This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 4, 2017

ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်းကို ၁၅ မိနစ်နဲ့ ပျောက်အောင်ကုသနိုင်



လယ်ကန်စွန်းလို့ တစ်ချို့ခေါ်ဝေါ်ကြတဲ့ ကန်စွန်းရိုးနီ၏ အစွမ်းများဖြင့်
ဆီးအိမ်တွင်မှ ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါများကို ၁၅ မိနစ်အတွင်း ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

စိတ်ကျန်းမာရေးနှင့်မှတ်ဥာဏ်ပါပိုမိုကောင်းစေသည့် ကြက်ဥ




အလွယ်တစ်ကူဝယ်ယူစားသုံးသင့်သည့် ကျန်းမာရေးဆိုင်ရာ အစားအသောက်တွင် ကြက်ဥပါဝင်ပါသည် ။ ကြက်ဥကို လူမမာများ ၊ အားအင်ကုန်ခန်းနေသည့် လူများ နှင့် ကလေးသူငယ်များပါ မကျန် ကြက်ဥကို ပုံမှန်စားသုံးသင့်ပါသည် ။ကြက်ဥကို စားသုံးခြင်းကြောင့် မေ့လျော့ပျောက်ဆုံးနေသောမှတ်ဥာဏ်များကိုပင် ပြန်လည်မှတ်မိလာနိုင်ပါသည် ။ စားသုံးခြင်းကြောင့် လူ့ ၏မှတ်ဥာဏ်စနစ်ကို ပိုမိုအားကောင်းစေပါသည် ။

Saturday, June 20, 2015

တရုတ်ပြည်မှာ မွတ်စလင်များ ဥပုသ်မစောင့်ရဟု တားမြစ်ထား



တရုတ်ပြည်အနောက်ဘက်စွန်း ရှင်ကျာန်းပြည်နယ်တွင် မွတ်စလင်ပါတီဝင်များ၊ မွတ်စလင် အစိုးရ၀န်ထမ်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် မွတ်စလင်ဥပုသ်လကို ပိတ်ပင်တားဆီးခဲ့သည်။ ယင်းကဲ့သို့ ဥပုသ်လတွင် ၀ီဂါ (Uighurs) လူမျိုးစု မွတ်စလင်များ နေထိုင်ရာဒေသများ၌ ဥပုသ်မစောင့်ရန် ပြောထားသည်ဟု ဆိုသည်။

ဝီဂါခေါင်းဆောင် ဒီလ်ဇက်ရာကစ်ကမူ ယင်းကဲ့သို့ ပိတ်ပင်တားဆီးခြင်းသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှုကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ပင်တားဆီးမှုကြောင့် ၀ီဂါ ပြည်သူများအနေနှင့် တရုတ်အစိုးရအုပ်ချုပ်ရေးကို ပို၍ဆန့်ကျင်လာကြမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

မကြာသေးသော နှစ်များကမူ အရပ်သားများနှင့် အစိုးရအဖွဲ့အစည်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု များသည် ၀ီဂါခွဲထွက်ရေးသမားများကြောင့်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။ သို့သော် ခွဲထွက်ရေးအုပ်စုများမှ ၎င်းအချက်ကို ငြင်းဆိုခဲ့သည်။ တရုတ်ပြည်ရှင်ကျာန်းဒေသတွင် ၀ီဂါမွတ်စလင်များနှင့် တရုတ်အာဏာပိုင်တို့ အငြင်းပွားမှုပြဿနာများပို၍ တင်းမာလာခဲ့သည်။

ကာဇက်နယ်စပ်နှင့် ထိစပ်လျက်ရှိသောဒေသတွင် ဖွင့်လှစ်ထားသည့် မွတ်စလင်သီးသန့်စားသောက်ဆိုင်များကို ဥပုသ်လကာလအတွင်း နေ့ပိုင်းတွင်လည်း ဖွင့်လှစ်ထားရန် အစားအသောက် လုံခြုံရေးအဖွဲ့က တိုက်တွန်းထားကြောင်း အစိုးရ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မွတ်စလင်ပိုင်ဆိုင်များ၌လည်း ၎င်းဥပုသ်လကာလတွင် စီးကရက်နှင့် ယမကာများကို ဆက်လက်ရောင်းချရန် အမိန့်ထုတ်ထားပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်းမည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များက ဘာသာရေးဖိနှိပ်မှုဟု ခေါ်ဆိုထားစေကာမူ တရုတ်အစိုးရသည် ဘာသာရေးအစွန်းရောက်ဝါဒကို နှိမ်နင်းလျက်ရှိသည်။ ဘာသာရေးနှင့်ပညာရေးကို သီးသန့်ခွဲခြားထားရမည် ဖြစ်ကြောင်း၊ ကျောင်းသားများအနေနှင့် ဘာသာရေးသြဇာသက်ရောက်မှု မရှိစေရကြောင်း အာဏာရကွန်မြူနစ်ပါတီက ပြောသည်။

Ref;AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အန်န်အဲဒီ ရွေးကောက်ပွဲဝင်မ၀င် မကြာခင် ကြေညာမယ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားရာမှာ ရွေးကောက်ပွဲဝင် မ၀င် ဆိုတာနဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင် ရုံတင်ပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်း၌ ပျံ့နှံ့လာမှုအတွက် ထုတ်လုပ်ရေးကုမ္ပဏီစုံစမ်းနေ


 ‘‘ကျွန်မက နှင်းဆီပါ မောင်’’ရုပ်ရှင် အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့ခြင်းသည် ယင်းရုပ်ရှင်ဇာတ် ကားတစ်ကားတည်းအတွက်သာ မဟုတ်ဘဲ ရုပ်ရှင်လောကတစ်ခု လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း ထားဝယ်ထုတ်လုပ် ရေးမှ ဦးစိုးသန်းက ပြောသည်။
‘‘ဒီလိုသာဖြစ်မယ်ဆိုရင် ဘယ်သူမှ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ရဲမှာမဟုတ်တော့ဘူး။ အ ကုန်လုံးက အွန်လိုင်းကပဲ ကြည့် ကြလိမ့်မယ်။ ဒီကိစ္စက ရုပ်ရှင် လောကတစ်ခုလုံးပျက်သွားနိုင် တဲ့ကိစ္စတစ်ခုပါ’’ဟု ဦးစိုးသန်းက ပြောသည်။
ဇွန်လ ၁၂ ရက်မှစတင်၍ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ ကြီးများတွင် ‘ကျွန်မက နှင်းဆီပါ မောင်’ရုပ်ရှင်ရုံတင်ပြသခဲ့ခြင်း ဖြစ်ကာ ဇာတ်ကားရုံတင်ပြသပြီး တစ်ပတ်ခန့်အကြာတွင် အွန်လိုင်းပေါ်၌ ယင်းဇာတ်ကားကြည့်ရှုနိုင်ရန် လင့်ခ်များတက်လာခြင်း ဖြစ်သည်။အဆိုပါ လင့်ခ်စတင်သူကို စုံစမ်းနေပြီး ယင်းကိစ္စနှင့် ပတ် သက်၍ အသေးစိတ်ကို မပြောပြ နိုင်သေးကြောင်း ထုတ်လုပ်သူ ဦးစိုးသန်း (ထားဝယ်)က ပြော သည်။
ဇွန်လ ၁၈ ရက်က ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ဇာတ် ကားကို အပိုင်းလေးပိုင်းခွဲ၍ ကြည့်ရှု နိုင်မည့် လင့်ခ်များဖေ့စ်ဘွတ်ခ် ပေါ်တွင်  ပျံ့နှံ့ခဲ့ပြီး  မျှဝေသူများပြားခဲ့သည်။ ထို့ပြင် ဇာတ်ကား၏အရုပ်၊အသံ အရည်အသွေးမှာ ရုပ်ရှင်ရုံအတွင်း ခိုးရိုက်ထားသည်နှင့် မတူဘဲ အတွင်းလူများက ဖြန့်ဝေ ခြင်းဖြစ်နိုင်သည်ဟု ဇာတ်ကား ကြည့်ရှုသူအများစုက မှတ်ချက်ပြု ထားကြသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ကိစ္စကို ကျွန်တော်တို့ကိုယ်တိုင် တရား ၀င်ခွင့်ပြုပြီး ဖြန့်ဝေတာလို့ ပြော တဲ့သူတွေလည်း ရှိပါတယ်။ အဲဒါ လည်း မဟုတ်ပါဘူး။ ရုံတင်ပြီး တစ်ပတ်အကြာမှာ အခုလိုလုပ်တာကတော့ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါ’’ဟု ဦးစိုးသန်း (ထားဝယ်)က ပြောသည်။
ယင်းဇာတ်ကားကို ရိုက်ကူး သူ ဒါရိုက်တာ ၀ိုင်းက ‘‘ဒီကားကို ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ထားဝယ်ထုတ်လုပ်ရေးပေါ့။ ဒီ ကားကို ထိုင်းမှာသုံးခါငွေကုန် ကြေးကျများစွာခံပြီး သွားလုပ်ခဲ့ တယ်။ အသံ 5.1 Surroundind ဆိုလည်း  သိန်းခုနစ်ဆယ်ကျော်အ ကုန်ခံပြီး သွားလုပ်ခဲ့တယ်။ တ ကယ်ဆို အခုလိုလုပ်ရပ်မျိုးဟာ တိုးတက်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် အလဲထိုးခံလိုက်ရတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကို တိုးတက်စေချင်ရင်၊ ဆက်လက်ရှင်သန်ချင်သေးတယ်ဆိုရင် ရုပ်ရှင်ရုံတွင် အားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၉ ရက်က ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင်ကို ကူးယူထားခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ် တွင်တင်ထားခြင်းရှိပါက ပယ် ဖျက်ပေးရန် မေတ္တာရပ်ခံထားပြီး ကွန်ပျူတာ၊ အင်တာနက် ၊  ဖုန်းစသည့် ခေတ်မီနည်းပညာများ အသုံးပြု၍    အီလက်ထရွန်နစ် ဆက်သွယ်ရေးကို တရားမ၀င် ဆောင်ရွက်ပါက အီလက်ထရွန် နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအပါအ၀င် တည်ဆဲဥပဒေ များနှင့် ထိရောက်စွာ အရေးယူ မည်ဟု ကြေညာထားသည်။
ထို့အတူ ယင်းဇာတ်ကား၏ အဓိကသရုပ်ဆောင် နေတိုးက လည်း ‘‘နှင်းဆီပါမောင်ရုပ်ရှင် ဇာတ်ကား အခုလိုတရားမ၀င် အွန်လိုင်းပေါ်ရောက်နေခြင်းဟာ မြန် မာ့ရုပ်ရှင်ပြန်လည်ရှင်သန်နိုင်ဖို့ ငွေကြေးမြောက်မြားစွာ အသုံးပြု ခဲ့တဲ့ ထုတ်လုပ်သူနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အနု ပညာဆိုင်ရာ ဖန်တီးသူများအား လုံးရဲ့ မြန်မာ့ရုပ်ရှင်ကို အဆင့်မီ စွာ ကြိုးစားရိုက်ကူးခွင့်ရတော့မှာ ပါလားဆိုတဲ့ စိတ်ကူးများစွာနဲ့ အတူ ပွင့်လန်းလာမယ့် နှင်းဆီ တစ်ပွင့်ကို အမြစ်ကနေ ဆွဲလှန် လိုက်သလိုပါပဲ။ ရှေ့ဆက်ရမယ့် ရုပ်ရှင်လောကအတွက် စိတ်မ ကောင်းဖြစ်မိပါတယ်။ စစ်မှန် သော အနုပညာနဲ့အတူ စစ်မှန် သော အရည်အသွေးနဲ့ ဖန်တီး ထားသော ကျွန်တော်တို့ရင်ထဲက စစ်မှန်သော စေတနာများအတွက်အစစ်အမှန်ကိုသာ အားပေးစေလိုပါတယ် ပရိသတ်ကြီးရေ’’ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

