Tuesday, July 8, 2014
အနှိပ်စက်ခံ ကမ္ဘောဒီးယား အမျိုးသမီးများ ဘဝ
အိပ်ရာကထပြီး
မတ်မတ်လေး ထိုင်ရန်မှာ ဆိုဖောင်း အတွက် အလွန်ခက်ခဲ လွန်းလှသည်။ သူမ
ကလေးများ အကူအညီဖြင့် သစ်သား အိမ်ငယ်လေးအတွင်း သွားလာ နေထိုင်ရသည်။
တစ်အိမ်လုံး ဆေးနံ့တွေကလည်း ပျံ့နှံ့နေ သည်။ဆိုဖောင်းအသက် ၅၉ နှစ်ရှိပြီ။ ယမန်နှစ်က သူမသည် အိမ်ထဲမှ “ကယ်ကြပါရှင်” ဟုအော်ပြီး ပြေး ထွက်လာသည်။ သူမ အော်သံက ထိတ်လန့်စရာ ကောင်းလှသည်။ လက် ကားရား ခြေကားရား ဝှေ့ယမ်းအော် ဟစ်ပြီး သူမပြေးထွက် လာခြင်း ဖြစ်သည်။ သူမတစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနေပြီး အပေါ်ပိုင်းတွင် မီးတွေစွဲနေသည်။ အိမ်နီးနားချင်း တွေက ပြေးထွက် လာကြပြီး မီးကိုဝိုင်း ငြှိမ်းလိုက်ကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းမှုကို ခံစားခဲ့ရသည်။
ဈေးဗန်းထဲက မြန်မာအိမ်ဖော်တွေအရေး စိစစ်ကန့်ကွက်ရန် အစိုးရစီစဉ်
စင်ကာပူနိုင်ငံဈေးဝယ်စင်တာတွင်
မြန်မာအိမ်အကူများကို ရောင်းကုန်သဖွယ်ခင်းကျင်းပြသခြင်းနှင့်ပတ်သတ်၍
စုံစမ်းလျက်ရှိပြီး အဖြစ်မှန်ကိုစိစစ်ကာ ကန့်ကွက်သွား မည်ဖြစ်ကြောင်း
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ချုပ်ဦးမျိုးအောင်က ပြောသည်။
”ဒီလိုပြထားပြီးမှ ခေါ်နိုင်တယ်ဆိုတော့ လွန်တာပေါ့။ ဒီလိုလုပ်တာ ကျွန်စံနစ်ပဲ”ဟု ဦးမျိုးအောင်က ပြောသည်။
စင်ကာပူမြို့လယ်ရှိ ၁၉၇ဝ
ပြည့်နှစ်အဆောက်အဦးဖြစ်သော Bukit Timah ဈေးဝယ်စင်တာ ငါးလွှာတွင်
ပြောင်ပြောင်လက်လက်ဆင်ယင်ထားသော အိမ်ဖော်ပြခန်း တစ် ခုလုပ်ဆောင်ထားပြီး
‘အိမ်စောင့်များ’ နှင့် ‘တန်ဖိုးနည်းအိမ်ဖော်များ’ ဟူသော တံဆိပ်ကပ်ထားသည့်
ပြခန်းအတွင်းတွင် မြန်မာအပါအဝင် အိမ်ဖော်များ ကို ရောင်း ကုန်
သဖွယ်ပြသရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။
ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများမှ
အမျိုးသမီးများသည် အဆိုပါပြခန်းများထဲတွင် ခံစားမှုမဲ့သော မျက်နှာပေးဖြင့်
ထိုင်နေကြပြီး တစ်စုံတစ်ဦးဝင်လာတိုင်း မီးပူတိုက်၊ အဝတ်လျှော်၊ ကလေးထိန်း၊
အိမ်သန့်ရှင်းရေး စသောအိမ်ဖော်တို့တတ်အပ်သော အတတ်ပညာတို့ကို
သရုပ်ပြနေကြပြီး အိမ်ဖော်အဖြစ်သူတို့ကို ငှားရမ်း မည့်ဖြစ်နိုင်ေ ချ ရှိသော
အလုပ်ရှင်တို့ကိုမျှော်နေကြကြောင်း၊ တစ်နည်းဆိုရသော် သူတို့ကို
အိမ်ဖော်အဖြစ် ငှားရမ်းခံရရေး အတွက် သူတို့ကိုယ်တိုင် အ
ရောင်းမြှင့်တင်ရေးလုပ်နေ ကြ ရပြီး လျှော့ဈေးနှင့်လည်း ဝယ်ယူရနိုင်သည်ကို
ကြော်ငြာနေကြခြင်း ဖြစ်ကြောင်း အယ်လ်ဂျားဇီးရားသတင်း ဌာနက ဖော်ပြခဲ့သည်။
”မြန်မာသံရုံးကိုရော၊ ဟိုဘက်က အေဂျင်စီ
အသင်းချုပ်ကိုရော မေးထားတယ်။ ဒါမျိုးဘယ်သူလုပ်လဲဆိုတာသိပြီးတာနဲ့
လူကြီးတွေကို အဖြစ်မှန်ကို သုံးသပ်ပြီး တင်ပြ ရ မယ်”ဟု ဦးမျိုးအောင်က
အထက်ပါကိစ္စနှင့်ပတ်သတ်၍ ပြောသည်။စင်ကာပူနိုင်ငံတွင်
မြန်မာအိမ်အကူနှစ်သောင်းမှ သုံးသောင်းကျော်အထိရှိနေပြီး အများစုမှာ တရားမ
