိုပြီး တော့သတိပေးတာပါ’’ဟု ဟို တယ်/ခရီးဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းဝန်ဆောင်မှုမှာ ဟို တယ်တွင်အထွေထွေမန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သော အီတလီလူမျိုး Mr.Aless ၏တစ်မူ ထူးကဲသောဝန်ဆောင်မှုဖြစ်ပြီး ယခုအခါ Mr.Aless သည် အလုပ်ထွက်သွားပြီဟုဆိုသည်။
ထို့အပြင် ယင်းဟိုတယ်၏ အလုပ်ရှင်အလုပ်သမား သဘော တူစာချုပ်တွင်လည်း သုံးလ မပြည့်မီအလုပ်ထွက်ပါက ကျပ် သိန်း ၁၀၀ လျော်ရမည်ဆိုသော အချက်များ၊ဝန်ထမ်းအချင်းချင်းချစ်ကြိုက်ခြင်းကိုခွင့်မပြုဘဲအလုပ်ထုတ်မည့်အပြင် ဟိုတယ် သို့နှစ်ဦးစလုံးကကျပ် သိန်း ၁၀၀ ပေးလျော်မည်စသည့် အချက်များကိုမကျေနပ်၍ အလုပ်သမားအချို့ စာချုပ်မချုပ်မီ အလုပ်ထွက် ခြင်းများရှိနေသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေပေါ်ဟိုတယ်ရှိ တာဝန်ရှိသူများ ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ယူဖြေကြားပေးခြင်း မရှိခဲ့ဘဲ ယင်းကိစ္စကို လတ်တလော တွင် ဖြေကြားပေးသွားမည်မ ဟုတ်ဟု ပြောကြားသည်။
7days

ဆန်းစစ်မှုများအောက်က မြန်မာသူဌေးကြီး ဦးတေဇ


ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်တွင်တွေ့ရသည့် ဦးတေဇ(ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)