7daysdaily


သမ္မတဖြစ်ခွင့်နှင့် လူထုခေါင်းဆောင်၏ ဇရာ

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့် မွေးနေ့ဖြစ် သည်။
မြန်မာ့ဒီမိုကရေစီပြယုဂ်၊အတိုက်အခံပါတီခေါင်းဆောင်၊ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် စသည့်ဂုဏ်ထူးဝိသေသများစွာပြည့်လျှမ်းနေသည့် လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၄၀)ကျော်အရွယ်ကတည်းက မြန်မာ့နိုင်ငံရေးလောကသို့ ခြေချခဲ့သည်။

သို့သော် ၁၆ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်ဖြတ် သန်းခဲ့ရခြင်း၊ ၁၉၉၀ ရွေးကောက် ပွဲရလဒ်အရ အစိုးရအဖွဲ့တစ်ရပ် ကို သူမ၏ပါတီက ဦးဆောင်နိုင် မည့် အခွင့်အရေးရခဲ့သော်လည်း အာဏာလွှဲပေးရန် ငြင်းဆိုခံခဲ့ရ ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏ နိုင်ငံရေးဖြတ်သန်းမှုမှာ နှစ်ပေါင်း ၃၀ ခန့် ပိတ်ပင်တားဆီး ခံထားရသည်။
ဦးသိန်းစိန်အစိုးရလက် ထက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဖြင့်လွှတ် တော်နိုင်ငံရေးသို့ ၀င်ရောက်ခဲ့ သော်လည်း လက်ရှိတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ခွင့် တားဆီးကန့်သတ် ခံနေရဆဲဖြစ်သည်။
မြန်မာ့နိုင်ငံရေးအတွက်သာ ယာပျော်ရွှင်ဖွယ်မိသားစုဘ၀ကို ကျောခိုင်းခဲ့လျက် ခက်ခဲကြမ်း တမ်းသည့်နိုင်ငံရေးခယောင်း လမ်းကို ဖြတ်သန်းခဲ့သည့် ဒေါ် အောင်ဆန်းစုကြည်ကို ယခုအ ချိန်တွင် ပြည်သူလူထုက လူထု ခေါင်းဆောင်သမ္မတအဖြစ် မြင် လိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်လိုသောပြည်သူ တို့တွင် ခိုင်လုံသောအကြောင်း ရင်းခံတို့ ရှိနေပါသည်။
မြန်မာပြည် လွတ်လပ်ရေးရ အောင် စွမ်းဆောင်ပေးခဲ့သည့် အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊ မြန်မာနိုင်ငံတွင်လူထုခေါင်းဆောင် စစ်စစ် ရှားပါးခြင်း၊ နိုင်ငံအပေါ် သစ္စာရှိမှုနှင့် စွန့်လွှတ်အနစ်နာခံ မှု၊ စစ်အစိုးရနှင့် ၎င်းတို့၏အရိပ် အငွေ့မကင်းသော အစိုးရတစ် ရပ်လက်အောက်မှ လုံးဝလွတ် မြောက်စေလိုခြင်းတို့ကြောင့် အ ရပ်သားစစ်စစ်ဖြစ်သည့် ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုကြောင်း အသက် (၂၅) နှစ်အရွယ် IR ကျောင်းသူ မချယ် ရီကပြောသည်။
‘‘အန်တီ့(ဒေါ်အောင်ဆန်းစု ကြည်)ကို တိုင်းပြည်နဲ့ ပြည်သူအ ပေါ်မှာ စိတ်ထားကောင်းတဲ့ လူ တော်လူကောင်းအနေနဲ့မြင်မိလို့ တကယ်ဖြစ်စေချင်ပါတယ်။ အန် တီသာသမ္မတဖြစ်လာမယ်ဆိုရင် ချက်ချင်းကြီးပြောင်းလဲသွားမယ် လို့ မဆိုလိုပေမယ့် တိုင်းပြည်ရဲ့ တိုးတက်မှုအတိုင်းအတာတစ်ခု အထိတက်လာလိမ့်မယ်ဆိုတာ ကိုတော့ အပြည့်အ၀ယုံကြည်ပါ တယ်။ ဒါပေမဲ့ အခြေခံဥပဒေမ ပြင်နိုင်ရင်တော့ မျှော်လင့်ချက်က နည်းပါတယ်’’ဟု မချယ်ရီကစိတ် အားလျော့စွာပြောသည်။
ပေးဆပ်သည်ဆိုသည့် စ ကားရပ်ကို သုံးစွဲရန် အမြဲငြင်း ဆန်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်သည် ခင်ပွန်းသည်၏ နောက်ဆုံးခရီးကို လက်လွှတ်ခဲ့ သည်။
တိုင်းပြည်၏အရေးကြီးဆုံး အချိန်ကာလတစ်လျှောက် နိုင်ငံ အတွင်းနေထိုင်လှုပ်ရှားနိုင်ခွင့်မဆုံးရှုံးစေရန် ဖခင်မဲ့ခဲ့ပြီဖြစ်သော သားငယ်နှစ်ဦးအား စောင့်ရှောက် ပျိုးထောင်ခွင့်ကို လက်လွှတ်ခဲ့ သည့် မိခင်တစ်ဦးဖြစ်သည်။
‘‘သူ့ကိုတခြားဟာတွေမ ကြည့်နဲ့။ သားနှစ်ယောက်ကိုတစ် မြေခြားမှာထားပြီး ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးကိုဖြတ်ခဲ့တာ။ သား နှစ်ယောက်နဲ့ပြိုင်ပြီး ဆုံးဖြတ်ရ တာ သူ့အတွက် ဘယ်လောက် ခက်ခဲပင်ပန်းခဲ့မလဲ’’ဟု ရန်ကုန် မြို့နေ ဒေါ်အောင်ဆန်းစုကြည်ကို အမာခံထောက်ခံအားပေးသူက ပြောသည်။
လက်ရှိတွင်ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် ဒီချုပ်ပါ တီသည် ပါတီဝင်အင်အားတစ် သန်းငါးသိန်းကျော်ရှိနေပြီဖြစ် သည်။   လာမည့်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတပါက ဒီ ချုပ်က မဲအရေအတွက်အများစု ရနိုင်မည်ဖြစ်ကြောင်း ဒီချုပ်အမတ် ဦးဝင်းထိန်က ပြောကြားထား သည်။
လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်၊မဖြစ်ကို အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းရှိ၊ မရှိနှင့် ချိတ်ဆက်စဉ်းစားရမည် ဖြစ်ကြောင်း (၇၀) ပြည့်မွေးနေ့မ တိုင်မီရက်ပိုင်းအလို ၀ါရှင်တန်ပို့စ်သတင်းစာနှင့်တွေ့ဆုံမေးမြန်း ခန်း၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အသက်(၇၀)အရွယ်ရောက် လာသဖြင့် မည်သို့ခံစားရသနည်း ဆိုသည့်မေးခွန်းကိုမူ ၎င်းကပေါ့ ပေါ့ပါးပါးပင်အဖြေပေးသည်။
‘‘သိပ်တော့လည်းထူးထူး ခြားခြားမခံစားရပါဘူး။ ဒါပေမဲ့ ကျွန်မဒီနေ့အထိ ဖြတ်သန်းခဲ့တာ တွေက စိတ်ဝင်စားဖို့ကောင်းပါ တယ်’’
နိုင်ငံတကာမီဒီယာများက လျင်မြန်သွက်လက်ဆဲ‘‘The Lady’’ ဟုသုံးစွဲမြဲ၊ မြန်မာလူငယ်များက ‘‘အမေ’’၊ ‘‘အန်တီ’’ဟု ချစ်စနိုး ခေါ်ဝေါ်နေကြဆဲ၊ ထိုအမျိုးသမီး ကြီးမှာ မြန်မာ့လူ့အဖွဲ့အစည်းအ တွင်းက အရွယ်တူများထက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တောင့်တင်းသန်မာဆဲဖြစ်သည့်တိုင် အမေအိုစာရင်းတော့ဝင်လာပြီ ဖြစ်သည်။