ဝင်သွား ရောက်ကြသူများဖြစ်သည်။ အိမ်အကူတစ်ဦးသည် တစ်လ လျှင် စင်ကာပူဒေါ်လာ
၃၅ဝ မှ ၄ဝဝအထိရရှိကြပြီး တရားမဝင်သွားခြင်းကြောင့် အလုပ်သမား အခွင့်
အရေးများမရရှိပေ။ ထို့ကြောင့်အစိုးရက ယမန်နှစ်ကစင်ကာပူသို့ အိမ်အကူတရား
ဝင်စေလွှတ်ခွင့်ပြုခဲ့သည်။ ထိုသို့စေလွှတ်ရာတွင် နိုင်ငံတကာ အသိ အမှတ်ပြု လက်
မှတ်ရမှသာ သွားခွင့်ပြုခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ
အိမ်အကူတစ်ရာနီးပါးစေလွှတ်ပြီးဖြစ်ကြောင်း International Domestic Training
Center မှ သိရသည်။
စင်ကာပူတွင် အိမ်အကူများကို သတင်းစာ၊
ဂျာနယ်များမှလည်းကောင်း၊ လက်ကမ်းစာစောင်များမှလည်းကောင်း နည်းမျိုးစုံဖြင့်
ကြော်ငြာလေ့ရှိသည်။ စင်ကာပူနိုင်ငံ ရှိ အလုပ်သမား အေဂျင်စီများသည်
Menpower လိုင်စင်ရပါက ကြော်ငြာရာတွင် ကန့်သတ်ချက် မရှိသော်လည်း
ထိုသို့ပြခန်းဖြင့် ပြသခြင်းကိုမူ မကြုံဖူးကြောင်း စင် ကာပူ သို့
အလုပ်သမားပို့ဆောင်သည့် ထက်ဦးကုမ္ပဏီမှ ဦးမင်းလှိုင်က ပြောသည်။
”အိမ်အကူတွေအများကြီးရှိတဲ့ ဟောင်ကောင်မှာတောင် ဒါမျိုးမတွေ့ခဲ့ဖူးဘူးဗျာ”ဟု ၎င်းက ဆိုသည်။
ထိုသို့ကြော်ငြာခံရသူများသည်
တရားဝင်သွားသူများမဟုတ်ကြောင်း၊ အကြောင်းမှာ အစိုးရကအိမ်အကူစေ
လွှတ်ခွင့်ဆိုင်းငံ့ထားသည်မှာ ၂ လ ရှိပြီဖြစ်ကြောင်း ပြည်ပ အ
လုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF ) ဥက္ကဋ္ဌလည်းဖြစ်သည့်
၎င်းက ပြောသည်။ စင်ကာပူ အေဂျင်စီအသင်းချုပ်နှင့် မြန်မာမှ MOEAF တို့ အိမ်
အကူစေလွှတ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပါက
ထိုသို့အဖြစ်မျိုးကို တရားစွဲနိုင်မည် ဖြစ်သော်လည်း လက်ရှိတွင် လက်မှတ်
မထိုး ထားေ သာကြောင့် အစိုးရကသာဆောင်ရွက်ရမည်ဖြစ်ကြောင်း MOEAF
အတွင်းရေးမူး ဦးကျော်ထင်ကျော်က ပြောသည်။
”မကြုံလည်း မကြုံဖူးဘူး။
ကြားလည်းမကြားဖူးဘူး။ ဒါ စော်ကားတာပဲ”ဟု ထိုသို့ အိမ်အကူများကို
ပြခန်းတွင်ပြသသည့်အပေါ် ဦးကျော်ထင်ကျော်က မှတ်ချက်ပြုသည်။
စင်ကာပူသို့အိမ်အကူအဖြစ်သွားရောက်သူများသည် အွန်လိုင်းမှဗီဇာလျှောက်၍
လွယ်ကူစွာပင်သွားလာနေသောကြောင့် တရားမဝင်သွားမူများပြား လာနေခြ င်းဖြစ်ေ
ကြာင်း၊ အိမ်အကူစေလွှတ်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း အီလက်ထ
ရောနစ်ဗီဇာဖြင့် သွားကြသောကြောင့် စိစစ်၍မရနိုင်ခြင်းဖြစ် ကြောင်း အလုပ်သ
မားညွှန်ကြားမှု ဦးစီးဌာနညွှန်ချုပ် ဦးမျိုး အောင်က ပြောသည်။
”အွန်လိုင်းပေါ်ကနေ ဗီဇာလျှောက်၊ ဟိုဘက်က
ပွဲစားနဲ့ချိတ်ပြီးသွားတာ သူတို့ဘာ သူတို့ပဲသိနိုင်တဲ့
ကိစ္စမျိုးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။ထို့ကြောင့် အိမ်အကူ အပါအဝင်
ပြည်ပသို့သွားရောက် အလုပ်လုပ်သည့် အလုပ်သမားများကို စိစစ်နိုင်ရန်၊
အချက်အလက်အတိအကျရရှိရန်အတွက် ဇူလိုင် ၁၄ ရက်မှစ၍ ရန်ကုန် အပြည်ပြည်
ဆိုင်ရာလေဆိပ်တွင် အလုပ်သမားပြည်ပထွက်ခွာခွင့်ကတ် (Smart Card)