‘‘သူတို့က ကမ္ဘာ့ပုလိပ်ကြီး လုပ်နေ တာလေ’’
မြန်မာသူဌေးကြီး ဦးတေဇ က ဆိုဖာနောက်ကို မှီချလိုက်ရင်း အမေရိကန်အစိုးရကို ပြစ်တင်ဝေ ဖန်လိုက်သည်။ သူထိုင်နေသည့် မိကျောင်းသားရေဆိုဖာပေါ်ကို သူမွေးထားသည့် ဝက်ဝံပေါက် လေးက ကုပ်တက်ဖို့ကြိုးစားနေ သည်။
အမေရိကန်နိုင်ငံက သူ့စီး ပွားရေးလုပ်ငန်းများကို တင်းကျပ်နေသည့်အပေါ်နှင့် အရာရှိများက သူ၏ ငွေလွှဲပြောင်းမှုမှန်သမျှကိုစောင့်ကြည့်နေသည့် အပေါ် သူကပြောဆိုလိုက်သည်။ ဦးတေဇစကားပြောချိန်တွင် အနားတွင် မျက်ခြည်မပြတ်စောင့်ကြည့်နေသည့်ဝန်ထမ်းက ဝက်ဝံပေါက်စ နှစ်ကောင်ကြောင့် ကော်ဇောမ ပျက်စီးရန် အခါအားလျော်စွာ ဝင်ထိန်းနေသည်။ မြန်မာနိုင်ငံ မြောက်ဖျားတွင် ဝက်ဝံအမေကြီးကိုဒေသခံတစ်ဦးက သတ်ဖြတ် လိုက်ပြီးသည့်နောက် ထို ဝက်ဝံသားပေါက်နှစ်ကောင်ကို ဦးတေဇက ယူမွေးခဲ့သည်။ ထူးဆန်းရှား ပါးသော တိရစ္ဆာန်များနှင့် ရန်ကုန်မြို့က သူ၏ခမ်းနားထည်ဝါသည့် အိမ်တော်ကြီး၏ နောက်ကွယ်တွင်တော့ သူ၏စီးပွားရေးအင် ပါယာကြီးသည် စီးပွားရေးကျူး ကျော်မှုများခံနေရသည်ဟု ဦး တေဇက ဆိုသည်။ အမေရိကန် အရာရှိများက သူ့ကို နှောင့်ယှက် ပေးနေသည်ဟု သူကစွပ်စွဲလိုက်သည်။ ယင်းအထဲတွင် မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် ကုမ္ပဏီများနှင့် ငွေလွှဲပြောင်းခဲ့သည်ဟု သံသယရှိသည့် စင်ကာပူက သူ၏ရင်းနှီးမြှုပ်နှံမှုဘဏ်စာရင်းကိုလည်း အပိတ်ခံခဲ့ရသည်။
အသက်(၅၀)အရွယ် ဦးတေ ဇသည် ဝါရှင်တန်အတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ ရင်းနှီးမြှုပ် နှံသူများနှင့် လေ့လာသူများ အဆိုအရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး စီးပွားရေးသမားများကို စီးပွားရေးဆက်လက်ပိတ်ဆို့အ ရေးယူခြင်းက နှစ် ၅၀ နီးပါး အထီးကျန်အစိုးရအုပ်ချုပ်မှုမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပစ်မှတ်ကို ပြည့်မီရန် နှောင့်နှေးစေမည်ဟု ဆို သည်။
အရပ်သားတစ်ပိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးတစ်ပိုင်း အစိုးရက အာဏာရနေသော်လည်း အမေရိကန်အရာရှိများက လူ့အခွင့်အရေးချိုးဖောက်မှုကြီးမားစွာ ကျူးလွန်ခဲ့သည့် ယခင်စစ်အစိုးရကို ထောက်ခံပံ့ပိုးပေးခဲ့သည့် စီး ပွားရေးသမားများကို လုပ်ခွင့်ပေး လိုသည့်ပုံ မတွေ့ရပါ။
‘‘ခရိုနီတွေက သူတို့အိတ် ကပ်အတွက်ပဲ ကြည့်နေတာပါ။ သူတို့က လူထုအကျိုးစီးပွားအ တွက် ဘာမှလုပ်ပေးမှာမဟုတ် ဘူး’’ဟု ရီပက်ဘလေကန်အမတ် စတိဗ်ရှာဘော့က ပြောဆိုလိုက် သည်။ သူက မြန်မာအရာရှိများ နှင့် ကန့်သတ်ဆက်ဆံမှုပြုရေး မူကြမ်းကို တင်သွင်းသူဖြစ်သည်။
ဦးတေဇကမူ အမေရိကန် စီးပွားရေးပိတ်ဆို့အရေးယူမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုက သူ့ ကိုယ်ပိုင်မိသားစုနှင့် ဆက်နွှယ် ပတ်သက်နေသူများကိုသာမက သူပိုင်ဆိုင်သည့် ထူးကုမ္ပဏီမှ ဝန် ထမ်းသုံးသောင်းကိုပါ ထိခိုက်စေ သည်ဟု ဆိုသည်။ ယင်းသည် စီးပွားရေး၏ ကဏ္ဍတိုင်းလိုလိုအ ပေါ် သက်ရောက်သည်ဟု ဆို သည်။
ဥပမာအားဖြင့်ဆိုလျှင် အ မေရိကန်လုပ် စက်ပိုင်းအပိုပစ္စည်း များကို ဈေးကွက်တွင်ပေါက်သည့်ဈေးဖြင့် သူဝယ်ယူခွင့်မရခဲ့သည့် အတွက်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်း ၉၀ ကျော် အရှုံးပေါ်ခဲ့သည့် အဲပုဂံလေကြောင်းလိုင်းကို ပိတ်ပစ်ဖို့ ဖြစ်လာနိုင်သည်ဟု သူက ပြောဆိုသည်။
ဧပြီ ၁၇ ရက်စွဲဖြင့် စင်ကာ ပူရှိ United Oversea Bank က ပေးပို့လာသည့်စာကို သူက ထုတ် ပြသည်။ သူ၏ ဘဏ်စာရင်းကိုးခု ကို ပိတ်လိုက်ကြောင်း အကြောင်း ကြားစာဖြစ်သည်။ စာတွင် အ ကြောင်းပြချက်ကို ပေးမထားပါ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဘဏ်က တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။ ဦးတေဇကတော့ တရုတ်နိုင်ငံရှိ ကုမ္ပဏီများသို့ သူငွေလွှဲပြောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများက မေးခွန်းထုတ်လာ သည့်အပေါ် စင်ကာပူဘဏ်က စိုးရိမ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းတရုတ်ကုမ္ပဏီများက မြောက်ကိုရီးယားနှင့် ဆက်နွှယ်နေသည် ဟု ယူဆရသည်။
စင်ကာပူအခြေစိုက် သူ၏ ကုမ္ပဏီ 4G Investment နှင့် ပတ်သက်ပြီး သူ့အားဆက်သွယ် မေးမြန်းလာသည့် အမေရိကန် အရာရှိများက ယင်းငွေကြေးလွှဲ ပြောင်းမှုအချို့ကို တွေ့ရှိသွားခဲ့ သည်။ ဦးတေဇ၏အကိုဖြစ်သူ ဦးသီဟက ၂၀၁၃ ခုနှစ် ဇွန်လထဲတွင် အမေရိကန်သံရုံးကိုယ်စားလှယ်နှစ်ဦးနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။
‘‘သူတို့က မြောက်ကိုရီးယား အကြောင်းမေးတယ်။ မြောက်ကို ရီးယားနဲ့ တစ်နည်းနည်းပတ်သက် မှုရှိသလားဆိုတာ ကျွန်တော်တို့ က တကယ်ပဲမသိတာပါ’’
ရန်ကုန်ရှိ အမေရိကန်သံရုံး ကို ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုလိုက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနသို့ စုံစမ်းမေးမြန်းရန် လွှဲပေးလိုက်သည်။ ‘‘တချို့ကိစ္စရပ်များအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမပြုရန် ဟူ သောမူဝါဒ’’အရဟု ဆိုသည်။