၂၀၁၂    ကြားဖြတ်ရွေး ကောက်ပွဲအကြိုကာလအတွင်း က သူ့ကျန်းမာရေးအတွက်စိတ် ပူစရာအချို့ရှိခဲ့သည်။စည်းရုံးရေး ခရီးစဉ်များ ဆက်တိုက်ထွက်ခဲ့ပြီး ရာသီပြင်းလွန်း၍ ခရီးစဉ်အချို့ ရပ်နားကာ အနားယူစေခဲ့ရသည် အထိဖြစ်သည်။
ထို့ကြောင့်လည်း အသက် (၇၀)အရွယ် ရောက်လာပြီဖြစ် သည့် လူထုခေါင်းဆောင်၏ နောက်ထပ်ငါးနှစ် စိတ်ပိုင်းနှင့်ရုပ် ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအနေ အထားက ထည့်သွင်းတွက်ချက်စ ရာဖြစ်လာသည်။
ရွေးကောက်ပွဲမတိုင်မီ ခြေဥ ပြင်ဆင်နိုင်ပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နောက်ထပ် သက်တမ်းတစ်ဆက် လွှတ်တော် တွက်း ဆက်ရှိနေမည်ဆိုပါလျှင် ၂၀၂၀ ၌ အသက် (၇၅)နှစ်ရှိနေပြီ ဖြစ်သည်။ သက်ကြီးပိုင်းအရွယ် ရောက်သွားမည်ဖြစ်ပြီး အစိုးရအ ဖွဲ့တစ်ရပ်ကို ဦးဆောင်နိုင်ရန် အ ခွင့်အရေးနည်းပါးသွားကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူ ဦးကျော် လင်းဦးက ယခုကဲ့သို့သုံးသပ်ပြ သည်။
‘‘ကျွန်တော်ကတော့ ဒေါ် အောင်ဆန်းစုကြည်ကို ဒီမိုကရေ စီအတိုက်အခံဘ၀နဲ့ပဲ နိုင်ငံရေး သမားဘ၀ကို အဆုံးသတ်ပါလိ့မ်  မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံ မှာ လူထုခေါင်းဆောင်လို့ပြော နိုင်မယ့်သူ ရှားပါးပါတယ်။ ဒေါ် အောင်ဆန်းစုကြည်မဟုတ်ရင် ဘယ်သူလဲဆိုတဲ့ပြဿနာ၊ ခေါင်း ဆောင်သစ်မမွေးဖွားနိုင်တဲ့ကိစ္စ က အကျပ်အတည်းဖြစ်နေတယ်’’ ဟု ၎င်းကပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲများမှာ သမ္မတကိုပြည် သူက ရွေးကောက်တင်မြှောက် ခြင်းမဟုတ်ဘဲသမ္မတနှင့်ဒုသမ္မတ တို့ကို ရွေးချယ်တင်မြှောက်နိုင် သည့် လွှတ်တော်ကိုယ်စားလှယ် များ (Winning Polls)ကိုသာ ပြည်သူများက မဲပေးရွေးချယ်ရ ခြင်းဖြစ်သည်။ ထို့ကြောင့် ရွေး ကောက်ပွဲတွင် ဒီချုပ်မဲနိုင်ရန် အ ရေးကြီးဆုံးဖြစ်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ဦးအေးမောင် ကျော်ကပြောသည်။
‘‘ဒီကိစ္စဟာ ဒီတိုင်းပြည်ရဲ့ ကံကြမ္မာပဲလေ။ အာဏာရှင်စနစ် အငွေ့အသက်တွေရှိနေသရွေ့ ဒီ လိုပဲဖြစ်နေမှာပါပဲ။ ကျွန်တော်တို့ အသက် (၂၀) ကျော်က စစ်အုပ်စု ကို ဆန့်ကျင်ခဲ့ကြတယ်။ အခု အ သက် (၆၀) ကျော်လာပြီ။ ဒါပေမဲ့ ပြည်သူတွေအလှည့်ရောက်လာရ မှာပါ။ မဲနိုင်ဖို့အရေးကြီးဆုံးပါ’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးအေး မောင်ကျော်ကပြောသည်။
မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် အဆင်းရဲဆုံး၊ အမွဲတေဆုံးဖြစ်ပြီး တိုင်းပြည်၏ လက်ရှိအခြေအနေအရ ပြည်သူ ရော နိုင်ငံတကာကပါ လေးစား တန်ဖိုးထားအသိအမှတ်ပြုသည့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်း ဆောင်တင်ရန် လက်ရှိအာဏာရ ပါတီ၊ တပ်မတော်နှင့် တိုင်းရင်း သားခေါင်းဆောင်များက ညှိနှိုင်း သင့်သည်။
အခြေခံဥပဒေက မည်သို့ ပင်ဆိုစေကာမူ ခြွင်းချက်ထား၍ သမ္မတအဖြစ် ရွေးကောက်တင် မြှောက်နိုင်ပါက ဆင်းရဲတွင်းနွံ တွင်းနစ်နေသည့် မြန်မာနိုင်ငံမှာ အတန်အတင့် သက်သာရာရမည် ဟု ဒေါက်တာရန်မျိုးသိမ်းက ယုံ ကြည်သည်။
‘‘လက်ရှိခြေဥမှာတပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းက စစ်တပ်ယူနီဖောင်းဝတ် ပြီး တပ်ကမထွက်ဘဲ လွှတ်တော် ထဲ ၀င်ထိုင်နေလို့ရတာ အဲဒီခြွင်း ချက်ကြောင့်ပဲ။ ခြေဥတောင် ခြွင်း ချက်ထားပြီး တပ်ကိုလွှတ်တော် ထဲဝင်ခိုင်းသေးတာပဲ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစု ကြည်ကို ခြွင်းချက်အဖြစ်စဉ်းစား ပြီး ပြည်သူ့လိုလားချက်ကို ဘာ ကြောင့်ရှေးရှုမစဉ်းစားတာလဲ မေးချင်တယ်’’ဟု ဒေါက်တာရန် မျိုးသိမ်းကပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေးအပြောင်းအလဲတွင် ဒေါ် အောင်ဆန်းစုကြည်သည် အရေး အပါဆုံးလူထုခေါင်းဆောင်အ ဖြစ်၊ ပထမဆုံးအရပ်သားအစိုးရ ခေါင်းဆောင်အဖြစ် နှစ်ပေါင်း များစွာ မျှော်လင့်ခဲ့သော်လည်း ပြည်သူများ၏ ဆန္ဒမပြည့်ဝသေး ပါ။ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ခွင့်ကို ယခုအ ထိပိတ်ပင်ထားဆဲဖြစ်ပြီးအလျှော့ ပေးစေ့စပ်မည့် အရိပ်အယောင် မမြင်ရသေးကြောင်း ယနေ့ခေတ် မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးသက် ဇင်ကပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်အရ အခုချိန်မှာမှ နိုင်ငံခေါင်းဆောင်အဖြစ် ဆောင် ရွက်ခွင့်မရခဲ့ရင်၊ သူ့ကိုကန့်သတ် ထားတဲ့ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မ ပေးနိုင်ခဲ့ရင် သူ့နောက်မှာ ဒုတိယ ခေါင်းဆောင်အဖြစ် အရပ်သား စစ်စစ်ကို မွေးမြူမထားနိုင်ခဲ့တာ အခြေအနေမပေးခဲ့တာတွေ ကြောင့် မြန်မာနိုင်ငံမှာအရပ်သား စစ်စစ်ခေါင်းဆောင်ရှားပါးတဲ့ အ ကျပ်အတည်းကို ရင်ဆိုင်ရမှာပါ။ အခုကိုပဲ ဒီမိုကရက်တစ်အင်အား စုတွေမှာ ခေါင်းဆောင်မှုအကျပ် အတည်းကိုရင်ဆိုင်နေရတာ တွေ့နေရပါတယ်’’ဟု၎င်းကပြော ကြားသည်။
ထိုအကျပ်အတည်းကို ဒေါ် အောင်ဆန်းစုကြည်မည်သို့ဖြေ ရှင်းပေးသွားမလဲဆိုတာ မြန်မာ့ နိုင်ငံရေးအနာဂတ်အတွက် အ လွန်အရေးပါကြောင်း ဦးသက်ဇင် ကဆက်လက်ပြောကြားသည်။
‘‘ကျွန်တော်ကတော့ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် နိုင်တော့မယ်မထင်ပါဘူး။ သူတို့ (၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင် ရ၍ လွှတ်တော်တွင်းရောက်ရှိလာ မည့် သူများကိုဆိုလိုသည်)တွေ ဟာ စီးပွားရေးသမားတစ်ယောက်၊ ဒါမှမဟုတ် နည်းပညာရှင်တစ် ယောက်ကို သမ္မတအဖြစ်ရွေး ချယ်လိမ့်မယ်။ ပြီးရင် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို  ဒုသမ္မတအဖြစ် ရွေးချယ်ကြလိမ့်မယ်’’ဟု မြန်မာ့ အရေးကျွမ်းကျင်သူ ဆွီဒင်သ တင်းစာရေးဆရာ ဘာတေးလ် လင့်တနာက သမ္မတလောင်းခန့် မှန်းချက်ပေးသည်။
ထို့အပြင် ၂၀၁၅ အလွန်အ ခြေအနေမှာ အတိုက်အခံနှင့်အာ ဏာရပါတီအကြား အာဏာခွဲဝေ ရေးပုံစံနှင့်ဆက်သွားပြီး လွှတ် တော်နှင့်အစိုးရအဖွဲ့ကို ပူးတွဲ ထိန်းချုပ်ရန် စီစဉ်နေကြောင်း သ တင်းများထွက်ပေါ်နေသည်။ ထို အခြေအနေကို တပ်မတော်က ဘယ်လောက်အတိုင်းအတာအ ထိ ခွင့်ပြုနိုင်မလဲဆိုခြင်းကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း ဦးသက် ဇင်ကပြောသည်။
‘‘အခုကိုပဲ အသက် ၇၀။ မြန်မာပြည်ရဲ့အသက်အရွယ်ပိုင်း  အခြားအရဆို အမယ်အိုပေါ့။ နောက်ငါးနှစ်ဆို အမယ်ကြီးအို ဖြစ်တော့မယ်။ ကျွန်တော်အံ့အား သင့်တာတစ်ခုရှိတယ်။ သားသမီး တွေအားလုံးက ဒီအမယ်အိုကို မှီ ပြီးလုပ်နေတော့မှာလား။ ကိုယ့် အမေကိုယ် နည်းနည်းပါးပါးသ နားရင် သားသမီးတွေက အမေ့ တာဝန်ကိုလွှဲယူသင့်တယ်လို့ကျွန် တော်အမြဲပြောတယ်။ စိတ်လည်း မကောင်းဘူး။ ဒီခြေဥပြင်ဆင်တဲ့ မူကြမ်းဆို လွှတ်တော်မှာ လက် မှတ်တွေထိုးပြီးမှ ပိပိရိရိလိမ်တာ ကိုခံလိုက်ကြရပြီလေ’’ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်း ဇာဂနာ ကပြောသည်။
လက်ရှိနိုင်ငံရေးပကတိအ ခြေအနေအရ ဒေါ်အောင်ဆန်းစု ကြည်မှာ သမ္မတဖြစ်ရန်အခွင့်အ ရေးနည်းပါးနေပြီဖြစ်သည်။ သို့ သော် ရွေးကောက်ပွဲမတိုင်မီပုဒ်မ ၅၉(စ)ကို အချိန်မီမပြင်နိုင်ပါက စိတ်မပူပါ။ ဒီချုပ်က ရွေးကောက် ပွဲဝင်ရန်လိုပြီး ရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရရေးသာ အရေးကြီး ကြောင်း အသက် (၄၀) အရွယ် စင်ကာပူတွင်နေထိုင်သည့် ဒေါ် သီတာအောင်က ယခုကဲ့သို့ပြော သည်။
‘‘NLD နိုင်ဖို့ပဲအရေးကြီးပါ တယ်။ လက်ရှိအာဏာရှင်အစိုးရ အမှန်တကယ်ပြုတ်ကျပြီး NLD သာမဲနိုင်ရင်၊ အာဏာလည်းလွှဲ အပ်ရင် ကျွန်မတို့ပြည်သူအားလုံး ယုံကြည်ကိုးစားရတဲ့အမေစုဟာ နောက်ထပ် ရွေးကောက်ပွဲမတိုင် ခင်လေးနှစ်အတွင်း  (၂၀၁၅ မှ ၂၀၂၀ အတွင်းကိုဆိုလိုသည်) လည်း သမ္မတဖြစ်ဖို့ အခွင့်အလမ်း တွေရှိပါတယ်’’
မြန်မာ့နိုင်ငံရေးကျွမ်းကျင် သူ မစ္စတာဘာတေးလ်လင့်တနာ ကတော့ ‘‘လက်ရှိအင်အားစုတွေကတော့ သူမကို သမ္မတဖြစ်ခွင့်ပေးမှာမဟုတ်ဘူး’’ဟုဆိုသည်။