စစ်ဆေးရေးကောင်တာဖွင့်ကာ စစ်ဆေးတော့မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
”ဒီလိုစစ်ဆေးမှပဲ တရားမဝင်သွားတာတွေကို တားနိုင်မယ်”ဟု ဦးမျိုးအောင်က ပြောသည်။
အိမ်အကူများ တရားမဝင်သွားရောက်ခြင်းကို
သေချာစစ်ဆေးရုံမက ထိုသို့ ပြခန်းဖြင့်ပြသခြင်းကိုလည်း
နှစ်နိုင်ငံသံတမန်နည်းလမ်းအရ အသိပေး ဆောင်ရွက် သင့်ကြောင်း
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။
”လူဟာ ကုန်ပစ္စည်းမဟုတ်ဘူး။ ဒီလိုလုပ်တာလူသား ဂုဏ်သိက္ခာ ထိ ခိုက်တယ်”ဟု ၎င်းက
ပြောသည်။ ထိုသို့ပြုလုပ်ခြင်းခံရသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အစိုးရ
များနှင့်ပူးပေါင်းကာ စင်ကာပူနိုင်ငံကို ဖိအားပေးသင့်ကြောင်း ၎င်း က ပြော သည်။
”မြန်မာနိုင်ငံက အာဆီယံမှာ
ဥက္ကဋ္ဌဖြစ်နေတဲ့အတွက် အခြားအစိုးရတွေနဲ့ပေါင်းပြီးနိုင်ငံတကာ Issue အနေနဲ့
လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။စင်ကာပူတွင် အိမ်အကူဈေးကွက်ကို
အဓိကထားဖော်ပြနေသော Babyment ဝက်ဆိုက်တွင်မူ မြန်မာအိမ်အကူများကို
ငှားရမ်းပါက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအိမ်အကူတို့ထက် ဒေါ်လာ ၁ဝဝ
သက်သာကြောင်း မြန်မာအိမ်ကူတို့သည် ဘာသာစကားအားနည်းပြီး၊
အိမ်အကူအလုပ်နှင့်ပတ် သတ်၍ လေ့ကျင့်သင်ကြား မှုအားနည်းေ သာကြောင့် ဈေး သက်
သာစွာ ငှားရမ်းနိုင်မည့်အပြင် မြန်မာအိမ်အကူများသည် အခြားအိမ်အကူများထက်
ခိုင်းစေရလွယ်ကူပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကြကြောင်း ဖော်ပြထားသည်။
ယူအေအီးနိုင်ငံ အဘူဒါဘီတွင်နေထိုင်သော
အမ်းမရတ်လေကြောင်းလိုင်း လေယာဉ်မူးတစ်ဦးဖြစ်သည့် ကိုသက်ဦးဆွေက
”စင်ကာပူကအေဂျင်စီတစ်ခုက သူတို့ ကျတော့ ဆောင်ရွက်ခကိုကြိုက်သလိုယူပြီး
မြန်မာပြည်က အိမ်အကူအမျိုးသမီးကျတော့ နားရက်ပေးဖို့မလို၊ သူတို့ရဲ့
လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး အပိုဆုအဖြစ် တစ်လ တစ်ကြိမ်
ဖုန်းပြောခွင့်ပြုရင်ရပါပြီတဲ့၊ ဒါဟာ အလုပ်သမားဥပဒေ၊ လူ့အခွင့်အရေးနဲ့
ကိုက်ညီရဲ့လား”ဟု မေးခွန်းထုတ်သည်။
ထို့ပြင်အေဂျင်စီများသည်လည်း
ငွေရရေးတစ်ခုတည်းမကြည့်ဘဲ မြန်မာအမျိုးသမီးများအရေးကိုကြည့်ကာ
ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။ လက်ရှိ တွင်အစိုးရက ပြည်ပသို့
အိမ်အကူစေလွှတ်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း စင်ကာပူတွင်အလုပ်လုပ်ပါက
တစ်လလျှင် စင်ကာပူဒေါ်လာ ၄ဝဝ အထိရရှိနိုင်၍ သွားရောက် သူများ
ကသွားနေကြဆဲပင်ဖြစ်သည်။ တရားမဝင်သွားခြင်းကြောင့် ထိုသို့
ရောင်းကုန်သဖွယ်ပြသခံရမူအပြင် နှိပ်စက်ခံရမှု၊ နှိပ်စက်ခံရလွန်း၍
ကိုယ့်ကိုယ် ကိုယ် သေေ ကြာင်းကြံစည်မှု များလည်း ဖြစ်ပွားလျက်ရှိသည်။
ထိုသို့သောဖြစ်ရပ် များ ကြောင့် အိမ်အကူပြသနာကို အစိုးရက သေချာဖြေရှင်း
ကိုင် တွယ်သင့်ပြီဟု အလုပ်သမား အရေးဆောင်ရွက်သူတို့က ဆိုကြသည်။
”လုပ်အားကိုပဲ ရောင်းကြတာလေ။ အခုလုပ်နေတာက ကျွန်ပိုင်ရှင်လို ဖြစ်နေတာ”ဟု
ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန် ယက်မှ ဦးစိန်ဌေးက ပြောသည်။
မေဇင်ဝင်း
credit-Popular
လိုင်စင်မဲ့ နှင့် လိုင်စင်အတု များ၏ လက်ထဲမှ လူ့အသက် စစ်စစ်များ
မြန်မာနိုင်ငံတွင် လူဦးရေ သိပ် သည်းမှု
မြင့်မားလာခြင်းနှင့် အတူ မော်တော်ယာဉ် သုံးစွဲမှုများလည်း တိုး ပွားလာသည်။
အကောင်း အဆိုး ဒွန်တွဲ နေတတ်သည့် သဘာဝ အတိုင်း မော်တော် ယာဉ်များ
တိုးပွားမှုနှင့် အတူ ယာဉ်တိုက် မှုများ မှာလည်း နှစ်စဉ်မြင့်တက်လျက် ရှိသည်။
ယာဉ်တိုက်မှု များ၏ ရာခိုင်နှုန်း
ထက်ဝက်ခန့် သည် လိုင်စင်မဲ့ ယာဉ်မောင်း များ၏ မဆင်မခြင် မောင်းနှင်မှုများ
ကြောင့်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီး
ဌာနစစ်တမ်းများမှ သိနိုင်သည်။
ထိုထက်ပို၍ အာရုံ စိုက်စေသည့် အချက်တစ်ခု
ကတော့ လိုင်စင်မဲ့ ယာဉ် မောင်းများနည်းတူ လိုင်စင် အတုဖြင့်
မောင်းနှင်နေကြသော ယာဉ်မောင်းများ လည်း အများ အပြား ရှိနေခြင်းကိုပင်
ဖြစ်သည်။
”လိုင်စင် အတုတွေနဲ့ မောင်းနေကြ တာတော့
အများကြီး ရှိတာပေါ့။ ဒါကျ တော့ ပွဲစားတွေ ရှိတယ်။ များသောအား ဖြင့်
ကားကြီးဝင်းတွေ၊ ဘတ်စ်ကားဂိတ် တွေမှာ ပွဲစားတွေ ရှိတာ များတယ်” ဟု
ကားဝယ်ရောင်း ဦးလှမြင့်က ပြောသည်။
အဆိုပါ နေရာများတွင် ယာဉ်မောင်း များ
ပေါများခြင်းကြောင့် ဖြစ်ပြီး လိုင်စင် အတုလုပ်ခြင်းမှာ အချိန်ကုန် သက်သာ
ခြင်းကြောင့် ဖြစ်ကြောင်း ဦးလှမြင့် က ပြောသည်။
”ကားမောင်း ကျွမ်းတော့ အန္တရာယ် မရှိဘူး၊
လိုင်စင်အတု ကိုင်ပြီး ကားမောင်း ကျွမ်းကျင် ရင်တော့ ဘာမှ မဖြစ်ဘူး။
မဟုတ်ရင်တော့ အန္တရာယ် ရှိနိုင်တယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။
လိုင်စင်အတု လုပ်ရန် ခက်ခဲမှု မရှိ ကြောင်း
အလွယ်တကူ လုပ်နိုင်ကြောင်း ငွေကြေး ကုန်ကျမှုလည်း သက်သာ ကြောင်း စသည်
တို့ကြောင့် ယင်း လိုင်စင် အတု များကို ကိုင်ဆောင်နေ ကြခြင်းဖြစ် ကြောင်း
ကားကြီး စက်ပြင်ဆရာဖြစ်သည့် ကိုသက်မင်း (အမည်လွှဲ)က ပြောသည်။
”ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း အများကြီး
တွေ့ရတယ်။ ဒါက ကွန်ပျူ တာလေး နဲ့ လုပ်လိုက်တာ ဆိုတော့ အချိန် ကုန်လည်း
သက်သာတယ်။ အနီလိုချင် လား၊ အနက် လိုချင်လား၊ ကြိုက်တာပြော လုပ်လို့ရတယ်”ဟု
၎င်းတွေ့ဖူးသည်ကို ပြောသည်။
ယာဉ်မောင်း လိုင်စင် တစ်ခုရရန် အတွက် အချိန်ကုန် မခံဘဲ လိုင်စင်အတု များဖြင့်သာ လုပ်လာကြကြောင်း ကို အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
”ဟိုမှာကျတော့ ရေးဖြေတို့၊ အစမ်း
မောင်းတို့၊ ကွန်ပျူတာနဲ့ ဖြေရတယ်၊ ဖြေရင်လည်း လိုင်စင်မဲ့ နှစ်ခေါက်
သုံးခေါက် လောက် ပြန်ဖြေနေရတယ် ဆိုတော့ သိပ်ပြီး သွား မဖြေချင်ကြတော့ဘူး၊
သွား ဖြေရတဲ့နေရာ ကလည်း ဝေးတယ်လေ” ဟု ကုန် ကားမောင်းသူ ကိုအေးလွင်
(အမည်လွှဲ) က ပြောသည်။
”ပိုက်ဆံပေး လိုက်ရင် သွားဖြေစရာ မလိုဘူး။
သင်တန်းဆင်း လက်မှတ် မလိုဘူး၊ အချိန် မကုန် ဘူး၊ လူ မပင်ပန်းဘူးပေါ့။