ဦးတေဇက သူ၏ 4G နှင့် အခြားကုမ္ပဏီများဖြစ်သည့် Asia Pioneer Impex၊ တရုတ်ကုမ္ပဏီ များဖြစ်သည့် Fanwell, Goldtec Trading Group, Win Trade World Wide, Ocean Wide Trading (Hong Kong), Fortune Sun International Trading များသို့ ငွေလွှဲပြောင်းမှု မှတ်တမ်းများကို Forbes Asia ကို ထုတ်ပြသည်။
အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ယင်းကုမ္ပဏီများထဲ မှ အနည်းဆုံး တစ်ခုဖြစ်သည့် Fortune Sun သည် မြောက်ကိုရီး ယား Tunchon စီးပွားရေးဘဏ်မှ တည်ထောင်ထားသည့် ရုပ်ပြ ကုမ္ပဏီဖြစ်ကြောင်း ဝိကီလိခ်က ၂၀၀၉ ခုနှစ် ဇူလိုင် သံတမန်ကြေး နန်းသတင်း ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂက Tunchon ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးအရ အရေးယူပိတ်ဆို့ ထားပြီးယင်းသည် ‘‘လက်နက် များ၊ ဒုံးကျည်များနှင့် ယင်းတို့ကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများရောင်းချမှုတွင် ငွေကြေးအရ အဓိကတာဝန်ရှိ သည်’’ ဟု ဆိုသည်။
ဦးတေဇကတော့ သူသည် မြန်မာအစိုးရကိုယ်စား ငွေပေးချေခြင်းဖြစ်သည်ဟု ဆိုသည်။ အစိုးရအတွက် လောင်စာများတင် သွင်းခြင်းလုပ်ငန်းတွင် သူက ဦး ဆောင်နေပြီး ကမ္ဘာ့ဈေးကွက်မှ ဝယ်ယူခွင့်ပိတ်ပင်ခံထားရသည့် မြန်မာအစိုးရအတွက် ဒေါ်လာ ငွေသန်း ၃၀၀ လွှဲပြောင်းပေးခဲ့ ကြောင်း ပြောဆိုသည်။ ငွေလွှဲ ပြောင်းမှုမှတ်တမ်းများအရ For-tune Sun သို့ ငွေပေးချေမှု အများစုသည် ယခင်စစ်အစိုးရလက် အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် သော်လည်း ပေးချေမှုတစ်ခုကမူ အစိုးရသစ်တက်လာသည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့ သည်။
အတိတ်က သတင်းအချက် အလက်များ (သို့မဟုတ်) လက်ရှိ အချက်အလက်များနှင့်ပတ်သက် ပြီး မြန်မာ၏ မြောက်ကိုရီးယား နှင့် ဆက်နွှယ်ပတ်သက်မှုက ဖုံးဖိ မရဖြစ်နေသည်။ မည်သို့ပင်ဖြစ် စေ သူ့မှာရွေးစရာလမ်းမရှိခဲ့ဘဲ အရာရှိများခိုင်းသလို လုပ်နေရ ကြောင်း ဦးတေဇက တစ်စိုက် မတ်မတ်ဆိုနေသည်။ ‘‘အစိုးရက ဘာပဲခိုင်းခိုင်း ကျွန်တော်က လုပ် ရတာပဲ’’
မြန်မာနိုင်ငံ ယခင်စစ်အစိုးရ အာဏာပိုင်များက ဦးတေဇတို့လို လုပ်ငန်းရှင်သူဌေးမျိုးအပေါ် မှီခို ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ လူအများက ခရိုနီဟုသိထားကြ ပြီး သူတို့သည် စီးပွားရေးပိတ်ဆို့ မှုကို တစ်ပတ်ရိုက်ပြီး လှည့်ပတ် လုပ်ကိုင်သည့် ကျွမ်းကျင်သူများ ဖြစ်လာသည်။ စစ်အစိုးရ၏ သူ ကောင်းပြုမှုများစွာရရှိခဲ့ပြီး သစ် တောထုတ်ကုန်မှ ကားတင်သွင်း မှုအထိ လုပ်ပိုင်ခွင့်များ လှိုင်လှိုင် ရခဲ့သူများဖြစ်သည်။
ဩစတြေးလျနိုင်ငံ မက်ကွာ ဟာတက္ကသိုလ်မှ မြန်မာ့စီးပွား ရေးဆိုင်ရာ ကျွမ်းကျင်သူရှောင် တားနားက ဦးတေဇ နဝတဟု လူသိများသည့် မြန်မာစစ်အစိုးရ ကိုယ်စား ယခုလို မြောက်ကိုရီး ယားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီကို ငွေပေးချေခြင်းသည် အံ့ဩစရာလုံးဝမရှိပါကြောင်း ပြောဆိုလိုက်သည်။
‘‘အစိုးရကိုယ်စား ဒီလိုငွေ လွှဲပြောင်းမှုမျိုးလုပ်တယ်ဆိုတာ က နဝတခေတ်တစ်လျှောက်လုံး မှာ ခရိုနီကုမ္ပဏီတွေအတွက် ပုံမှန်လုပ်ငန်းတစ်ခုဖြစ်နေပါတယ်’’ဟု ရှောင်တားနားက ပြောသည်။ သေချာမသိသေးသည်မှာ ထိုကဲ့သို့ ပြုံးယန်းနှင့်မြန်မာ အဆက်အဆံ ဆက်လက်ရှိ၊ မရှိဆိုတာပဲ ဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ဦးတေဇကို အရေးယူ ပိတ်ဆို့မှုအတွက် အထူးသတ် မှတ်ထားသည့်ပုဂ္ဂိုလ်များစာရင်း တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်း ထားသည်။ စစ်အစိုးရအတွက် စစ်တပ်အတွက် စစ်သုံးပစ္စည်း များနှင့် လေယာဉ်များဝယ်ယူခြင်း အပါအဝင် ပံ့ပိုးပေးမှုများကြောင့် ဖြစ်ကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့ သည့် စာများအရ သိရသည်။
နောက်ထပ် စီးပွားရေးပိတ်ဆို့အရေးယူမှုစာရင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်း ရှင်ဦးဝင်းအောင်က အမေရိကန် သည် ကောလာဟလများအပေါ် အခြေခံပြီး လူများကို စာရင်းပြု စုနေသည်ဟု ပြောဆိုလိုက်သည်။ ‘‘မေးစရာကတော့ အတော်များ တာပဲ။  ဘယ်ကသတင်းတွေကိုရသလဲ။  အဲဒီရတဲ့သတင်းတွေ ဘယ်လောက်အထိမှန်ကန်စိတ် ချရသလဲ’’ဟု သူက မေးခွန်းထုတ် သည်။
ဦးတေဇက ရုရှားလုပ် MI-17 ရဟတ်ယာဉ်များကို ရောင်းချ ကြောင်း ဝန်ခံပြောဆိုသည်။ မြန်မာစစ်တပ်အတွက် အပိုပစ္စည်းကို ဆက်လက်ပံ့ပိုးပေးနေပြီး စက်ပိုင်းဆိုင်ရာဝန်ဆောင်မှုစာချုပ်ကို ဆက်လက်ချုပ်ဆိုထားကြောင်းလည်း ပြောဆိုလိုက်သည်။ သို့ရာတွင် အခြားလက်နက်ရောင်းချမှုများ မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။ ရုရှားများကို မြန်မာစစ်ခေါင်းဆောင်များနှင့်  မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် ညှိနှိုင်းမှုများကို သူတို့ဘာသာဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘သူတို့က အစိုးရတစ်ခုနဲ့ တစ်ခုအကြား တိုက်ရိုက်လုပ်ခဲ့ ကြတာပါ။ ကျွန်တော်တို့က အစည်းအဝေးခန်းထဲကိုတောင် မဝင်ရဘူး’’