Credit - 7 DaysDaily

Saturday, December 13, 2014

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော


သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။
အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။
‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။
အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။
‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။
လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။
7days
http://7daydaily.com/story/26952#.VI0YJHvyTIU

ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော


အိမ်ခြံမြေဈေးကောင်းသော ရန်ကုန်မြို့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကွန်ဒိုမီနီယံ ဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုတိုက် ခန်းဝယ်ယူခွင့်ပြုပါက အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
၂၀၁၅ ဇန်န၀ါရီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမည့် ကွန်ဒိုမီနီယံ ဥပဒေ၌ နိုင်ငံခြားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်ခွင့် ရှိလာပြီး ယင်းအချက်သည် ပြည်သူလူထု အများထက် လူနည်းစုကိုသာ အကျိုးအမြတ်ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘အခုမြန်မာက ကွန်ဒိုတိုက် ခန်းတွေက စင်ကာပူထက် ဈေး က ဆယ်ဆလောက် ဈေးနည်း သေးတယ်။ နိုင်ငံခြားသားတွေ ၀ယ်ခွင့်ပြုလိုက်ရင် ဈေးတွေတဟုန် ထိုးတက်လာနိုင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင်များသည် တိုက် များ အမြန်ရောင်းထွက်ရန် နိုင်ငံခြားများကို ရောင်းချနိုင်ရန် ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းခြင်းဖြစ်ပြီး တိုက်ခန်းများအမြန်ရောင်းထွက်လျှင် ပြည်သူလူထုအတွက် အကျိုးရှိသည့် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျ ရောင်းချသည့် စနစ်ကိုသာ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘နိုင်ငံခြားသားတွေက ကွန် ဒိုတွေကို ဈေးကြီးပေးမယ်။ ရောင်းတဲ့သူက ပြန်ရောင်းပြီးရင် နောက်ထပ်ဈေးတစ်ခုနဲ့ ၀ယ်မယ်။ ဒီလိုအဆင့်ဆင့်နဲ့ ရောင်းဝယ်မယ်ဆိုရင် နောက်ဆုံး မြို့ပေါ်ကလူတွေ မြို့ပြင်ရောက်မယ်။ အိမ်ခြံမြေနှုန်းကမြင့်သထက် မြင့်လာမယ်။ နောက်ဆုံးခံရမှာ ပြည်သူတွေပဲ’’ ဟု ၎င်းကပြောသည်။
၂၀၁၄ ဒီဇင်ဘာအ တွင်း နိုင်ငံခြားသားကို အမြဲတမ်း နေထိုင်ခွင့် စတင် လျှောက်ထားခွင့်ပြုရာ၌ယင်းနိုင်ငံခြားများအတွက် ကွန်ဒိုတိုက်ခန်းများ၌ ၀ယ်ယူနေနိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း ဖြစ်သည်။
‘‘လက်ရှိ နိုင်ငံခြားသားတွေ က အများကြီး ၀ယ်နိုင်ဦးမှာမဟုတ်လို့ ဈေးတက်လာဖို့ မရှိ သေးဘူး။ ဒါပေမဲ့ အများအ၀ယ် လိုက်လာရင် ဈေးကွက်သဘော အရ အိမ်ခြံမြေဈေးက တက်လာ မှာပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောသည်။
ဈေးကွက်စီးပွားစနစ်အရ နိုင်ငံခြားသားများကို တိုက်ခန်း ပိုင်ဆိုင်ခွင့်ပေးသင့်ပြီး လက်ရှိဥပဒေတွင် ခြောက်ထပ်အမြင့်ထိသာ ခွင့်ပြုပေးထားကြောင်း ထို့ကြောင့် လက်ရှိ အိမ်ခြံမြေဈေးနှုန်းကို ထိခိုက်နိုင်ရန် မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
‘‘ကွန်ဒိုတိုက်ခန်းကို နိုင်ငံ ခြားသားတွေ ၀ယ်တဲ့ ပမာဏက နောက်ငါးနှစ်အတွင်းများများ စားစား မရှိလာနိုင်ဘူး။ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြို ဆိုသင့်တယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အမြဲတမ်း နေထိုင်ခွင့်အတွက် နိုင်ငံခြားသားများ ကွန်ဒို တိုက် ခန်းဝယ်ယူရာတွင် လိုအပ်ပါက ကန့်သတ်ချက်ထားသင့်ကြောင်း နှင့် မည်သည့် နိုင်ငံခြားသားမဆို ၀ယ်ယူခွင့်ပြုခြင်းသည် အိမ်ခြံမြေ ဈေးနှုန်းအတွက် စိုးရိမ်စရာဖြစ် ကြောင်း ဒေါက်တာကျော်လတ် က ပြောသည်။
7days
http://7daydaily.com/story/26969#.VI0YGnvyTIU