အဲ့ဒီတော့ အစစ်သာ မဟုတ်တာ။ အားလုံး တော့ ပိုလွယ်တယ်” ဟု ကိုအေးချမ်း က
ဆိုသည်။
ယခု အချိန်တွင် လိုင်စင် အတုများ ကို အထူး
တပ်ဖွဲ့ များဖြင့်သာ ဖမ်းဆီး လျက် ရှိပြီး ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ
(၄၂ဝ) လိမ်လည်မှု၊ ပုဒ်မ (၄၆၈) စာ တန်း အမှတ် အသား တုပြုလုပ်မှု၊ ပုဒ်မ (၄၇၁)
အတုမှန်း သိလျက်နှင့် ဆက် လက်အသုံးပြုမှု စသည့် အမှုများဖြင့် အရေးယူလျက်
ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံး (ရန်ကုန်) မှ
တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။
”သူတို့ရဲ့ ထောင်ဒဏ်တွေ ကတော့ ၇ နှစ်စီ
ကျနိုင်တယ်။ အာမခံတော့ ရှိတယ်။ အာမခံ ဆိုတာလည်း ပေးလို့ရတဲ့ လူတွေ ကိုပဲ
ပေးတာပါ”ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူး ရုံး (ရန်ကုန်)မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
လက်ရှိတွင် ဘတ်စ်ကားများ၊ ကုန် ကားများ
အပြင် မြို့တွင်းမှ တက္ကစီသမား များပါ သတ်မှတ် လိုင်စင်မပါဘဲ မောင်း
နှင်ခြင်းများကို မြင်နေ ရကြောင်း အထက် ပါပုဂ္ဂိုလ် က ထပ်လောင်း ပြောသည်။
ယာဉ်မောင်း လိုင်စင်ကိုင်ဆောင် သူနှင့်
ယာဉ်စီးရေ အချိုးအား စိစစ်ရာ တွင် ၂ဝ၁၁ ခုနှစ် တွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်း
ရှိရာမှ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ ဒသမ ၇၃ ရာခိုင်နှုန်း ထိ ကျဆင်းခဲ့ ကြောင်း
ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှုဦးစီး ဌာန၏ စိစစ်ချက်များမှ သိရသည်။
ယခင်နှစ် ဇွန်လလယ်ခန့် တွင်
လားရှိုးမြို့တော် ခန်းမအနီး အဝိုင်းနှင့် ယာဉ်ထိန်းရုံး အကြား မူဆယ်ဘက် မှ
မန္တလေးဘက် သို့ မောင်းနှင် လာသော ယာဉ်အား လှည့်ကင်း တပ်ဖွဲ့မှ စစ်ဆေး စဉ်
ယာဉ်မောင်း ကိုင်ဆောင်သော လိုင်စင်နှင့် ယာဉ်၏ သက်သေခံ လိုင်စင်
အဝိုင်းတို့မှာ အတုများ ဖြစ်ပြီး ယင်း လိုင်စင် အတုများဖြင့် မန္တလေး၊ မူဆယ်
အသွားအပြန် ကုန်ပစ္စည်းများ တင်ဆောင် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသဖြင့်
အမှတ် (၁) ရဲစခန်း မှ (ပ) ၂၉၈/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေး
ယူခဲ့ဖူး ကြောင်း သိရသည်။
ယင်းဖြစ်စဉ် ကဲ့သို့ပင် ၂ဝ၁၃ ခုနှစ်၊ ဇွန်
၁၆ ရက်နေ့ တွင် ထပ်မံ ဖမ်းဆီးနိုင် ခဲ့သဖြင့် ပြစ်မှုပုဒ်မ (ပ)၂၉၉/၂ဝ၁၃၊
ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေးယူ ခဲ့ ကြောင်း သိရ သည်။
”အရင်က လိုင်စင်အတု ကိုင်ဖူးတယ်။ အစစ်က
မရသေးဘူး။ အလုပ်ကလည်း အရေးတကြီး လိုတော့၊ လိုင်စင် အတု လုပ်လို့ ရတယ်ပေါ့။
တစ်သိန်းလောက် ကုန်မယ် ဆိုတော့ လုပ်လိုက်တယ်။ အဲဒီ တုန်းက လိုင်စင် အတုနဲ့
မောင်းနေတာ ဆိုတော့ စိတ်ထဲတော့ ကြောက်တာပေါ့။ ငါ့ကို ဖမ်းရင်များ ဘယ်လို
လုပ်မလဲ ဆိုပြီး ပေါ့” ဟု လိုင်စင် အတု ကိုင်ဆောင်ခဲ့ဖူးသူ ကိုဝေဠု
(အမည်လွှဲ) က ပြောသည်။
လိုင်စင် အတုဖြင့် အဖမ်းခံ ရခြင်းထက်