ဝိကီလိခ်က ထုတ်ပြန်လိုက် သည့် ၂၀၀၇ ခုနှစ် သံတမန်ကြေး နန်းသတင်းတွင် ဦးတေဇကို ယခင်စစ်အစိုးရ၏ အတွင်းလူအဖြစ် ဖော်ပြထားသည်။ သူ့ကို ‘‘နံပါတ်၁ ခရိုနီစီးပွားရေးသမား’’ဟု ဖော်ပြထားသည်။ သူသည် စစ်အစိုးရခေါင်းဆောင်များကို ဖောဖောသီသီဧည့်ခံပြီး အမြတ်အစွန်းများသော စီးပွားရေးသဘောတူညီချက်အများစုကို ရယူခဲ့သည်ဟု ဆိုသည်။
ပါမောက္ခရှောင်တားနားက တော့ ဦးတေဇ၏ ခရိုနီသူဌေးပုံ ရိပ်မှာ ဆင်းရဲနွမ်းပါးလှသည့် စီးပွားရေးရှိသည့်နိုင်ငံတစ်ခုတွင် သူ၏ဟိတ်ဟန်ကြီးလှသည့် နေထိုင်ပုံကြောင့် ပိုကြီးသယောင်ချဲ့ကားခံထားရခြင်းဖြစ်ကြောင်းဆိုသည်။  ‘‘သူ့ရဲ့ပြိုးပြိုးပြက်ပြက်နေပုံတွေကြောင့် သူ့ကို လူဆိုးအခန်းမှာထည့်ပြလို့ သိပ်ကောင်းသွားတာပေါ့’’
 အမေရိကန်အစိုးရက အရပ်ဘက်နိုင်ငံရေးသမားများအဖြစ် ပြောင်းလဲသွားသည့် ယခင်စစ်အရာရှိများစွာကို  သူတို့၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူ သည့် လူပုဂ္ဂိုလ်များစာရင်းမှ ဖယ် ရှားပေးခဲ့သည်။ ယင်းအထဲတွင် သမ္မတဦးသိန်းစိန်နှင့် ၂၀၀၈ ခုနှစ် တွင် ပြုံးယန်းသို့ သွားရောက်ခဲ့ သည့် ဗိုလ်ချုပ်ဟောင်းလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့လည်း ပါဝင် သည်။ သို့ရာတွင် ဦးတေဇနှင့် တခြားလုပ်ငန်းရှင်ကြီးများ စာရင်းတွင် ကျန်ရစ်နေသည်။ သူတို့ကို ဖက်စပ်လုပ်ကိုင်မည့်သူများအဖြစ် မြင်ထားကြသည့်  ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူ အမေရိကန် စီးပွားရေးသမားအများအပြားအတွက် အတော် ပင်စိတ်ပျက်စရာဖြစ်နေသည်။
‘‘အမေရိကန်ကုမ္ပဏီအများ စုက အဲဒီစာရင်းကို ပြန်ပြီးပြင် ဆင်စေချင်တယ်။ အဲဒီလူပုဂ္ဂိုလ် တွေနဲ့ ကုမ္ပဏီတွေကို စာရင်းက ဖယ်ပေးလို့ရရင် ပယ်ဖျက်ပေးစေ ချင်ကြတယ်’’ဟု DFDL ဥပဒေ အကျိုးဆောင်အဖွဲ့မှ ရှေ့နေစီလီ ယမ်ဂရင်းလီက  ပြောဆိုလိုက် သည်။ သူက မြန်မာနိုင်ငံရှိ အမေ ရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
ဇန်နဝါရီလလယ်တွင် ကုန် သည်ကြီးများအသင်းဝင်များက ရန်ကုန်မြို့ရှိ  ပြန်လည်မွမ်းမံပြင် ဆင်ထားသော ဗြိတိသျှခေတ် အဆောက်အအုံတစ်ခု၏ စား သောက်ဆိုင်၌ စုဝေးခဲ့ကြသည်။ ထိုနေရာတွင်  အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က သူ တို့ကို သတင်းကောင်းတချို့ပါး လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက ပစ်မှတ်ထားပိတ်ဆို့အရေးယူထားသူစာရင်းမှ တချို့ကို မကြာမီဖယ်ရှားပေးတော့မည်။ ‘‘နောက်ဆုံးအကြိမ် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကျွန်တော်စကားပြောတော့ သူတို့က လပိုင်းလောက်ပဲလိုတော့တယ်လို့ ပြောတယ်’’
ခြောက်လကြာပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စာရင်းမှဖယ်ရှားခြင်းမရှိခဲ့။ ဝါရှင် တန်အတွင်း သတင်းများအရ ယင်းသို့ရွှေ့ဆိုင်းခြင်းသည် ဝါရှင် တန်နှင့် နေပြည်တော် နှစ်ရပ် စလုံးတွင်  နိုင်ငံရေးအပြောင်းအလဲများရှိနေ၍ဟု ဆိုသည်။ မြန်မာအစိုးရ ကတိပြုထားသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနောက်ပြန်လှည့်နေသည့် အပေါ်အမေရိကန်နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး အဖွဲ့များက အပြစ်တင်နေကြသည်။
 ‘‘ပြီးခဲ့တဲ့ ၁၈ လအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှု နည်းနည်းလေးပဲရှိခဲ့တာကြောင့် စာရင်းထဲကနေ ဘယ်သူကိုမှပယ် ဖျက်မပေးဖို့ ပြည်တွင်းမှာ ဖိအား တွေများနေတယ်’’ဟု ဝါရှင်တန် အခြေစိုက် Project 2049 In-stitute အကြံပေးအဖွဲ့မှ ကယ် လီကူရီးက ဆိုသည်။ ယင်းအဖွဲ့ သည်အာရှ၏ လုံခြုံရေးကိစ္စရပ် များအပေါ် အဓိကလေ့လာနေ သည့်အဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့် ကျင်ပြီး စည်းရုံးနေသူများထဲတွင် လွှတ်တော်အမတ်ချာဘော့ လည်းပါဝင်သည်။ သူက လူနည်းစုမွတ်စလင်များကို ဖိနှိပ်နေမှုကို ရပ်တန့်ရေးမြန်မာအစိုးရအား ဖိအားများပေးရန်တောင်းဆိုသည့် မူကြမ်းကို  တင်သွင်းခဲ့သူဖြစ်သည်။
 ပစ်မှတ်ထားအရေးယူသူ လူပုဂ္ဂိုလ်များကို စာရင်းမှပယ် ဖျက်ခြင်းက  မှားယွင်းသော အဓိပ္ပာယ်  သက်ရောက်စေနိုင် သည်ဟု ချာဘော့က ဆိုသည်။ ‘‘အမေရိကန်ကုမ္ပဏီတွေက ဒီခရို နီတွေနဲ့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စီးပွားရေး ပူးပေါင်းလုပ်မှာကို ကျွန်တော်မထောက်ခံပါဘူး’’ဟု သူက ပြောဆိုလိုက်သည်။
သို့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ပိတ်ဆို့အရေး ယူခံထားရသော လူပုဂ္ဂိုလ်များကို အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အရာရှိများ က ရန်ကုန်မြို့တွင်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ခံရရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည်ကို ရှင်းလင်းပြခဲ့သည်။ လိုအပ်ချက် များမှာ စစ်တပ်နှင့် ဆက်နွှယ်ပတ် သက်ခြင်းမပြုရန်၊ လုပ်ငန်းတွင် ထင်သာမြင်သာရှိစွာ ဆောင်ရွက် ရန်တို့ဖြစ်သည်။ ယင်းအချက်က ဦးတေဇတို့လိုလုပ်ငန်းရှင်သူဌေး များအတွက် ဝါရှင်တန်က အတိုက်အခံများထက်ပင်လျှင် စိန်ခေါ်မှု ကြီးမားနိုင်ပါသည်။
(Forbes magazine ပါ ဆောင်းပါးရှင် Jared Ferrie ၏ Burmese Tycoon Tay Za Under Scrutiny ဆောင်းပါးကို  မူရင်းအတိုင်း ခင်မေဇော် (ဝါရှင်တန်ဒီစီ) ဘာသာပြန်ဆိုသည်။)
7Days