ရေကျောက်ပေါက်နေလို့ ရုပ်ရှင်ပရိုမိုးရှင်းပွဲ မတက်နိုင်တော့တဲ့ ဂျိုလီ


ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အန်ဂျလီ နာဂျိုလီက ၎င်းတွင် ရေကျောက် များ ပေါက်နေကြောင်းနှင့် Un-broken ရုပ်ရှင်ဇာတ်ကားနှင့် ဆိုင်သော ပွဲများသို့ တက်ရောက် နိုင်လိမ့်မည်မဟုတ်ကြောင်း ဒီဇင် ဘာ ၁၂ ရက်တွင် ပြောသည်။
‘‘လာမယ့် ရက်ပိုင်းအတွင်း မှာပြုလုပ်မယ့် Unbroken ရုပ်ရှင် ဇာတ်ကားနဲ့ဆိုင်တဲ့ ပွဲတွေကို မတက်ရောက်ဖြစ်တော့တဲ့ အ ကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်မ ရေကျောက်တွေ ပေါက်နေတာ ကို မနေ့ညက သတိထားမိလို့ပါ ပဲ။ ဒါကြောင့် ကျွန်မ အိမ်မှာပဲနေ ပြီးတော့ ရွစိရွစိနဲ့ လွမ်းနေရတော့ မှာပါ။ ဒီလိုဖြစ်တာကို မယုံနိုင် ဘူး။ ဒီဇာတ်ကားဟာ ကျွန်မအ တွက် အဓိပ္ပာယ်အများကြီးရှိ တယ်။ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ဘ၀က ဒီလိုပါပဲ’’ ဟု ဂျိုလီက ယူ ကျု့ဘ်ဗီဒီယို၌ ပြောကြားခဲ့သည်။
ဂျိုလီသည် ၃၉ စက္ကန့်အ ကြာ၌ လက်ပြနုတ်ဆက်ပြီး ဗီဒီ ယိုအမှာစကားကို အဆုံးသတ်ခဲ့ သည်။
Unbroken ရုပ်ရှင်ဇာတ် ကားမှာ အမေရိကန်အိုလံပစ် အားကစားသမား လူးဝစ်ဇမ်ပါရီနီ ၏ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်သုံ့ပန်းဘ၀ အခြေအနေကို အန်ဂျလီနာဂျိုလီက စီစဉ်ရိုက်ကူး ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသ မည်ဖြစ်သည်။
သို့ရာတွင် ယင်းဇာတ်ကား ဒါရိုက်တာနှင့် စီစဉ်ထုတ်လုပ်သူ ဖြစ်သော ဂျိုလီမှာ ရေကျောက် များ ပေါက်နေ၍ ဇာတ်ကားဆိုင် ရာပွဲများသို့ တက်ရောက်နိုင်လိမ့် မည် မဟုတ်ပေ။ 
 Ref: Reuters

လီဗာပူးနှင့်ပွဲ ဒီမာရီယာလွဲချော်မည်ဖြစ်သော်လည်း မန်ယူဒဏ်ရာရသူအချို့ ကောင်းမွန်လာ


လန်ဒန်− ယနေ့တွေ့ဆုံမည့် လီဗာပူး နှင့်ပွဲကို မန်ယူက စံချိန်တင်ကြေးဖြင့် ခေါ်ယူထားသည့် တိုက်စစ်ကစားသ မား ဒီမာရီယာ လွဲချော်မည်ဖြစ်သော် လည်း ဒဏ်ရာရကစားသမားများ လျော့နည်းလာပြီဟု မန်ယူနည်းပြ ဗန်
ဂါးလ်က ပြောသည်။
ရီးရဲလ်မက်ဒရစ်မှ ဗြိတိန်စံချိန် တင်ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့်ခေါ်ယူထားသည့် အာဂျင်တီးနားလက် ရွေးစင် ဒီမာရီယာသည် တံကောက် ကြောဒဏ်ရာ မသက်သာသေးသဖြင့် သုံးပွဲဆက်တိုက် ပါဝင်ကစားနိုင်ဦး မည် မဟုတ်ပေ။
ပရီးမီးယားလိဂ်ဖလား အကြိမ် (၂၀) ရဖူးသည့် မန်ယူအသင်းတွင် နောက်ခံကစားသမားများဖြစ်သည့် လုခ်ရှောနှင့် စမောလင်းတို့အပြင် ကွင်းလယ်လူဘလိုင်းလည်း ပါဝင်နိုင် မည်မဟုတ်ပေ။
သို့သော် ကစားသမား ၁၂ ဦးအ ထိ ပါဝင်မကစားနိုင်သည့်အချိန်ကို ဖြတ်သန်းခဲ့ရပြီးနောက် ဒဏ်ရာရ ကစားသမား များပြားမှုပြဿနာ အ ဆုံးသတ်နိုင်တော့မည်ဟု မန်ယူနည်း ပြ ဗန်ဂါးလ်က မျှော်လင့်နေသည်။
ယခုအခါ မန်ယူအသင်းတွင် ဒဏ်ရာရကစာသးမား လေးဦးသာ ကျန်ရှိတော့ကြောင်း ဗန်ဂါးလ်ကပြောသည်။
မန်ယူသည် ပရီးမီးယားလိဂ်တွင် (၁၅)ပွဲကစားပြီး ၂၈ မှတ်ဖြင့် အမှတ် ပေးဇယား တတိယနေရာတွင်ရပ် တည်နေကာ ဇယားထိပ်မှ ချယ်လ်ဆီး နှင့် ရှစ်မှတ် ကွာဟနေသေးသည်။
—Ref: Reuters

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

ယခုနှစ်အတွင်း ရဲဝန်ထမ်း၂၀ ဦး အရေးယူခဲ့ဟုဆို

 မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၄ တစ်နှစ်လုံးတွင် ရဲမှူးအဆင့်မှ အောက်ခြေ၀န်ထမ်းအထိ ရဲဝန်ထမ်း ၂၀ ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘တာဝန်ပေါ့လျော့တာ၊ ကွပ်ကဲမှု အားနည်းတာ၊ စာရိတ္တ ကြောင့် အရေးယူတဲ့ အပိုင်းတွေ ရှိတယ်’’ ဟု နေပြည်တော် တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကို အောင်က ပြောသည်။
အရေးယူခံရသော ရဲဝန်ထမ်း ၂၀ ဦးမှာ ရဲမှူးအဆင့် သုံးဦး၊ ဒုရဲမှူးသုံးဦး၊ ရဲအုပ်ခြောက်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့်များ ပါဝင်သည်။
ယင်းရဲဝန်ထမ်းများကို ရဲ တပ်ဖွဲ့မှ ထုတ်ပယ်ခြင်းမျိုးမရှိဘဲ ရာထူးလျှော့ချခြင်း၊ နယ်များသို့ ပြောင်းရွှေ့ခြင်းစသည့် အရေးယူ မှုများသာ ပြုလုပ်ခဲ့ကြောင်း ရဲမှူး ကြီး ကိုကိုအောင်က ဆိုသည်။
‘‘ဒီလို ရဲဝန်ထမ်းတွေကို အ ရေးယူတယ်ဆိုတာ စံပြအနေနဲ့ ကောင်းပါတယ်။ အမှန်တကယ် အပြစ်ရှိတဲ့သူတွေဖြစ်ဖို့ လိုတယ်။ ဖော်ထုတ်ပြီး အများပြည်သူရှေ့ မှာ ပွင့်ပွင့်လင်းလင်းဖြစ်ဖို့ လို သေးတယ်’’ ဟု အသက် (၆၂) နှစ်အရွယ် အငြိမ်းစား အစိုးရ၀န်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
အချုပ်ခန်းမီးလောင်ခြင်း၊ အချုပ်သား ထွက်ပြေးလွတ်မြောက် ခြင်း၊ ဖုန်းကတ်၊ စာရွက်စာတမ်း ဖိုးများအတွက် ငွေတောင်းခံခြင်း စသည်တို့အတွက် အရေးယူမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကျင့်ပျက်တပ်ဖွဲ့ဝင်များ ကို အရေးယူနေသည်ဆိုသော် လည်း ပြီးခဲ့သည့် နိုဝင်ဘာလအ တွင်း ဖားကန့်မြို့အခြေစိုက် မူး ယစ်ဆေးရောင်းသူ တစ်ဦးကိုဖမ်းဆီးသည့်အမှုတွင် ဖမ်းဆီးခံရ သူနှင့် ပူးပေါင်းကျူးလွန်သည်ဆို သည့် ဒုရဲအုပ်အဆင့်ရှိ မူးယစ်ရဲ တပ်ဖွဲ့ဝင်တစ်ဦးအား အထက်အ ရာရှိများက အရေးယူခဲ့ခြင်းမရှိ ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
7days
http://7daydaily.com/story/26972#.VI0YB3vyTIU

တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်


သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။
တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကား များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ်လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။
‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ် ဆနီးပါးခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကားဝယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။
 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။
ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။
တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်းရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့် သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။
7Days


Friday, November 7, 2014

ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်လိမ့်မလဲ

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။
၁။ပန်းရနံ့
တကယ်လို့ သင်ဟာ
-ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊
-၀ိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊
-သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင်
-ရှောပင်ထွက်တိုင်း ၀ယ်ဖြစ်တဲ့ အင်္ကျံဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင်
ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ၀ယ်ယူလိုက်ပါ။

၂။သစ်သီးရနံ့
တကယ်လို့ သင်ဟာ
-နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင်
-မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင်
-ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင်
-သန့်ရှင်းပြီး ပေါ်လွင်တဲ့ အင်္ကျံမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင်
-အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင်
သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။

၃။အုံမှိုင်းပြီး စိမ်းစိမ်းစိုစို ဖြစ်စေတတ်တဲ့ရနံ့
တကယ်လို့ သင်ဟာ
-မှုန်မှိုင်းတဲ့ ရာသီမျိုးကို သဘောကျတယ်ဆိုရင်
-သစ်တော၊ သစ်ရိပ်လေးတွေကို သဘောကျတယ်ဆိုရင်
-လက်ဝတ်ရတနာတွေက ကျောက်တုံးပုံစံလေးတွေ၊ သူများတွေ ၀တ်လေ့မရှိတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံတွေဆိုရင်
-သောက်နေကျ အရာက လက်ဖက်ရည်ကြမ်းလိုအရာမျိုးဆိုရင်
-အိမ်ထဲမှာ treadmill နဲ့လမ်းလျှောက်ရတာထက် စိမ်းလန်းတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်ရတာ သဘောကျတယ်၊ တောင်တက်ရတာမျိုးတွေ နှစ်ခြိုက်တယ်ဆိုရင်တော့
ခုနပြောပြထားတဲ့ ကိုယ့်ကိုအုံမှိုင်းပြီး စိမ်းစိမ်းစိုစိုဖြစ်စေတဲ့ ခံစားချက်မျိုး၊ ရနံ့မျိုးပေးနိုင်တဲ့ ရေမွှေးကို ရှာဆွတ်ပါ။

၎။အရှေ့တိုင်းဆန်တဲ့ ရနံ့
တကယ်လို့သင်ဟာ
- ညဘက်နောက်ကျမှ အမြဲ အိပ်ရာဝင်တတ်တဲ့သူဆိုရင်
-ဖယောင်းတိုင်းတွေ ထွန်းပြီး နေရတာကြိုက်တယ်၊ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ သဘောကျတယ်။
-သွားနေကျစားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ရွှေရောင်၊ ငွေရောင်အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသလို ၊ ပိုးသား၊ ဖဲသားလို အစမျိုးတွေနဲ့လည်း အလှဆင်ထားတယ်။
-ဆောင်းတွင်းကို နှစ်သက်ပေမယ့် နှင်းကြောင့်မဟုတ်ပဲ မီးလင်းဖိုအလှကို ခံစားရင်း နွေးနွေးထွေးထွေးနေချင်တာကြောင့် ဖြစ်တယ်ဆိုရင်
သင်ဟာ အရှေ့တိုင်းဆန်တဲ့ ရနံ့စူးစူးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
Ref:womenshealthmag.com

နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့် နေပြီဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဝတ်ရုံတော်ပြုပြင်ရန် ပြည်ပနည်းပညာ အကူအညီများ လိုအပ်နေ


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

  မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ပြုပြင်ရန် ပြည်ပနိုင်ငံ၏ နည်းပညာ အကူအညီများ လိုအပ် နေကြောင်း ရန်ကုန် အမျိုးသား ပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် က ပြောသည်။

အဆိုပါ ၀တ်ရုံတော် များကို ပြုပြင်ရန် ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် လေ့လာခဲ့ သော်လည်း ၄င်းတို့မှာ မည်သို့ ထိန်းသိမ်းရမည် ဆိုသည့် အချက်ကိုသာ ပြောကြားခဲ့ပြီး ပြုပြင်ရန် အဆင့်သို့ မရောက်ရှိ ခဲ့ကြောင်း သိရသည်။

''သီပေါမင်းနဲ့ စုဖုရားလတ် တို့ရဲ့ နန်းတွင်းဝတ် မဟာလတ္တာ ဝတ်ရုံ က အဝတ် ဆိုပေမယ့် ရွှေ၊ ငွေ၊ ကြေး အစရှိတဲ့ သတ္တုတွေ အများကြီး ပေါင်းစပ်ချုပ်လုပ် ထားတာ ဖြစ်တော့ သူတို့လုပ်ဖို့ အခက်ခဲ ရှိတယ်။ ပညာရှင် ကောင်းကောင်း ရှိမှရမယ်။ ဒီ ဝတ်ရုံတွေက နှစ်တွေ ကလည်း ကြာပြီ၊ ရှေးဟောင်း ပစ္စည်း တွေကလည်း ဖြစ်နေပြီ ဆိုတော့ ပျက်စီးသွား မှာကို စိုးရိမ်ကြတဲ့ အတွက် ပြုပြင်ဖို့ လိုအပ်နေ တာပါ။ လုံးဝပျက်စီး နေတာတော့ မဟုတ်သေး ပါဘူး။ အဲဒီလိုမျိုး ရှေးဟောင်း ပစ္စည်းတွေ ကောင်းကောင်း ကျွမ်းကျင်တာ ကတော့ အမေရိကန်နိုင်ငံ ရှိတယ်။ ဒါကြောင့် အကူအညီ ပေးဖို့ အတွက် ကမ်းလှမ်း သွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ အချိန်တွင် ရန်ကုန် အမျိုးသား ပြတိုက်ရှိ တာဝန်ရှိသူ များသည် အဆိုပါ ဝတ်ရုံများကို ပြုပြင် ပေးနိုင်သည့် အမေရိကန်၊ အင်္ဂလန် နှင့် ဂျာမနီ စသည့်နိုင်ငံ များရှိ ပညာရှင်များ ကိုလည်း ပြုပြင် ပေးနိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်သည်။ အဆိုပါ ဝတ်ရုံများကို ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် ပြသထားပြီး ယင်း ဝတ်ရုံများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် ပစ္စည်း အမျိုးစား ၂ဝဝဝ ကျော်ကိုလည်း ပြသ ထားကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_81.html

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်မည်


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြား လာလျက်ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင် ရွက်လျက် ရှိသည့်အပြင် သတ်မှတ် ထားသည့် စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မိုးပျံလမ်းစီမံချက် များကို ကမ်းနားလမ်း၊ (ပုံ) ဗိုလ်တထောင်ဈေးလမ်း မှ အနော်ရထာလမ်း အထိ အပိုင်းနှစ်ပိုင်း ခွဲခြားကာ တည်ဆောက် သွားရန် လျာထား လုပ်ဆောင်လျက် ရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေပေါ် မူတည်၍ လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နေရာကို သတ်မှတ်ချက် ထားကာ နောက်ပိုင်းကာလ များတွင် ယာဉ်ကြောကျပ်သည့် နေရာများ၌ ပါ လုပ်ကိုင် ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိလာပါက ဆက်လက် အကောင်အထည်
ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ မိုးပျံလမ်း တည်ဆောက်ရန် လျာထားသည့် Phase 1 တွင် ၃ ကီလိုမီတာ ရှည်ပြီး Phase 2 တွင် ၂ ဒသမ ၅ ကီလိုမီတာ ရှည်မည်ဖြစ်သည်။ ၄င်း လမ်းပိုင်းကို တည်ဆောက် ရာတွင်လည်း အတက်အဆင်း နေရာများမှာ ပုံမှန် တစ်သမတ်တည်း မဟုတ်ဘဲ လေးနေရာအထိ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံတံတား တည်ဆောက်ရန် အကြမ်းဖျင်း သတ်မှတ်ထားသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၆ သန်း ကုန်ကျနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ တွက်ချက် ရာတွင်လည်း ၁ ကီလိုမီတာ လျှင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၁ သန်း ခန့်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကြေး အမြောက်အမြား ကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတရုံး နှင့် ဝန်ကြီးဌာနများမှ အကူအညီများ
ထောက်ပံ့ ပေးအပ်ရန် လိုအပ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
http://myawady-myawady.blogspot.com/2014/11/blog-post_76.html