လိုင်စင် မရှိခြင်းက ကောင်းဦးမည်ဟု စဉ်း စားမိသော်လည်း အလုပ်ရရန် အတွက်
အတုလုပ်ခဲ့ မိကြောင်း ကိုဝေဠုက သူ၏ အတွေ့ အကြုံကို ပြောသည်။
”အခုက လိုင်စင်ကို ဘယ်လိုဖြေ ရမယ်
မစဉ်းစားတော့ဘူး။ စတီယာရင် လေးကိုင်တတ်တယ် ဆိုတာနဲ့ လိုင်စင်က
လုပ်ချင်နေတော့ တာလေ”ဟု ကုန်တင် ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ကျော်ရှိ
ဦးလှအောင်က ဆိုသည်။
အဆိုပါ ကိစ္စများကို ယာဉ်ထိန်းရဲ များ အနေဖြင့် ကြပ်ကြပ် မတ်မတ်လုပ်စေ ချင်ကြောင်း ၄င်းက ဆက်ပြောသည်။
”အခုက အစ်ကို ကုန်ကားမောင်း သမားတွေ
မြင်နေရတာက မောင်းတဲ့ လူတွေက ငယ်ငယ်လေးတွေ၊ လိုင်စင် အနီတော့
မဟုတ်လောက်ဘူး။ စပယ် ယာတွေ က ဘေးမှာ လိုက်ပြီး ကားကြီးရဲ့ အယူအဆလောက်
တတ်ပြီး ကိုယ်တိုင် တက်မောင်းနေ ကြတာ။ အရေးရယ်၊ အကြောင်းရယ် ဆိုရင်တော့
သူတို့ ကား မောင်းတဲ့ ဝါလောက် နဲ့ ဒီလို ကားကြီးကို ထိန်းဖို့
မလွယ်နိုင်ဘူး။ လူငယ် ဆိုတော့ ပိုက်ဆံ လိုချင်တာပဲ သိမှာပေါ့” ဟု သူ့
ပတ်ဝန်းကျင် အခြေအနေကို ရှင်းပြသည်။
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြား
မှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အရေးယူမှုများက ဥပဒေက ပြဋ္ဌာန်း
ထားပြီးသားဖြစ်ကြောင်း၊ အတုလုပ် ဆောင်မှုများကိုလည်း ဥပဒေ အရ အရေး
ယူမှုများရှိကြောင်း၊ သက်ဆိုင်ရာဌာန များကလည်း စစ်ဆေးမှုများ ရှိကြောင်း
ယင်းကဲ့သို့ လိုင်စင် အတုများ ထပ်မံ မလုပ်ရန် အတွက် ပညာပေးမှု များလည်း
ရှိကြောင်း ပြောကြားသည်။
”လိုင်စင်ရဖို့ ဦးတို့ဆီမှာ ရေးဖြေ
တွေဖြေနေ ရတယ်။ အနည်းဆုံး ၄၊ ၅ ကြိမ်လောက်တော့ ဖြေရတယ်။ အဲ့ဒါ ဖြေပြီးရင်
ကားနဲ့ဖြေ ရတယ်။ အဆင့် ဆင့်ဖြေပြီး အောင်မှ လိုင်စင် ထုတ်ပေး တာ၊
ကားကြီးမောင်းတဲ့ သူတွေဆိုလည်း TE ကားကြီးတွေ၊ ဘတ်စ်ကားတွေနဲ့ ဖြေရတယ်။
အဲ့ဒီလို စစ်ဆေးမှုတွေ ကို လုပ်တယ်” ဟု ကုန်းလမ်း ပို့ဆောင်ရေး မှ
ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြော သည်။
”အတု လုပ်တာက ဒီလို စစ်ဆေးမှု တွေ
မလုပ်ဘဲနဲ့ အလွယ် လုပ် ကြတာ၊ အဲ့ဒီ အခွင့် အလမ်းက ကားမောင်းခွင့် ရပြီး
ပိုက်ဆံရမယ်၊ အဲ့ဒါကြောင့် ဘယ် လောက်ပဲပေး ရပေး ရ အတု လုပ်ကြ တယ်” ဟု ၄င်းက
ထပ်ပြောသည်။
အဆိုပါ ကိစ္စများအား အရေးပေါ် စစ်ဆေးမှု များ
ပြုလုပ် ကြကြောင်း၊ ကညနမှ ထုတ်ပေးသော လိုင်စင် မှာ ကညန တံဆိပ်များ၊
ဘားကုတ် များကို ထည့်ထားကြောင်း၊ မူလ အတိုင်း ကြည့် လျှင် မမြင်ရကြောင်း၊
ခရမ်းလွန်ရောင် ခြည် လေဆာနှင့် ကြည့်မှသာ မြင်ရ ကြောင်း အတုတွင် ထိုသို့
မပါဝင် ကြောင်း ၄င်းက ပြောသည်။
”လိုင်စင် အတု နဲ့အစစ်ကို လေဆာ နဲ့
ခွဲခြားပြီး ဖမ်းလို့ ရတယ်။ ဒါ့အပြင် စမတ်ကတ် အတွင်းက လိုင်စင် ပိုင်ရှင်
ရဲ့ ဓာတ်ပုံ၊ ကညန ၏ ရောင်ပြန် အမှတ် တံဆိပ်၊ သက်တမ်း ကုန်ဆုံးမည့်ရက်၊
လိုင်စင်နံပါတ် စသည်တို့ကို ကြည့်ပြီး ဖမ်းရတာပါ” ဟု အမှတ် (၂) ယာဉ် ထိန်း
ရဲတပ်ဖွဲ့မှူးရုံး ရန်ကုန်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