ရုရှားသမ္မတ ပူတင်ရဲ့ သမီး၊ နယ်သာလန်မှာနေတဲ့ အိမ်က တိမ်းရှောင်

မလေးရှားလေကြောင်းလိုင်း MH 17 ကို ယူကရိန်းအရှေ့ဘက် ရုရှားနယ်စပ်နားမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက်ထွက်ပေးလာပြီး တဲ့နောက် နယ်သာလန်နိုင်ငံက သမီးဖြစ်သူ မာရီယာ ပူတင်နာဟာ သူ့အိမ်က တိမ်းရှောင် ထွက်ပြေး သွားပြီလို့ ဆိုပါတယ်။ 

 ရုရှားသမ္မတ ပူတင်နဲ့ နယ်သာလန်မှာ နေထိုင်တဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာ၊ ဓာတ်ပုံ- ရာဟူး
နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ဦးတည်ပျံသန်းသွားတဲ့ ဘိုးရင်း ၇၇၇ MH 17 လေယာဉ်ဟာ လွန်ခဲ့တဲ့ သတင်းပတ်က ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက သူတို့ ထိန်းချုပ် ထားရာဒေသမှာ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်။ 

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၂၉၈ ဦးလုံး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲက ဒတ်ခ်ျ လူမျိုး စုစုပေါင်း ၁၉၃ ဦး ပါဝင်ပါတယ်။ 

အဲဒီ ဒတ်ခ်ျတွေရဲ့ အလောင်းတွေကို ဘယ်သူ၊ ဘယ်ဝါ စစ်ဆေးတဲ့ နေရာဖြစ်တဲ့ Hilversum က မြို့တော် ဝန်က ရေဒီယို အင်တာဗျူးတခုမှာ ခရီးသည်တင်လေယာဉ်ကို ပစ်ချဖို့ မစ်ဇိုင်း ဒုံးကျည်ကို အသုံးပြုဖို့ ကျွမ်းကျင်သူတွေ ရုရှားသမ္မတ ပူတင်က အထောက်အပံ့ လုပ်ထားတာကြောင့် နယ်သာလန်နိုင်ငံမှာ
နေ ထိုင်နေသူ မာရီယာပူတင်နာကိုလည်း နိုင်ငံက နှင်ထုတ်သင့်တယ်လို့ မှတ်ချက် ထည့်ပြောပါတယ်။ 

 နောက်ပိုင်းတော့ သူပြောခဲ့တဲ့ စကားဟာ အမြော်အမြင်နည်းပါးတဲ့ စကားလုံး သုံးနှုန်းမိတာကြောင့် တွစ်တာကတဆင့် တောင်းပန်းစကား ဆိုခဲ့ပါတယ်။ 

သူ့ခံစားချက်ကို ရှေ့တန်းတင်လွန်းပြီး အရမ်းကို စိတ်ထိခိုက်ချိန်မှာ ပြောမိလိုက်တာတာ ဖြစ်ပေမယ့် 
တော်တော်များများက ဒီစကားကို မှတ်မိနေကြမှာပါဘဲလို့ ရာဟူး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ရုရှားသမ္မတ ပူတင်ရဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာရဲ့ သမီးနေထိုင်ရာ နယ်သာလန်က အိမ်လိပ်စာကို ယူကရိန်း ဝက် ဆိုက် တခုက လူသိရှင်ကြား ထုတ်ရေးပြီးတဲ့နောက် “ သဟိတ်ဂ်” The Hague မြို့နားက Voorschoten ရွာမှာရှိတဲ့ သူ့အိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ သိရပါတယ်။ 

လက်ရှိမှာ မာရီယာ ဘယ်မှာနေထိုင်နေတယ်ဆိုတာတော့ မသိရသေးပါဘူးတဲ့။ မာရီယာပူတင်နာက သူ့ချစ်သူ ဒတ်ခ်ျ လူမျိုး Jorrit Faassen နဲ့ မနှစ်ကတည်းက နယ်သာလန်မှာ နေထိုင်နေတာပါ။ 