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နုတ်ထွက်ရန် မိသားစုဝင်များက ပြောကြားခဲ့ ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၅

နို   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို သိရှိခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီးအကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ်က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ ဒီပြောတာတွေကိုသာ လိုက်နားထောင်နေလို့ စိတ်ပျက်နေလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ကြားကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်းတယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံးရလဒ် ကျမှသာလျှင် ဒီစနစ်မျိုးမှာ ဘယ်အစိုးရပဲ တက်တက် ဒီလိုပဲလာ မှာပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရ လက်ထက်က ပြောဆိုရေးသားသော မီဒီယာများကို ကန့်သတ်မှုများသည် ဒီမိုကရေစီ စနစ်မဟုတ်၍သာ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်းက သူကရှင်းရှင်းလေးပဲ စစ်အစိုးရပဲ။ စစ်အစိုးရဆိုတော့ စစ်အစိုးရလိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့အတွက် မလုပ်သင့်တဲ့ကိစ္စ သူမလုပ်ဘူး။ လုပ်သင့်တဲ့ကိစ္စ သူလုပ်မယ်။ စည်းလွတ်ဝါးလွတ်တော့ မလုပ်နဲ့ပေါ့။ အယ်ဒီတာဆိုတာ ရှိတာပဲ။ လူသစ်တွေကို အယ်ဒီတာမှာ ပြုပြင်ပေးဖို့၊ သင်တန်းပေးဖို့ တာဝန် ရှိတယ်။ အယ်ဒီတာဆိုတာ ဒီအတွက် ခန့်ထားတာပဲလေ””ဟု အဆိုပါ ပြည်ထောင်စုအဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့်သို့ အကြံပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက်က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။

MH-0011

ပုံညွှန်းစာ - ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်၌ သမ္မတဦးသိန်းစိန် ၏ ဆွေမျိုးများပါဝင်သော ရှင်ပြုအလှူပွဲတစ်ခုသို့ တက်ရောက်နေသည်ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲ၊ အရှည်မြန်အောင် လုပ်နိုင်တယ်ဆိုတာရော ဟုတ်ရဲ့လား

ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။

Thursday, October 16, 2014

ပျဉ်းမနားပရိသတ်ကို တောင်းပန်တဲ့ Rဇာနည်


ပျဉ်းမနားနှစ်ကျိပ် ရှစ် ဆူပွဲနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် တွင် တင်ခဲ့သော အကြောင်းအ ရာမှာ စနောက်၍ တင်ခဲ့ခြင်းဖြစ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို တောင်းပန်ကြောင်း Rဇာနည်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျဉ်း မနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် မိုးအ လင်းဖျော်ဖြေရသည့် အကြောင်း အရာကို ‘‘ပျဉ်းမနား မိုးဖင်မိုးလင်း ပွဲကြီး တိုက်ပွဲကြီးစရန် နာရီပိုင်း သာ လိုတော့သည်။ ကဲ..ကိုနိုင်ဇော် မျောက်ပွဲစပြီနော်’’ စသဖြင့် ရေးသားခဲ့ရာ ယင်းကိစ္စကို ပျဉ်းမနား ပရိသတ်များက မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
‘‘ပျဉ်းမနားမှ ပရိသတ်ထု ကြီးအား ကျွန်တော်Rဇာနည်မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ မည်သို့မှ နစ်နာသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်ပါ။ ကိုယ့် Wall ပေါ်မှာ ကိုယ့်Friends များနှင့် စနောက် လိုစိတ် ပိုပြီး ရေးမိခြင်းကြောင့် ချစ်လှစွာသော ပျဉ်းမနားတေး ချစ်ပရိသတ်ထုကြီးအား တောင်း ပန်ပါတယ်ခင်ဗျာ’’ ဟု အောက် တိုဘာ ၁၄ ရက်ညက Rဇာနည်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
အဆိုတော် Rဇာနည်သည် ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတွင် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး နှစ်ရက်စ လုံးပရိသတ်စိတ်ကြိုက် မိုးအလင်းသီဆိုပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် ဇော်ပိုင်နှင့်   နှစ်ယောက်တွဲဖျော်ဖြေပွဲ တွင် ပြောကြားခဲ့သည်။