”လိုင်စင် အတုတွေ ဆိုတာကို ကျွန်တော်
ကြားသလောက် အစစ် လုပ်တဲ့ နေရာကပဲ ထွက်တယ်လို့ ကြားတယ်။ ဟုတ် မဟုတ်တော့
မသိဘူးပေါ့” ဟု ကိုဝေဠုဆိုသူ က ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ လည်း
ကုန်းလမ်း ပို့ဆောင်ရေးမှ ညွှန် ကြားရေးမှူး ဦးသောင်းလွင်က ”ဒီလို နာမည်တွေ
ထွက်နေတော့ မကောင်းဘူး ပေါ့။ ဦးတို့ ဌာန ရဲ့ ဂုဏ်သိက္ခာ လည်း ထိခိုက်တယ်။
ဒီလိုမျိုး လုပ်နေတာတွေ လည်း ဦးတို့ အနေနဲ့ ဥပဒေအရ အရေး ယူမှုတွေ
လုပ်နေပါတယ်” ဟု ပြောသည်။
လူငယ်များ အနေဖြင့် မိမိတို့ နေအိမ်တွင်
ကားတစ်စီးမက ဝယ်ထား သောကြောင့် ဟိုဒီ သွားချင်လျှင် ကိုယ် ပိုင်ကား
များဖြင့် သွားလာမှုများ ပြုလုပ် ခြင်း တို့ဖြင့်လည်း ယာဉ် မတော်တဆမှု
ဖြစ်ပွားခြင်း ဖြစ်ကြောင်း အငှားကား ယာဉ်မောင်း ဦးအေး (အမည်လွှဲ)က ပြောသည်။
ထို့ပြင် ယာဉ်ထိန်းရဲ များအနေဖြင့် လည်း
ယခုမှသာ ယာဉ်မောင်း လိုင်စင် အား အတင်းအကျပ် ဖမ်းဆီးနေပြီး ယခင်က
ယာဉ်မောင်း လိုင်စင် များအား လျစ်လျူရှု ခဲ့ခြင်း တို့ကြောင့် မြန်မာနိုင်ငံ
ရှိ ယာဉ်မောင်း များမှာ စည်းကမ်းမဲ့များ ဖြစ်နေကြောင်း ၄င်းက ထပ်ပြောသည်။
လူငယ်တွေ ဆိုပေမယ့် သူတို့လိုင် စင် ရဖို့
လာဖြေကြတယ်။ သူတို့ဖြေနိုင် ရင်တော့ လိုင်စင်ရမှာပဲ။ အသက်ပြည့် တဲ့
လူတိုင်းက လိုင်စင်ဖြေလို့ ရတယ်လေ။ ကားမောင်း မကြမ်းဖို့ ကတော့ လူတို့
အမူအကျင့်နဲ့ မိဘ အုပ်ထိန်းမှုနဲ့ ဆိုင် တယ်။ ဥပဒေကို ဘယ်လောက်ထိ လိုက်
နာနိုင်လဲ ဆိုတာသာ မူတည်ပါတယ်။ အကုန်လုံး က ဥပဒေအရ ထိန်းချုပ်ပြီး သားပါဟု
ကုန်းလမ်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ က ပြောသည်။
”အခုက တကယ် မောင်းတတ်တဲ့ လူတွေမှာ
လိုင်စင် မရှိဘဲ တကယ် မမောင်းတတ်ဘဲ စတီယာ ရင် တောင် မကိုင်ဖူးတဲ့ လူတွေက
ပိုင်ရာ ဆိုင်ရာတွေ နဲ့ လိုင်စင် လုပ်ထား တာတွေ မြင်ရတယ်” ဟု ၄င်းက
ပြောသည်။
ကုန်းလမ်း ပို့ဆောင်ရေးတွင် လိုင်စင်
ဖြေရာ၌ စာမေးပွဲ ဖြေဆိုအောင် မြင်ပြီး သူများကို ကွန်ပျူ တာ စနစ်ဖြင့်
စနစ်တကျ သိမ်းဆည်း ထားပြီး မည်သူ မည်ဝါ ဟူ၍ စာရင်း ထည့်သွင်းမှု မ
ရှိကြောင်း၊ စနစ်တကျ စစ်ဆေးထား ကြောင်း ကညနမှ တာဝန် ရှိသူ တစ်ဦးက ပြော
သည်။
”ဦးတို့ အနေနဲ့ အခက်အခဲ ဆိုရင် တော့
ဒီလို အတု လုပ်နေတဲ့လူတွေ ထဲကို ထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်ဘူး။ လုပ်
နိုင်ဖို့တော့ လိုတယ်။ အားလုံးက တာဝန် တွေ နဲ့ ဆိုတော့ အဲ့ဒီလောက် ထိ မလုပ်
နိုင်ဘူး ဖြစ်နေတယ်” ဟု ၄င်းက ထပ် ပြောသည်။
တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူ အသက် ၃ဝ
ကျော် ဝန်းကျင်ရှိ ကိုကျော် လတ် (အမည်လွှဲ)ကတော့ ”VIP လိုင် စင်ဆိုပြီးတော့
ကြားဖူးတယ်။ ဝန်ကြီး တွေ ကိုင်တဲ့ လိုင်စင် ဆိုပြီးတော့။ မြင်တော့
မမြင်ဖူးဘူး။ ဒီလိုတွေ ဖြစ်နေမှတော့ ယာဉ်အန္တရာယ် ဆိုတာ တော်တော် ကြောက်စရာ
ကောင်းနေပြီ။ သူတို့ နောက်က လိုက်တဲ့ ခရီး သည် ဖြစ်ဖြစ် ၊
သူငယ်ချင်းဖြစ်ဖြစ် အန္တရာယ် ရှိနေပြီ။ ကညနက လိုင်စင် ထုတ်ပေးတာကို သေ