မာရီယာပူတင်နာကလည်း သူ့အမ ဖြစ်သူ Yekaterina လိုပဲ လူမြင်ကွင်းကို ထွက်တာ အလွန်နည်းတယ်လို့ ရာဟူးသတင်းက ဆိုပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းဘက် က အပစ်တင်စွပ်စွဲနေလို ဒီလေယာဉ်ပျက်ကျမှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူး လို့ ငြင်းဆိုထားပါတယ်။ 

လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးမှာ စက်သေနတ် ကျည်ပေါက်ရာမျိုးတွေ အများကြီးတွေ့ရပြီး နောက်ထပ်လည်း အလောင်းတွေထပ်တွေ့တယ်လို့ ဆိုပါ တယ်။ 

အိမ့်သံစဉ် ~ 




မန်ယူပရိတ်သတ် ဦးရဲထွဋ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဒ်

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အမေရိကန်ပြည်ထောင်စုကို ရောက်နေ တာ အွန်လိုင်းလောကသားတွေက အသိဆုံးပါ။ ဦးရဲထွဋ်ဟာ အမေရိကားမှာ သင်တန်းတခု တက်ရောက် သင်ယူနေပါတယ်။ 

 မန်ယူ ပရိသတ်တဦးဖြစ်သူ ဦးရဲထွဋ်နဲ့ အလယ်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့်လမ်းပတ်ဒ်၊ ဓာတ်ပုံ- ဦးရဲထွဋ်ဖေ့စ်ဘုတ်

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ဦးရဲထွဋ်က စီအန်အန် ရုပ်သံ သတင်းဌာနကို လေ့လာရေးသွားစဉ်မှာ တချိန်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့် လမ်းပတ်ဒ်နဲ့ တွေ့တော့ အမှတ်တရ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ 
ဖေ့စ်ဘုတ် မှာ တင်ထားပါတယ်။ 

ဖရန့်လမ်းပတ်ဒ်ကလည်း စီအန်အန်ကို လာတာက နယူးယောက် ဘောလုံးအသင်းကို ပြောင်းလာ ပြီးနောက် အင်တာဗျူး လာလုပ်တာလို့  ဦးရဲထွဋ်က ရေးထားတယ်။ 

မန်ယူအားပေးလေ့ ရှိတဲ့ ဦးရဲထွဋ် လည်း ချဲလ်ဆီး ကစားသမားနဲ့တွေ့စဉ်မှာ ဖရန့်လမ်းပတ်ဒ်က သူ့ကို မေး ခွန်း မေးပါသတဲ့။ 

"သူက မြန်မာနိုင်ငံမှာ ပရီမီယာလိဂ်က ဘယ်အသင်းကို ထောက်ခံသူအများဆုံးလည်း လို့ မေးလို့ မန်ယူလို့ ရှင်းပြခဲ့ပါတယ်" လို့ ဦးရဲထွဋ်က ရေးထားပါတယ်။ 


အိမ့်သံစဉ် ~ 

 

ခရီးသည် တဦး ခြိမ်းခြောက်လို့ ကနေဒါ လေယာဉ်အရေးပေါ် ဆင်းခဲ့ရ

သောကြာနေ့က ကနေဒါ နိုင်ငံ တိုရန်တိုမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် ခရီးသည်တဦး
ဖြစ်တဲ့ ကနေဒါ လူငယ် ဖမ်းဆီးခံလိုက်ပါတယ်။ သူ့ကို လေယာဉ် ပေါ်မှာ ခြိမ်းခြောက်မှုလုပ်တဲ့ ကိစ္စအတွက် လည်း တရားစွဲဆိုခံရမှာဖြစ်ပါတယ်။ 


ကနေဒါ နိုင်ငံ တိုရန်တို လေဆိပ်ကနေ ပနားမားကို ဦးတည်ပျံသန်းတဲ့ ကနေဒါ လေယာဉ် Flight 772 ပေါ် မှာ ခရီးသည် တဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကနေဒါ နိုင်ငံသား အလီရှာဟီက ခြိမ်းခြောက်ခဲ့လို့ 
ဝေဟင်မှာ F 16 တိုက် လေယာဉ် ၂ စင်း က လိုက်ပါ လုံခြုံရေးယူပြီး တိုရန်တိုက Pearson လေဆိပ်ကို အရေးပေါ် ဆင်းခဲ့ရတာပါ။ 

လေယာဉ်လည်း ဆင်းလာပြီး လက်နက်ကိုင် စစ်သား ၄ ဦး ၅ ဦးလောက်က လေယာဉ် ပေါ်တက်လာပြီး အလီရှာဟီကို ဖမ်းခေါ်သွားခဲ့တယ်လို့ ခရီးသည် တဦးက ပြောတာကို ကနေဒါ သတင်းဌာနတခုဖြစ်တဲ့ စီဘီစီက ရေးထားပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ အလီ ရှာဟီရဲ့ ဖခင်ကပြောတာမှာတော့ သူ့သားဟာ စိတ်ဝေဒနာ ခံစားနေရသူ ဖြစ် တယ်လို့ ပြောထားပါတယ်။ 

“လေယာဉ်ပေါ်မှာ ဖြစ် ပျက်ခဲ့တာအတွက် ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အလီ့ မှာ အမှား မရှိခဲ့ပါဘူး။ ကျနော်ကတော့ ရဲနဲ့ ကျန်းမာရေးစနစ်ကိုပဲ အပြစ်တင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်း ၂၃ ကြိမ်ထက်မက ကျနော်တို့ ရဲကို ခေါ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူတို့က ကျနော်တို့ကို ဘာမှ မကူညီခဲ့ဘူး။ ကျနော့်သားကိုလည်း ဘာမှ ကူညီမှု မပေးခဲ့ဘူး”လို့ အလီ ရှာဟီရဲ့ ဖခင်က ပြောပါတယ်။ 