ဆူဇူကီးဖလားတွင် အကဲဖြတ်ရမည့် မြန်မာ့ခြေစွမ်း


အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ (ယခင် တိုက်ဂါးဖလား)တစ်လျှောက် တတိယအကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအဆင့်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်နေပါပြီ။
ဒေသတွင်း လက်ရွေးစင်အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ယင်းပြိုင်ပွဲကို ၂ နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲက (၁၀)ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲကိုးကြိမ်အနက် နှစ်ကြိမ် (၁၉၉၈-၂၀၁၂)တို့တွင် ခြေစစ်ပွဲအဆင့်မှ ၀င်ပြိုင်ခဲ့ရပြီး ယခုနှစ်တွင် သုံးကြိမ်မြောက်ခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ရခြင်းလည်းဖြစ်သည်။
၂၀၁၄ ဆူဇူကီးခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၁၂ ရက်မှစတင်ကာ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနှင့် အောက်တိုဘာ ၁၄ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ (ဂျာနယ်ထွက်ရှိချိန်တွင် မြန်မာ- တီမောပွဲစဉ် ကစားပြီးဖြစ်ပါမည်။)
ခြေစစ်ပွဲအဆင့်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် တီမောအသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အမှတ်အများဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် (၁၉၉၈၊ ၂၀၁၂) ခြေစစ်ပွဲနှစ်ကြိမ်တွင် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းက အိမ်ကွင်းတွင်ဖြစ်ပြီး ယခုနှစ်ခြေစစ်ပွဲစဉ်များကို လာအို(အဝေးကွင်း)တွင် သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၃ ဖြစ်ပြီး ခြေစစ်ပွဲဝင် အသင်းငါးသင်းတွင် အမြင့်ဆုံး ရပ်တည်နေသော်လည်း ခြေစစ်ပွဲအောင်မြင်ရန် လွယ်ကူမည်ဟု မသတ်မှတ်နိုင်ကြောင်း မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်ကပြောထားသည်။
‘‘အသင်းတိုင်းမှာ အခွင့်အရေးရှိပါတယ်။ အိမ်ရှင်လာအိုအသင်းကတော့ ရေပန်းစားမှုပိုတာပေါ့။ ဒါပေမဲ့ မြန်မာကစားသမားတွေ အကောင်းဆုံးလုပ်နိုင်မှာပါ’’ဟု ပြိုင်ပွဲမတိုင်မီ အေဗရာမိုဗစ်ကပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ကာလရှည်ပျောက်ဆုံးနေသည့် မြန်မာ့လက်ရွေးစင်အသင်း နိုင်လိုစိတ်ပြင်းထန်မှုနှင့် စိတ်ဓာတ်ပိုင်းကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ဆူဇူကီးဖလားခြေစစ်ပွဲစဉ်တွင် ဆက်လက်မြင်တွေ့ရရန် မျှော်လင့်ထားကြောင်း မြန်မာဘောလုံးပရိသတ်တစ်ဦးကပြောသည်။
နည်းပြသစ်အေဗရာမိုဗစ် လက်ထက်တွင် အေအက်ဖ်စီချဲ့လင့်ဖလားပြိုင်ပွဲ၌ အုပ်စုမှ ထွက်ခဲ့ရသော်လည်း ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။ ငြိမ်းချမ်းရေးဖလားတွင် နှစ်ပွဲသာယှဉ်ပြိုင်ခဲ့သော်လည်း မြန်မာအသင်း၏ နိုင်လိုစိတ်ပြင်းထန်မှုက ပြိုင်ဘက်နှစ်သင်းထက် သာလွန်ခဲ့သည်။
အေဗရာမိုဗစ်က မြန်မာအသင်း၏ စုစည်းမှုနှင့် အသင်းလိုက်စိတ်ဓာတ်ပိုင်းက တိုးတက်မှုရှိလာပြီး အားနည်းသည့် နောက်တန်းအနေအထားကလည်း ယခင်ထက် ပိုမိုတည်ငြိမ်လာပြီဖြစ်ကြောင်း ဆိုသည်။
သို့သော် ပွဲစဉ်ဇယားအရ  မြန်မာအသင်းသည် ပြိုင်ပွဲပထမရက်တွင် မကစားရသော်လည်း နောက်ပိုင်းပွဲစဉ်များအား လေးပွဲဆက်တိုက်(တစ်ရက်ခြား) ကစားရမည်ဖြစ်ရာ ကစားသမားများ၏ ကြံ့ခိုင်မှုအနေအထားနှင့် ဒဏ်ရာပြဿနာအတွက် စိုးရိမ်ဖွယ်ရာရရှိကြောင်း အားကစားကလောင်ရှင် အလင်းဖြူက သုံးသပ်သည်။
ဆူဇူကီးဖလားခြေစစ်ပွဲ ပြိုင်ပွဲပထမရက်တွင် မြန်မာအသင်း ပွဲစဉ်မပါဝင်သော်လည်း အောက်တိုဘာ ၁၄ ရက်မှစတင်ကာ တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုအသင်းများနှင့် ဆက်တိုက် (တစ်ရက်ခြား) ယှဉ်ပြိုင်ရမည်ဖြစ်သည်။
‘‘ပွဲစဉ်အနေအထားကတော့ မြန်မာအသင်းအတွက် ခက်ခဲတဲ့အနေအထားပါ။ ပွဲစဉ်ဇယားအရ မြန်မာအသင်းရဲ့ကြံ့ခိုင်မှုအနေအထားက စိုးရိမ်စရာရှိပါတယ်။ ပြိုင်ပွဲအတွင်း အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့လည်း ဆုတောင်းရမှာပါ။ မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်မီအထိ ခြေစစ်ပွဲအောင်မြင်ဖို့ မသေချာသေးဘူးဆိုရင်တော့ အိမ်ရှင်လာအိုနဲ့ နောက်ဆုံးပွဲစဉ်မှာ ဖိအားပိုဝင်နိုင်ပြီး တော်တော်ရုန်းကန်ရမယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်’’ဟု အလင်းဖြူကပြောသည်။
‘‘နည်းပြရဲ့ ဗျူဟာပိုင်းကလည်း အရေးကြီးတဲ့အတွက် ဆူဇူကီးခြေစစ်ပွဲမှာ မိုဗစ်ရဲ့ အရည်အချင်းကို စောင့်ကြည့်ရမှာပါ။ မိုဗစ်ရဲ့ အဓိကပြိုင်ပွဲကလည်း ဆူဇူကီးဖလားပြိုင်ပွဲဖြစ်ပါတယ်။ ခြေစစ်ပွဲဝင်အသင်းတွေကလည်း ပြင်ဆင်ထားကြတာဆိုတော့ အရမ်းကွာခြားမှုမရှိပါဘူး။ အမှားများတဲ့အသင်း ခံရမယ်ထင်တယ်’’ဟု ဘောလုံးနည်းပြ ဆရာဦးတင်ငြိမ်းကသုံးသပ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ၁၉၉၆ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အာဆီယံအလွတ်တန်းဘောလုံးပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ခုနှစ်ပြိုင်ပွဲက အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိခဲ့ခြင်းသာဖြစ်ပြီး ကျန်ပြိုင်ပွဲများတွင် အုပ်စုအဆင့်အား ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။
မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုနောက်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့်အတွက် ယခုနှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
၂၀၁၄ ဆူဇူကီးနောက်ဆုံးအဆင့်ပြိုင်ပွဲများကို လာမည့် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လက်ခံကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအဆင့်တွင် အုပ်စုပထမရအသင်းအနေဖြင့် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်း ပါဝင်သည့် အုပ်စု(ခ)တွင် ကျရောက်မည်ဖြစ်ပြီး အုပ်စုဒုတိယအသင်းအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းများ ပါဝင်သည့် အုပ်စု(က)တွင် ကျရောက်မည်ဖြစ်သည်။
လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ မကျော်လွန်နိုင်ခဲ့ပေ။ လာအိုမြေက မြန်မာဘောလုံးအသင်းအတွက် ခက်ခဲသည့် မှတ်တမ်းရှိထားသည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာအိုနိုင်ငံတွင် ယှဉ်ပြိုင်ရသည့် ဆူဇူကီးဖလားခြေစစ်ပွဲစဉ်များကိုမူ မည်ကဲ့သို့ ဖြတ်သန်းမည်လည်းဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာအသင်း၏ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များ
၁၄.၁၀.၁၄ (မြန်မာ-တီမော)
၁၆.၁၀.၁၄ (မြန်မာ-ဘရူနိုင်း)
၁၈.၁၀.၁၄ (မြန်မာ-ကမ္ဘောဒီးယား)
၂၀.၁၀.၁၄ (မြန်မာ-လာအို)
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း
ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်။
နောက်တန်း- ဇော်မင်းထွန်း၊ အောင်ဇော်၊ နေမျိုးအောင်၊ ၀င်းမင်းထွဋ်၊ စည်သူအောင်၊ ရဲဝင်းအောင်၊ ခင်မောင်လွင်။
အလယ်တန်း- ရန်အောင်ကျော်၊ မင်းမင်းသူ၊ အောင်ကျော်နိုင်၊ တင်ဝင်းအောင်၊ နန္ဒလင်းကျော်ချစ်၊ ဒေးဗစ်ဒန်း၊ ချစ်စုမိုး၊ ကြည်လင်း။
ရှေ့တန်း-  ကျော်ကိုကို၊ စိုးမင်းဦး၊ ရန်ပိုင်။

ဗိုလ်မှူးကြီး တိုက်ဂါးကို ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကနေ ထုတ်ပယ်


KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီက ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးကို တပ်စည်းကမ်း ဖောက်ဖျက်မှု ၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ကျဆင်းစေမှုစတဲ့ အကြောင်းပြ ချက်တွေနဲ့ ထုတ်ပယ်လိုက်တယ်လို့ သိရပါ တယ်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့လို့ အခုလို ထုတ်ပယ်တာဖြစ်နိုင်ကြောင်း KNU/KNLA-PC ကောင်စီဝင်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ထွက်ခွာသွားခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီက RFA ကို ပြောပါတယ်။

"ဗိုလ်ချုပ် ဘော်ကျော်က ဆရာမ ကပေါ်ထူးကို လက်မှတ်ထိုးခိုင်းတယ်၊ ဆရာမ ကပေါ်ထူးက မထိုးဘူး၊ ဆရာမက မထိုးတော့ ဗိုလ်တိုက်ဂါးက ကရင်တွေစည်းလုံးတာ ကောင်းတယ်၊ ကရင်တွေအားလုံး တစ်ဖွဲ့တည်းဖြစ်တာ ကောင်းတယ်ဆိုပြီး သူ့အထူးဗျူဟာအနေနဲ့ လက်မှတ်ထိုးတော့ တိုက်ဂါးကိုမောင်းထုတ်တယ်၊ အမိန့်ကိုမနာခံလို့ ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့တွေ့ရတယ်"

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ဗိုလ်မှူးကြီး တိုက်ဂါးက ကော်သူးလေ တပ်မတော်ဖွဲ့စည်းရာမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီ ကပြောပါတယ်။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီရဲ့ မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒို ကတော့ ဗျူဟာမှူး ဗိုလ်မှူး တိုက်ဂါးကို အဖွဲ့ ကနေထုတ်လိုက်တာမဟုတ်ပဲ သူတို့ဌာနချူပ်နဲ့  အဆက်အသွယ်မရတဲ့အတွက် ခေတ္တအနားပေးထားတာဖြစ်တယ်လို့  RFA ကိုပြောပါတယ်။

"တိုက်ဂါးကို အဖွဲ့ကထုတ်လိုက်တာ မဟုတ်ဘူး၊ အနားပေးလိုက်တာဗျ၊ သူ့တစ်ယောက်ထဲပဲ၊ သူ့ရဲဘော်တွေနဲ့ ဗျူဟာနဲ့ မဆိုင်ဘူး၊ ဗျူဟာမှူးကို ခဏအနားပေးထားတယ်ဆိုတာက သူနဲ့မတွေ့ရသေးလို့၊ ဒီအချိန်မှာက သူနဲ့ဆက်သွယ်ဖို့ကလည်းမရှိသေးဘူး၊ ဗျူဟာမှူးလည်း ဘယ်ရောက်နေလဲ မသိတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မရသေးလို့ ခဏအနားပေးလိုက်တဲ့သဘောပါ"

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးတိုက်ဂါးဟာ ဒီကေဘီအေအဖွဲ့ နဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေဟာလဲ မဟုတ်ဘူးလို့  မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒိုက ပြောပါတယ်။

ဗိုလ်မှူးကြီးတိုက်ဂါး နဲ့ ဗိုလ်မှူးချုပ်ဟောင်းတင်မိုသီတို့နှစ်ဦးလုံး ကော်သူးလေတပ်မတော်မှာ တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ KNLA က ဒုတိယစစ်ဦးစီးချုပ်၊ KNDOနဲ့ DKBA တို့က စစ်ဦးစီးချုပ် တွေနဲ့ KNU/KNLA-PC က ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတို့က ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127