သေချာချာလေး ဖြစ်စေချင်တယ်” ဟု သုံးသပ်သည်။
မြို့ပြဟူသည် ကတော့ တစ်စတစ် စနှင့် ပို၍
ဖွံ့ဖြိုးလာစမြဲ။ လူဦးရေသိပ် သည်းလာမှုနှင့် အတူ လိုအပ်ချက်အရ တိုးပွား
လာနေသော မော်တော်ယာဉ် များကလည်း လမ်းတိုင်း တွင် အပြည့်။ ထိုအရေ အတွက်နှင့်
စည်းကမ်းထိန်း သိမ်း အရေး ယူနေသော ဝန်ထမ်းအင် အား အရေအတွက် တို့ကလည်း
အချိုး အစား မမျှတ။ ထို့ပြင် စနစ် ဆိုးအောက် အမြစ်တွယ် ကျန်ခဲ့သော အဂတိ
တရား များကလည်း အရှိန် အဟုန်ဖြင့် သွားနေဆဲ ဖြစ်ရာ လစ်ဟာမှု များစွာ တို့ကို
လည်း လက်ညှိုးထိုး မလွဲ မြင်တွေ့နေရဆဲ ဖြစ် သည်။
မည်သို့ပင် ဆိုစေ သက်ဆိုင်ရာ နယ်ပယ်
အလိုက် တာဝန်ယူ ဆောင်ရွက် ကြရာတွင် အမှန်တကယ် ကျွမ်းကျင် မှုအရ တာဝန်ခံဖို့
လိုအပ် သကဲ့သို့ ရပ် တည်မှု အတွက် အသိ အမှတ်ပြု ခံရရန် ဆောင်ရွက်ဖွယ်ရာ
တို့ကိုလည်း မလစ် ဟင်းသင့် သည်ကတော့ အမှန်ဖြစ်သည်။
လိုင်စင်အတွက် ငွေကြေးနှင့် အချိန် ကာလကို
လက်ညှိုး ထိုးသည်။ ဝမ်းရေးနှင့် ရွေးချယ်ခွင့် နည်းသော ဘဝ များကို
ချပြကြသည်။ လုပ်ထုံး လုပ်နည်း နှင့် ဥပဒေ တို့ကို လည်း ထောက်ပြသည်။
အခက်အခဲနှင့် တာဝန်ယူမှု အဆင့်ဆင့် တို့ကိုလည်း ဆွဲခေါ်သည်။ ပေါက်ပင်
ဘာကြောင့် ကိုင်းရသည့် ဥပမာကို မကြာခဏ ထည့် သုံးစွဲနေ ရခြင်း သည်ပင်
အဓိပ္ပာယ်အားဖြင့် ပလိုင်းပေါက်နှင့် ဖားကောက်နေသည့် သဘောက ပိုထင် ရှားလေ
ဖြစ်ပါလိမ့်မည်။ အဆိုပါ အခြေအနေ များထဲ လိုင်စင်မဲ့၊ လိုင်စင် အတု များ၏
လက်ထဲတွင် လူ့ အသက်စစ် စစ်များက တည်ရှိနေပြီး ထိုအချက် သည် ပင်
ပလိုင်းပေါက်နှင့် ဖားကောက်နေ ခြင်း၏ ရလဒ်ဟု ဆိုပါက ……။
ရန်နိုင်၊ ဇေဝေယံ ရေးဖွဲ့သည်။
ဓါတ်ပုံ – အောင်နိုင်စိုး ( ကစ္ဆပ )
ဘန်ကောက်မှာ ဆေးစစ်နေရတဲ့ ရွှေမှုံရတီရဲ့ ကျန်းမာရေး
ဒါရိုက်တာ
ဝင်းထွန်းထွန်း ရိုက်ကူးမယ့် “မှော်ကျောက်စာ” ရုပ်ရှင် ဇာတ်ကားကြီးကို
ရွှေမှုံရတီက မြင့်မြတ်၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ မေမြင့်မိုရ်
တို့ နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရွှေမှုံရတီက ဘဝ
အဆက်ဆက် စုန်းမလေး အဖြစ် သရုပ်ဆောင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ “ရွှေမှုံ
ဒီဇာတ်ကားနဲ့ ပတ် သက် ပြီးတော့ ဆံပင်စတိုင်တွေ၊ အင်္ကျီ အဝတ်အစားတွေ၊ အသုံး
အဆောင်ပစ္စည်း တွေက ဒီဇာတ်ကား ထဲမှာ အဓိက Main ပဲ လေ။
ညနေစာကို မိသာစု စုံလင်စွာဖြင့် ထမင်းစားပါ
တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး စားတာနဲ့ စာရင် မိသားစုတွေ စုံစုံလင်လင် ထမင်းစားတာက ထမင်းနဲ့ ဟင်းတွေကို အလေအလွင့် သက်သာစေမှာ မလွဲပါဘူး။
(၂) မိသားစုစည်းလုံးမူရှိခြင်း
မိသားစုတွေ စုံလင်စွာ ထမင်းစားတဲ့ အခါမှာ စကားပြောဖြစ်ခြင်း တစ်ယောက်မှာ ရှိတဲ့ ပြဿနာကို အတူတကွ ဖြေရှင်းပေးနိုင်ခြင်း တိုင်ပင်ဆွေနွေးမူ ရှိခြင်းနဲ့ မိသားစု စည်းလုံးမူတွေကိုပါ ရရှိစေမှာ မလွဲပါ။
Subscribe to:
Posts (Atom)



