လေယာဉ်ပေါ်ပါတဲ့ ကလေး ၂ ယောက်ရဲ့ မိခင် Sharon Ramsay က ပြောတာမှာတော့ လေယာဉ်ပေါ်ကို ရဲတွေက ဝင်စီး တော့ အရမ်းကြောက်သွားခဲ့တာတဲ့။ ရဲတွေက ခေါင်းတွေ ငုံ့၊ လက်တွေမြှောက်ထားလို့ 
အော်ပြီး သေနတ်တွေနဲ့ ဝင်လာ တော့ ကလေး ၂ ယောက်နဲ့ သူ လည်း အရမ်းကြောက်စိတ်ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဖမ်းတာစီးတာ လုပ်တော့ သူလည်း ငိုနေခဲ့တယ်တဲ့။ 

အလီရှာဟီကို ဖမ်းဆီးပြီးနောက် လေယာဉ်ပေါ်မှာက ခရီးသည် ၁၈ဝ ကျော် ပါတဲ့ ကနေဒါ လေယာဉ်စီး ခရီးသည်တွေ လည်း နည်းနည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားတဲ့အခါ ပနားမားကို အေးအေးချမ်းချမ်း ပျံသန်းသွားခဲ့ပါတယ်။ 


ဒီသတင်းမှာထူးခြားတာက လေယာဉ်ပေါ်ကို စိတ်ဝေဒနာသည်လို့ ဆိုသူကို တက်ဖမ်းစဉ်မှာ ခေါင်းတွေ ငုံ့၊ လက်တွေ မြှောက်ထားလို့ သေနတ်တွေနဲ့ ထိုးချိန်ပြီး အော်ဝင်လာတဲ့ ဗီဒီယိုကလစ်ထွက်ပေါ်လာခဲ့တာ ပါဘဲ။ 

 ခေတ်ကာလ အခြေအနေမှာ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါစေ လူတွေက သက်သေ အထောက်အထားဖြစ်လာစေမယ့် ရုပ်သံမှတ်တမ်းတွေကို စမတ် တယ်လီဖုန်းတွေနဲ့ အလွယ်တကူ မှတ်တမ်း လုပ်ထားနိုင်ကြတာပါဘဲ။ 
ဧရာဝတီ

သက်ဆင်ရဲ့ မွေးနေ့မှာ ယင်လတ် ဘာလက်ဆောင် ပေးခဲ့လဲ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့တယ်။ အဲဒီ မွေးနေ့ပွဲမှာ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ် က အကိုဖြစ်သူကို မွေးနေ့ လက်ဆောင်ပစ္စည်း တခုပေးပါတယ်။ 

 ဓာတ်ပုံ- Khaosod
 
ယင်လတ်ရဲ့ သက်ဆင်အတွက် မွေးနေ့ လက်ဆောင်ကတော့ သက်ဆင်ရဲ့ ပုံတူ ရုပ်လုံးကြွ အနုပညာ လက်ရာပစ္စည်းတခု ဖြစ်ပါတယ်။ 

ထိုင်း လူမှု ကွန်ရက်တွေမှာတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း မောင်နှမ ၂ ဦးရဲ့ ပြုံးပျော်ရွှင်နေကြတဲ့ မြင်ကွင်း အစုံအပေါ် ဝေဖန်မှုတွေ အမျိုးမျိုး ပေးနေကြတာတွေ့ရတယ်။ 

တချို့က ပြန်လာမယ့်ပုံ မပေါ်တဲ့ မစ္စယင်လတ်လို့ မှတ်ချက်ပေးတာမျိုးလည်း ရှိသလို ပြန်လာဖို့ သေချာပါ တယ် လို့ မှတ်ချက်ပေးတာမျိုးလည်း ရှိကြတယ်။
ဧရာဝတီ

ဒုက္ခသည်များအတွက် လူ့ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ချိန်ဖြစ်စေလို


 ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး ဆိုတဲ့ အသံကြောင့် လက်ရှိ ကရင်လူမှု အဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေ အကြား မှာ ပိုမိုရိုက်ခတ်မှု ရှိလာတာကို ကြားနေရတယ်။ ကရင်လူမှုအဖွဲ့အစည်းတွေက ဒုက္ခသည်တွေ ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုနေကြသလို စခန်းအတွင်းရှိ ဒုက္ခသည်ထုတွေကလည်း အာဏာပိုင်တွေ အတင်းပြန်ပို့မှာကို စိုးရိမ်ပူပန်နေကြတယ်။

ပြီးခဲ့သော ဇူလိုင်လ ၄ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင် ထိုင်းနိုင်ငံ လက်ရှိအာဏာ ရစစ်ခေါင်းဆောင် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ကျန်းအိုးချား (Prayuth Chan-ocha) နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ စဉ် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ခုမှာရှိနေတဲ့ မြန်မာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော်ကို နေရပ်ရင်းသို့ပြန်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်းကို ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာတွေမှာ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒုက္ခသည်ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိသေးတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ဖို့ အချိန်မတန်သေးဘူးလို့ ကရင်ဒုက္ခသည်ကော်မတီ(KRC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ပြောတယ်။

“ကျမတို့မြင်တာက တစ်တချက်က ပြည်တွင်းမှာ မြေမြှုပ်မိုင်းတွေ အကုန် မရှင်းလင်းနိုင်သေးဘူး။ နှစ်တချက်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး မရသေးဘူး။ ဒါကြောင့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် အာမခံချက်တခုမှ မရှိသေးအတွက် ဒုက္ခ သည်တွေ ပြန်ပို့ဖို့က အချိန်မတန်သေးဘူးလို့ ပြောချင်တယ်”လို့ ပြောပါတယ်။

ကရင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးပြီးနောက် ကရင်ဒေသအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ အများအပြားဝင်လာပြီး မြေယာသိမ်းဆည်းမှု ပြဿနာ တွေ၊ မြေမြှုပ်မိုင်းပြဿနာတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။

“လက်ရှိ ကရင်ဒေသတွေမှာ အစိုးရစစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေရှိနေဆဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အခြေ အနေမှာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စမှာ အစိုးရကို မေးခွန်းထုတ်စရာတခုရှိတာက နေရပ်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံ ရေးအတွက် ဘယ်အတိုင်းအတာအထိ အာမခံချက်ပေးနိုင်လဲ”လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဝေ့လေး ပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး သတင်းတွေကြောင့် ကရင်လူမှုအဖွဲ့အစည်းများ စိုးရိမ်တဲ့အသံတွေ ထွက်ပေါ်လာချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ထိုင်းအာဏာရ စစ်ခေါင်း ဆောင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ဒုက္ခသည်အရေး ဆွေးနွေးမှုတွေဟာ သာမန်သဘောသာဖြစ်ပြီး အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

သို့သော်လည်း ထိုသို့သတင်းတွေ ထွက်လာတာနဲ့ တချိန်တည်း ထိုင်း-မြန်မာ နယ်စပ်တ လျှောက်ရှိ ကရင်ဒုက္ခသည် ၇ခုထဲမှာ ထိုင်းအာဏာပိုင်တွေက အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မပေးဘဲ ဒုက္ခသည်စာရင်း စစ်တမ်း ကောက်ယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေကို ပိုတိုးလာစေတဲ့ အချက်တချက်ဖြစ်လာတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေအတွက် စဉ်းစားစရာ၊ စိုးရိမ်စ ရာတွေ ဖြစ်စေပါတယ်လို့လည်း ကရင်ဒုက္ခသည် ၇ခုအနက် အကြီးဆုံးစခန်းဖြစ်တဲ့ လူဦးရေ ၄သောင်းကျော် နေထိုင်တဲ့ မယ်လ ဒုက္ခသည်စခန်းမှ စခန်းဥက္ကဌ စောအောနက်စ်က ပြောတယ်။

“အခုချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလည်း ကျနော်တို့အတွက် ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။ ကျနော်တို့ လူထုတွေကို ပြန်ပို့မယ်ဆိုရင် လုံခြုံရေး၊ နေရေးထိုင်ရေး အဆင်အပြေဘူးဆိုရင် ရှေ့ဆက် အခက်အခဲတွေ အများကြီး ကြုံရနိုင် တယ်”လို့ စောအောနက်စ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲပြီး ကြံ့ဖွံ့အစိုးရ တက်လာတဲ့နောက်ပိုင်း ဇူလိုင်လ ၂၀၁၃ခုနှစ်မှ ဇွန်လ ၂၀၁၄ခုနှစ်အ တွင်း UNHCR က Mae Fah Luang Foundation နဲ့ပူးတွဲပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် ၂ခု အပါအ၀င် ဒုက္ခသည် ၉ခုမှာ ဒုက္ခသည်တွေရဲ့ သဘောထားစစ်တမ်းတွေ (Refugee Survey) ကောက်ယူခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားရေးအစီအစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေက ဇူလိုင်လ ၁၇ရက်နေ့၊ ထိုင်းနယ်စပ်တနေရာမှာ လူထုအခြေပြု ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့သဘောထားတွေကို ရှင်းလင်းပြော ကြားခဲ့ပါတယ်။

ရှင်းလင်းပွဲ တက်ရောက်ခဲ့သူတွေရဲ့ ပြောပြချက်အရ UNHCR ရဲ့ သဘောထားဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ဒုက္ခသည်တွေကို နေရာပြန်လည်ချထားဖို့က အဆင်သင့်မဖြစ်သေးသလို အချိန်လည်း မတန်သေးတဲ့အပြင် ဒုက္ခသည်တွေ ပြန် ဖို့၊ မပြန်ဖို့ဆိုတာက ဒုက္ခသည်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့ ဆိုပါတယ်။ နောက်ပြီး UNHCR အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်အခြေချနေထိုင်ရေးနှင့် ပတ်သက်လို့ ထိုင်းအစိုးရနဲ့ဖြစ်စေ၊ မြန်မာအစိုးရနဲ့ဖြစ်စေ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေ လက်ရှိမှာ ဘာတခုမှမရှိဘူးလို့ ရှင်းလင်းပြောဆိုသွားကြောင်း လူထုအခြေပြု ကရင်လူမှုအဖွဲ့အ စည်းတွေက ပြန်လည်ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလဟာ နှစ်ပေါင်း ၆၀ကျော်လို့ ပြောဆိုလာနေပေမဲ့ နှစ်ပေါင်း ၇၀နီးလာခဲ့ပြီဖြစ်ပါတယ်။ ဒီပြည် တွင်းစစ်မီးကြောင့် လူထုတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး ယခုလို အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် သိမ်ငယ် စွာ ခိုလှုံနေထိုင်နေရသလို ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကလည်း အများအပြား ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တွေရယူပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ သို့သော်လည်း တချို့တိုင်းရင်းသားဒေသတွေဖြစ်တဲ့ သျှမ်း၊ ကချင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ ဆဲဖြစ်သလို ယခုဆို ကရင်ဒေသတွေမှာလည်း ရံဖန်ရံခါ ပစ်ခတ်မှုတွေ ဖြစ်ပွားလာနေပြန်ပါတယ်။

ဒီလို မတည်ငြိမ်၊ မခိုင်မာသေးတဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ဆင်းရဲဒုက္ခများစွာကို ကျော်ဖြတ်လာခဲ့ရတဲ့ ဒုက္ခသည်တွေ ကို နေရပ်သို့ ပြန်လည်နေရာချထားဖို့က နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ရေးအ တွက် အာမခံချက်ရှိတဲ့ အခြေအနေတစ်ရပ် ဖြစ်ထွန်းတည်ရှိမှသာ ဒီအစီအစဉ် လုပ်ဆောင်သွားဖို့ ကရင်လူမှုအဖွဲ့အစည်းတွေ က လိုလားနေကြပါတယ်။

(နန်းထူးစံ)
ကေအိုင်စီ - KIC News
http://www.kicnews.org